ရောဂါပိုး အန္တရာယ် သစ်သီးဝလံတွေကို စိုက်ပျိုးတဲ့အဆင့်တိုင်းမှာ ပြင်ပရောဂါပိုးတွေ ပါဝင်သွားတတ်တာကိုလည်း သိထားသင့်ပါ တယ်။ စိုက်ပျိုးထွန်ရက်တဲ့နေရာမှာ သုံးတဲ့ နောက်ချေးတွေကနေဖြစ်ဖြစ်၊ အပင်ထဲထည့်သွင်းပေးတဲ့ ဓာတ်မြေသြဇာက မသန့်ရှင်းရင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး သစ်သီးဝလံကို ရိတ်သိမ်းတဲ့အခါ ကိုင်တွယ်တဲ့ အလုပ်သမားရဲ့ လက်ကနေပဲဖြစ်ဖြစ် ရောဂါပိုးမွှားတွေ ကပ်တွယ်ပါလာနိုင်ပါတယ်။
ဒီလိုအသီးအနှံတွေကို သေချာ မဆေးကြောဘဲ စားသုံးလိုက်မိရင် ကိုယ့်ခန္ဓာကိုယ်ထဲကိုပါ ပိုးမွှားတွေဝင်ရောက်သွားနိုင်တယ် မဟုတ်လား။ ဒါ့ကြောင့် ဘယ်အသီးအနှံပဲဖြစ်ဖြစ် မစားခင် ရေနဲ့သေချာဆေးကြောရမယ်နော်။
သစ်သီးဝလံထဲမှာ အတွေ့ရဆုံး ပိုးမွှားတွေကတော့ E.coli၊ Salmonella နဲ့ Listeria ဆိုတဲ့ ၃ ကောင်ပါ။ ဒီ ၃ ကောင် ကိုယ်ထဲဝင်သွားရင် နေထိုင်မကောင်းဖြစ်စေနိုင်ပါတယ်။ ၅ နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ၆၅ နှစ်အထက်လူကြီးတွေနဲ့ နာတာရှည်ရောဂါတစ်ခုခုရှိသူတွေမှာ ပိုစိုးရိမ်ရပါတယ်။ ရောဂါလက္ခဏာတွေကတော့
- ဗိုက်အောင့်ခြင်း
- ဝမ်းလျှောခြင်း
- အော့အန်ခြင်း
- ဖျားနာခြင်း
- ခေါင်းကိုက်ခြင်း
- ကိုက်လက်နာကျင်ကိုက်ခဲခြင်း စတာတွေခံစားရမှာပါ။ ရောဂါပိုးကူးစက်တာပိုပြင်းထန်ရင်တော့ လည်ပင်း/ဇက် တောင့်သွားခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်မေ့မျောခြင်းတွေ ခံစားရတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။