backup og meta

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

လူရှေ့မရှောင် သူရှေ့မရှောင်ယားယံလာလို့ တင်ပါးကို ကုတ်နေရပြီလား။ လူအတော်များများ ဒီလို ယားဖူးကြမှာပါ။ နေမထိ ထိုင်မသာနဲ့ ကသိကအောင့်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ စအိုယားခြင်း ကို ဘယ်လိုကုသဖြေရှင်းနိုင်မလဲဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။

တင်ပါး(စအို)ယားခြင်းက ကျန်းမာရေးပြဿနာကြောင့်လည်းဖြစ်နိုင်သလို နေထိုင်မှုပုံစံကြောင့်လည်းဖြစ်တတ်ပါတယ်။ ဆေးပညာအရ pruritus in ani လို့ခေါ်ဆိုတဲ့ ဒီပြဿနာက လူကြားထဲမှာဖြစ်ရင် ကုတ်ရလည်းအခက်၊ ဒီတိုင်းနေပြန်တော့လည်း အနေရခက်နဲ့ အတော်လေးဒုက္ခရောက်ရပါတယ်။ အရေပြားပြဿနာ၊ လိပ်ခေါင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အစားအသောက်၊ ကူးစက်ရောဂါ စတဲ့အကြောင်းတွေကြောင့် တင်ပါး(စအို)ယားတတ်ပြီး ဖြစ်ပွားတဲ့ အကြောင်းရင်းကိုလိုက်ပြီး  ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ၊ သက်သာအောင်လုပ်လို့ရမလဲဆိုတာ ပြောပြပါ့မယ်။

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ ဆိုတော့

များသောအားဖြင့် မှို၊ ပိုးမွှား၊ ကပ်ပါး တစ်မျိုးမျိုးကူးစက်ခံရလို့ဖြစ်ရတာပါ။ ဒီအတွက်ကြောင့် ကူးစက်ခံရတဲ့ အကောင်ကိုနှိမ်နင်းပြီးကုသလိုက်လို့ရပါတယ်။ ယားယံတာသက်သာအောင် စတီးရွိုက်ပါတဲ့ လိမ်းဆေးလိမ်းပေးလို့လည်းရပါတယ်။

  • အရေပြားပြဿနာ

အရမ်းညစ်ပတ်တဲ့သူရော၊ အရမ်းသန့်တဲ့သူရော တင်ပါး(စအို)ယားနိုင်ပါတယ်။ ရှင်းပြပါ့မယ်။ အိမ်သာတက်ပြီး ရေသေချာမဆေးကြောရင်၊ အညစ်အကြေးကို ပြောင်စင်အောင်မသုတ်ခဲ့ရင် အရေပြားမှာ ပိုးတွေပေါက်ပွားလာပြီးယားယံနိုင်ပါတယ်။

ဒီလိုမဟုတ်ဘဲ တအားအသန့်လွန်ပြီး တင်ပါး(စအို)ကို အမွှေးဆပ်ပြာဆီနဲ့ ခဏခဏဆေးကြောမယ်၊ စက္ကူနဲ့ ပြင်းပြင်းထန်ထန်ပွတ်တိုက်မယ်ဆိုလည်း အရေပြားပါးလာပြီး တင်ပါး(စအို)ယားတတ် ပါသေးတယ်။ ဒါ့ကြောင့် တင်ပါး(စအို)ဆေးတာ တော်ရုံသင့်ရုံပဲ ကောင်းပါတယ်။ ရေသန့်သန့်နဲ့ ညင်ညင်သာသာဆေးပြီး အဝတ်သန့်သန့် (ဒါမှမဟုတ်) တစ်ရှူးနဲ့ ရေခြောက်အောင်သုတ်လိုက်ရင် လုံလောက်ပါပြီ။

ကော်ဖီ၊ ကိုကာကိုလာ၊ အရက်၊  ချောကလက်၊ အပူအစပ်တွေနဲ့ ဝမ်းလျှောစေတဲ့ အစားအသောက်တွေကို ဆင်ဆင်ခြင်ခြင်စားပါ။ ဝမ်းမချုပ်အောင်နဲ့ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဂရုစိုက်ရပါမယ်။

ဒါဆိုရင်တော့ ဆေးကုသမှုခံယူဖို့  လိုအပ်ပါပြီ။ တင်ပါး(စအို)ယားယံနေရတဲ့အဓိက အကြောင်းရင်းက လိပ်ခေါင်းကြောင့်ဖြစ်တာသေချာရင် လိပ်ခေါင်းအလုံးကို သားရေကွင်းပစ်ကုသတာ (banding) ဒါမှမဟုတ် ခွဲစိတ်ပြီးဖယ်ရှားပစ်တာ လုပ်ဖို့လိုအပ်နိုင်ပါတယ်။ ဘယ်ကုသနည်းက ကိုယ့်အတွက် ပိုအဆင်ပြေနိုင်မလဲဆိုတာ သိအောင် ခွဲစိတ်ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။

ဝမ်းချုပ်ပြီးအရမ်းညှစ်ရတဲ့အခါမှာ စအိုလမ်းကြောင်းအတွင်းနံရံတွေ အက်ကွဲသွားတတ်ပါတယ်။ ဒီလို ကွဲသွားရင် ယားလည်းယားသလို နာကျင်မှုလည်းခံစားမှာပါ။ တင်ပါး(စအို)ကွဲတာ သိပ်အခြေအနေမဆိုးရင် လိမ်းဆေး၊ သောက်ဆေးလောက်နဲ့ ပျောက်ပါတယ်။ ကွဲသွားတာ အရမ်းကြီးရင်တော့ ခွဲစိတ်ကုသရမှာပါ။

  • ဂရင်ဂျီနာ

စအိုလမ်းကြောင်းထဲမှာ ပိုးဝင်လို့ ပြည်တည်နာဖြစ်ပြီး ပြည်တည်တဲ့လမ်းကြောင်းက အပြင်အရေပြား အထိပေါက်ထွက်သွားရင် ဂရင်ဂျီနာဖြစ်လာပါတယ်။ ဒီအခါမှာ စအိုလမ်းကြောင်းတွင်းက အရည်တွေ အပြင်ကိုစိမ့်ထွက်ပြီး တင်ပါး(စအို)ယားယံမှု ဖြစ်ပါတော့တယ်။ ဂရင်ဂျီနာဖြစ်ရင် ခွဲစိတ်ကုသမှုခံယူတာ အသင့်တော်ဆုံးပါ။

စအိုယားခြင်းကို သက်သာစေမဲ့ နည်းလမ်းများ

တင်ပါး(စအို)ယားမှုကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒါတွေကတော့

  • ယားတဲ့နေရာကို petroleum ဂျယ်လီလိမ်းပေးလို့ရပါတယ်။
  • မကုတ်ဖို့ကြိုးစားကြည့်ပါ။ ဟုတ်ပါတယ်။ ကြားရတာနည်းနည်းတော့ ထူးဆန်းသလိုဖြစ်နေပေမဲ့ တင်ပါး(စအို)ယားတဲ့ ပြဿနာက ယားလို့ကုတ်ရင် ပိုယားတတ်ပါတယ်။ အထူးသဖြင့်  ညဖက်အိပ်ချိန်တွေမှာဆိုရင် ကိုယ့်ဖာသာတောင်မသိလိုက်ဘဲ ကုတ်မိတတ်ပါတယ်။ ကုတ်လိုက်တဲ့အခါမှာ လက်သည်းကြားက အညစ်အကြေးတွေနဲ့ ထိတွေ့ပြီး တင်ပါး(စအို) ယားယံတာ ပိုဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် ညဖက်အိပ်ရင် နူးညံ့တဲ့ချည်သားလက်အိတ်လေး ဝတ်အိပ်သင့်ပါတယ်။ ဒါဆို ယားလို့ကုတ်ရင်တောင် လက်သည်းကြားက ပိုးမွှားတွေမဝင်နိုင်တော့ဘူးပေါ့။
  • အမျှင်ဓာတ်များများပါတဲ့ အစားအသောက်တွေစားပေးပါ။ အပေါ်မှာ ပြောခဲ့သလိုဘဲ ဝမ်းကျန်းမာရေးကောင်းမှ တင်ပါး(စအို)ယားတာ မဖြစ်မှာပါ။ အမျှင်ဓာတ်ပါတဲ့အစားအသောက်တွေက ဝမ်းချုပ်၊ ဝမ်းလျှောတာကို ကာကွယ်နိုင်ပြီး အူလမ်းကြောင်းလှုပ်ရှားမှုကို အားပေးတဲ့အတွက် ကျန်းမာရေးအတွက်သင့်တော်ပါတယ်။
  • အတွင်းခံကျပ်ကျပ်တွေ မဝတ်ပါနဲ့။ ဖြစ်နိုင်ရင် ချည်သားနဲ့လုပ်တဲ့ အတွင်းခံပွပွတွေ ဝတ်ဆင်သင့်ပါတယ်။ ဖိုင်ဘာနဲ့ရက်လုပ်တဲ့ အတွင်းခံထက် ချည်သားအတွင်းခံက အစိုဓာတ်ကို ပိုစုပ်ယူနိုင်ပါတယ်။ စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာ အစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက်ဘောင်းဘီ ကျပ်ကျပ်တွေဝတ်လိုက်ရင် အရေပြားပေါ်မှာ အစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ချည်သားအတွင်းခံဝတ်တဲ့သူတွေလည်း ဘောင်းဘီကို မှန်မှန်လျှော်ဖွတ်ပေးဖို့ အရေးကြီးပါတယ်။

ရေးသားသူ – Dr.Htoo Tint

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.mayoclinic.org/diseases-conditions/anal-itching/diagnosis-treatment/drc-20369350

https://www.webmd.com/digestive-disorders/ss/slideshow-anal-itching

https://my.clevelandclinic.org/health/diseases/15574-pruritus-ani-anal-itching/management-and-treatment

ယခုပုံစံ

25/03/2024

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စအိုဖြင့် လိင်ဆက်ဆံပြီးနောက် ဘာကြောင့် သွေးထွက်တာလဲ

စအိုပတ်လည်မှာ ယားယံတာ မျိုးဖြစ်တာ ဘာကြောင့်များလဲ ။ ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Hello Sayarwon Panel မှ ရေးသားသည်။ · 25/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement