ဒါကလည်း အသည်းအတွက် ထိရောက်တဲ့ဓါတ်စာတစ်ခုပေါ့။ ဇီးဖြူသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေသလို နာကျင်ရောင်ရမ်းမှုကိုလျော့ကျသက်သာစေတဲ့ အာနိသင်တွေလည်းပါဝင်နေပါတယ်။ဆေးဝါးတွေနဲ့နေ့စဉ်ထိတွေ့မိနေတဲ့ဓါတုပစ္စည်းတွေကြောင့် အသည်းထိခိုက်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံနည်းကျလေ့လာမှုတွေအရသိရပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။
ဗီတာမင် Eသောက်ပါ
ဗီတာမင် E က ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ အသည်းထိခိုက်ပျက်စီးမှုကိုလျှော့ချပေးနိုင်တယ်၊လို့ လေ့လာစမ်းသပ်မှုတွေအရသိရပါတယ်။ အသည်းရောဂါရှိနေရင်တောင်မှ ဗီတာမင် Eသောက်သုံးပေးမယ်ဆိုရင် အသည်းကျန်းမာအောင် အထောက်အပံ့ပေးနိုင်မှာပါ။ ဒါကြောင့် အသည်းရောဂါရှိနေသူတွေအနေနဲ့ ဗီတာမင် E ကိုမေ့ထားလို့မဖြစ်ပါဘူး။
Omega-3 fatty acids သောက်ပါ
အသည်းရောဂါရှိသူတွေဖြစ်ဖြစ် မရှိသူတွေဖြစ်ဖြစ်omega-3 ငါးကြီးဆီကိုသောက်သုံးပေးလို့ရပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါထိရောက်တဲ့ဖြည့်စွက်စာတစ်မျိုးပေါ့။ Omega – 3 fatty acid က အဆီပိုတွေကို ဖယ်ရှားပေးပြီးသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးပါတယ်။ နာကျင်ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တာကြောင့် အသည်းရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။
အသည်းအားဖြည့်ဆေးတစ်မျိုးမျိုးသောက်ပါ
နေ့စဉ်ထိတွေ့နေတဲ့အရာတွေ၊ စားသုံးနေတဲ့အရာတွေနဲ့ဆေးလိပ်၊အရက်တို့က အသည်းကိုထိခိုက်ပျက်စီးစေပါတယ်။ ဒီလိုထိခိုက်စေတဲ့အရာတွေအားလုံးနဲ့ ခပ်ကင်းကင်းနေဖို့က မဖြစ်နိုင်ဘူးဆိုရင်တော့ အသည်း အားဖြည့်ပေးနိုင်တဲ့ဆေးတစ်မျိုးမျိုးကိုသောက်သုံးဖို့ပြောပါရစေ။အသည်းအတွက် အားဖြည့်တဲ့ဆေးဝါးတွေဝယ်ယူတဲ့အခါ လိုအပ်မယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်တာကို ရွေးချယ်မိဖို့လိုပါမယ်။ အသည်းအတွက်လိုအပ်တဲ့ ဗီတာမင် B1၊ ဗီတာမင် B2၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် B3 နဲ့ Essential phospholipids တို့ပါဝင်နေမှ အသည်းကျန်းမာစေနိုင်ပြီး အသည်းရောဂါတွေအန္တရာယ်ကနေကာကွယ်ပေးနိုင်မှာပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။