backup og meta

အသည်းရောဂါရှိတဲ့သူတွေအတွက် သင့်တော်တဲ့ဖြည့်စွက်စာတွေက

အသည်းရောဂါရှိတဲ့သူတွေအတွက် သင့်တော်တဲ့ဖြည့်စွက်စာတွေက

အလေးချိန်အရ ၃ပေါင်လောက်ရှိတဲ့ အသည်းက ခန္ဓါကိုယ် ကျန်းမာစေဖို့အတွက် အရေးပါတဲ့လုပ်ငန်းစဉ်ပေါင်း ၅၀၀လောက်ကိုနေ့စဉ်နဲ့အမျှတာဝန်ယူဆောင်ရွက်ပေးနေရတာပါ။ တကယ်တော့ ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တိုင်းမှာ အသည်းကမပါမဖြစ်ပါဝင်နေရတာပါ။ စားသုံးလိုက်တဲ့အစားအစာတွေကို အစာအိမ်နဲ့အူတွေကချေဖျက်ပြီးတဲ့အခါ လိုအပ်မယ့်အာဟာရဓါတ်တွေကိုသွေးကြောတွေကနေတဆင့် အသည်းဆီကိုပို့ဆောင်ပါတယ်။ ဒီအခါမှာ အသည်းက လိုအပ်တဲ့အာဟာရဓါတ်တွေကို သိမ်းဆည်းတာနဲ့ စစ်ထုတ်မှုလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်ပါတော့တယ်။

အသည်းက အဆီဓါတ်ကိုဖြိုခွဲပြီး စွမ်းအင်အဖြစ်ထုတ်လုပ်ပေးပါတယ်။နောက်တစ်ခုကတော့ အစာခြေစနစ်အတွက်အတွက်လိုအပ်တဲ့ သည်းခြေရည်ကိုထုတ်ပေးတာပါ။ အသည်းရဲ့နောက်တာဝန်တစ်ခုကသွေးကြောတွေအတွင်းက ဂလူးကို့စ်တွေကို ဂလိုင်ကိုဂျင်အဖြစ်နဲ့ သိုလှောင်ထားပေးပါတယ်။သွေးတွင်းမှာ သကြားဓါတ်ကျဆင်းလာတဲ့အခါ အသည်းက ဂလိုင်ကိုဂျင်ကို ဂလူးကို့စ်အဖြစ်ပြောင်းလဲထုတ်လုပ်ပေးပြီးသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။

ဒါတွေတင်မကပါဘူး။ အရက်တွေသောက်လိုက်တဲ့အခါမျိုး၊ အသည်းကို အဆိပ်အတောက်ြဖစ်စေတဲ့ အပြုအမူတွေကိုလုပ်လိုက်တဲ့အခါမျိုးမှာလည်း အသည်းက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြန်ပါတယ်။ အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို ဆီးတွေဝမ်းတွေကနေတဆင့် ခန္ဓါကိုယ်ပြင်ပကို ထုတ်လွှတ်လိုက်ပါတယ်။ အသည်းက ဒီလောက်အထိကို အလုပ်လုပ်ပေးတာပါ။ အသည်းကောင်းမှလည်း လူတစ်ယောက်က ကျန်းမာနေမှာပါ။

အသည်းကျန်းမာစေဖို့ စားသုံးပေးသင့်တဲ့ဖြည့်စွက်စာတွေက

တကယ်လို့ အသည်းရောဂါတစ်ခုခုခံစားနေရပြီဆိုရင် သက်တမ်းစေ့စေ့နဲ့ ကျန်းကျန်းမာမာနေနိုင်စေဖို့အတွက် အသည်းအတွက်လိုအပ်မယ့် ဖြည့်စွက်အာဟာရတွေကို စားသုံးပေးဖို့လိုအပ်မှာပါ။ ဒါမှပဲ ကျန်းမာပြီး စိတ်သွားတိုင်းကိုယ်ပါတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Milk Thistle စားသုံးပေးပါ

ဒါကသဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပေါ့။ အသည်းအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုပေးသလို အသည်းရဲ့လုပ်ငန်းဆောင်တာတွေအကောင်းဆုံးလုပ်ဆောင်နိုင်အောင်လည်း အထောက်အပံ့ပေးပါတယ်။ အသည်းခြောက်တာအပါအဝင် အသည်းရောဂါအမျိုးမျိုအတွက် အထောက်အပံ့ပေးသလိုဆေးဝါးနဲ့ အရက်ကြောင့် အသည်းထိခိုက်ပျက်စီးတာတွေကိုအတွက်လည်း အထောက်အကူပြုပေးပါတယ်။ ပျက်စီးနေတဲ့ အသည်းဆဲလ်တွေနေရာမှာ အစားထိုးတာဝန်ယူနိုင်မယ့်အသည်းဆဲလ်တွေ အသစ်ဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးပါတယ်။

Dandelion Root စားသုံးပေးပါ

ဒီအမြစ်ကဆေးဖက်ဝင်အမြစ်တစ်မျိုးဖြစ်ပြီး အသည်း၊ သရက်ရွက်နဲ့ ပန်ကရိယက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။နောက်ထပ်အားသာချက်တစ်ခုကကျောက်ကပ်မှာကျောက်တည်တာနဲ့ ဆီးအိတ်မှာကျောက်တည်တာတွေကို သက်သာစေနိုင်တာပါ။ အသည်းကို ကျန်းမာအောင်လုပ်ဆောင်ပေးပြီး အသည်းရောဂါတွေကို သက်သာအောင်လုပ်ဆောင်ပေးပါတယ်။ အာဟာရပါဝင်မှုများတဲ့ သဘာဝဖြည့်စွက်စာတစ်ခုပေါ့။

ဇီးဖြူသီးအနှစ်သောက်ပါ

ဒါကလည်း အသည်းအတွက် ထိရောက်တဲ့ဓါတ်စာတစ်ခုပေါ့။ ဇီးဖြူသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေသလို နာကျင်ရောင်ရမ်းမှုကိုလျော့ကျသက်သာစေတဲ့ အာနိသင်တွေလည်းပါဝင်နေပါတယ်။ဆေးဝါးတွေနဲ့နေ့စဉ်ထိတွေ့မိနေတဲ့ဓါတုပစ္စည်းတွေကြောင့် အသည်းထိခိုက်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိပ္ပံနည်းကျလေ့လာမှုတွေအရသိရပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။

ဗီတာမင် Eသောက်ပါ

ဗီတာမင် E က ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ အသည်းထိခိုက်ပျက်စီးမှုကိုလျှော့ချပေးနိုင်တယ်၊လို့ လေ့လာစမ်းသပ်မှုတွေအရသိရပါတယ်။ အသည်းရောဂါရှိနေရင်တောင်မှ ဗီတာမင် Eသောက်သုံးပေးမယ်ဆိုရင် အသည်းကျန်းမာအောင် အထောက်အပံ့ပေးနိုင်မှာပါ။ ဒါကြောင့် အသည်းရောဂါရှိနေသူတွေအနေနဲ့ ဗီတာမင် E ကိုမေ့ထားလို့မဖြစ်ပါဘူး။

Omega-3 fatty acids သောက်ပါ

အသည်းရောဂါရှိသူတွေဖြစ်ဖြစ် မရှိသူတွေဖြစ်ဖြစ်omega-3 ငါးကြီးဆီကိုသောက်သုံးပေးလို့ရပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါထိရောက်တဲ့ဖြည့်စွက်စာတစ်မျိုးပေါ့။ Omega – 3 fatty acid က အဆီပိုတွေကို ဖယ်ရှားပေးပြီးသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးပါတယ်။ နာကျင်ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တာကြောင့် အသည်းရောဂါရှိသူတွေအတွက် သင့်တော်ပါတယ်။

အသည်းအားဖြည့်ဆေးတစ်မျိုးမျိုးသောက်ပါ

နေ့စဉ်ထိတွေ့နေတဲ့အရာတွေ၊ စားသုံးနေတဲ့အရာတွေနဲ့ဆေးလိပ်အရက်တို့က အသည်းကိုထိခိုက်ပျက်စီးစေပါတယ်။ ဒီလိုထိခိုက်စေတဲ့အရာတွေအားလုံးနဲ့ ခပ်ကင်းကင်းနေဖို့က မဖြစ်နိုင်ဘူးဆိုရင်တော့ အသည်း အားဖြည့်ပေးနိုင်တဲ့ဆေးတစ်မျိုးမျိုးကိုသောက်သုံးဖို့ပြောပါရစေ။အသည်းအတွက် အားဖြည့်တဲ့ဆေးဝါးတွေဝယ်ယူတဲ့အခါ လိုအပ်မယ့် ဗီတာမင်နဲ့သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်တာကို ရွေးချယ်မိဖို့လိုပါမယ်။ အသည်းအတွက်လိုအပ်တဲ့ ဗီတာမင် B1၊ ဗီတာမင် B2၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် B3 နဲ့ Essential phospholipids တို့ပါဝင်နေမှ အသည်းကျန်းမာစေနိုင်ပြီး အသည်းရောဂါတွေအန္တရာယ်ကနေကာကွယ်ပေးနိုင်မှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Symptom-free, dangerous liver problemshttps://www.newportnaturalhealth.com/2016/08/symptom-free-dangerous-liver-problems/ Accessed Date 4 October 2018

How to Improve Liver Function Naturally with Supplements and Foodhttps://www.betternutrition.com/features-dept/liver-function Accessed Date 4 October 2018

What You Should Know Before Taking Liver Supplementshttps://www.healthline.com/health/liver-supplement Accessed Date 4 October 2018

How to deal with liver damagehttps://www.cancertutor.com/faq_liver_damage/ Accessed Date 4 October 2018

http://www.organichealthandbeauty.com/40-23-LiverRescueIII90vegicaps.htmlAccessed Date 4 October 2018

http://www.earthwormherbals.com/extracts.html Accessed Date 4 October 2018

ယခုပုံစံ

26/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်အသည်းအတွက် မရှိမဖြစ်အရေးပါတဲ့ဓါတ်ပစ္စည်းတစ်ခု

အသည်းအတွက် အကောင်းဆုံးအာဟာရ



Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement