backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသည်းရောင်တဲ့ပြဿနာ အဆိုးဆုံးအဆင့်နဲ့ကြုံတွေနေရပြီဆိုရင်။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသည်းရောင်တဲ့ပြဿနာ အဆိုးဆုံးအဆင့်နဲ့ကြုံတွေနေရပြီဆိုရင်။

အသည်းရောင် အသားဝါ ရောဂါပိုးတွေ ကြောင့်ဖြစ်ဖြစ် ၊ အရက်ကြောင့်ဖြစ်ဖြစ် ပြင်ပက အကြောင်းအရာ တစ်ခုခုကြော့င် ဖြစ်ဖြစ် အသည်းရောင်လာပါပြီဆိုပါစို့။ စသိလိုက်တဲ့အချိန်တည်းက ရောဂါတော်တော်ပြင်းနေတာမျိုးလည်းဖြစ်နိုင်တယ် သိသိချင်းတုန်းက ရောဂါအခြေအနေမပြင်းထန်သေးပေမယ့် ပေါ့ပေါ့ဆဆ နေမိတာကြောင့် အသည်းရောင်တာပိုဆိုးလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အသည်းရောင်တဲ့ ပြဿနာ တော်တေ်ာကြီးကို ဆိုးနေပြီဖြစ်တာကြောင့် ဆေးသောက်တာအပြင် ကိုယ့်နေထိုင်မှု ပုံစံတွေမှာ ပြောင်းလဲစရာတွေ ရှိနေပါပြီ။ ဘာတွေများဖြစ်မလဲ

အသည်းရောင်တဲ့ပြဿနာ အဆိုးဆုံးအဆင့်နဲ့ကြုံတွေနေရချိန် ဒါတွေလိုက်နာသင့်ပါတယ်။

အသည်းရောင်တဲ့ ပြဿနာရဲ့ လက္ခဏာတွေဖြစ်တဲ့ အသားတွေယားတာ၊ နာကျင်ကိုက်ခက်မှု ဝေဒနာတွေအတွက် ဆရာဝန်တွေ ဆေးတွေပေးမှာ ဖြစ်ပါတယ် ။ဒီလို ကုသမှုတွေ ခံယူထားတာ အပြင်ကိုမှ ကိုယ့်ဘက်က အခြားလိုက်နာသင့်တဲ့ ပြောင်းလဲသင့်တဲ့နေထိုင်မှု ပုံစံလေးတွေ ရှိပါတယ်။ ဒါတွေကတော့

အာဟာရ မျှတအောင်စားပါ။ – အသည်းရောင်တာရဲ့ နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တဲ့အဆိုးဆုံးက အသည်းခြောက်တဲ့ ပြဿနာမဟုတ်လား။ ဘယ်လောက်ပဲ အသည်းခြောက်တဲ့ ပြဿနာကြီးက နောက်ဆုံးအဆင့်ထိရောက်နေပါစေဦး မျှတပြီး ပြည့်ဝတဲ့ အာဟာရစားဖို့ကလည်း အရေးကြီးသေးတတယ်လေ။ဒါပေမယ့် အသည်းခြောက်နေချိန် ကိုယ်တွင်းမှာ အရည်စုနေပြီဆိုရင်တော့ အငန်လျှော့စားသင့်ပါတယ်။

အရက်ကို လုံးဝ ဖြတ်လိုက်ပါ – အရက်ကိုယ်တိုင်က အသည်းကိုထိခိုက်စေတယ် အသည်းကိုခြောက်စေတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီတော့ အခြား အကြောင်းတွေကြောင့် ကိုယ့်အသည်းထိခိုက်နေပါပြီမှ အရက်ဆက်သောက်နေမယ်ဆိုရင် ပင်ပန်းနေတဲ့ အသည်းအတွက် ဝန်ထပ်ပိစေပါလိမ့်မယ်။

အပေါ်မှာပြောခဲ့တဲ့ ၂ ချက်ကတော့ အသည်းထိခိုက်နေတဲ့လူတိုင်း လိုက်နာသင့်တဲံ အချက်လေးတွေပါ။ ခုဆက်ပြောပြမယ့်အချက်တွေကတော့ အသည်းထိခိုက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာလေးတွေကို ဆရာဝန်တွေဘက်က ဘယ်လိုလျှော့ချပေးမယ်ဆိုတဲ့ အကြောင်း ဗဟုသုတလေးတွေပဲဖြစ်ပါတယ်။

ဗိုက်ထဲ အရည်စုပြီး ဖောနေခြင်း(ascites)

အသည်းခြောက်တဲ့ပြဿနာ ကြုံတွေ့နေသူတိုင်း ဗိုက်ထဲ အရည်စုပြီး ဖောတဲ့ ပြဿနာကြုံတွေ့တတ်ကြပါတယ်။ ဒီလို အချိန်မျိုးဆို ကိုယ်သောက်နေတဲ့ဆေးတွေထဲမှာ စုနေတဲ့အရည်တွေကိုပြန်ထုတ်ပေးနိုင်မယ့် ဆီးဆေးတွေ ပါဖို့လိုအပ်ပါတယ်။ အရမ်းကြီးဆိုးလာတဲ့အခါမျိုးကျရင်တော့ ပိုက်နဲ့စုပ်ထုတ်ဖို့လိုအပ်တာမျိုးတွေ ရှိနိုင်ပါတယ်။

portal vein အပေါ် ဖိအားတွေ သက်ရောက်နေတဲ့အခါ beta-blockers, လိုမျိုး ဖိအားတွေ လျှော့ချပေးတဲ့ ဆေးတွေ သောက်ရပါမယ်။

အစာရေမျိုပြွန်မှာ သွေးကြောတွေ ဖောင်းပြီး သွေးထွက်တဲ့အခါမျိုး သွေးကြောတွေကျယ်နေတဲ့အခါမျိုးတွေဆို သွေးယိုတာကိုလျှော့ချဖို့အတွက် သွေးကြောဖောင်းလေးတွေ ကြိုးနဲ့ချည်တာချည်တာမျိုး၊ ကျယ်နေတဲ့သွေးကြောတွေ ပြန်ကျဉ်းအောင် ဖိပေးတာမျိုး လုပ်လို့ရပါတယ်။

အသည်းခြောက်တာနောက်ပိုင်းအရမ်းဆိုးလာရင် ကိုယ်တွင်းကအဆိပ်တွေကို အသည်းက မစွန့်ထုတ်နိုင်တော့လို့ အဆိပ်တွေ ဦးနှောက်ဆီရောက်ပြီး Hepatic encephalopathy လို့ခေါ်တဲ့ ဦးနှောက်ကိုထိခိုက်ပြီး သတိလစ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို ကိုယ်တွင်းအဆိပ်အတောက်တွေကို လျှော့ချဖို့ ဆရာဝန်တွေက laxative ( ဝမ်းနှုတ်ဆေး) ပေးတာမျိုးတွေ၊ အသည်းလုပ်ရမယ့် တာဝန်တွေ လျော့သွားအောင် ပရိုတင်းလျှော့စားခိုင်တာမျိုးတွေနဲ့ လိုအပ်ရင် ပဋိဇီဝ ပိုးသတ်ဆေးပေးတာမျိုးတွေ လုပ်ပေးပါလိမ့်မယ်။

အသည်းရောင်တာကနေနောက်ပိုင်း အသည်းကင်ဆာတွေအထိဖြစ်သွားခဲ့ပြီဆိုရင် ကင်ဆာဆေးသွင်းတာ ဓာတ်ကင်တာ ခွဲစိတ်ပြီး ကင်ဆာအလုံးကို ဖယ်ထုတ်တာ၊စတဲ့သင့်တော်တဲ့ ကုသမှုမျိုးကို ဆရာဝန်ကသင့်အတွက် အကောင်းဆုံးရွေးချယ်ပေးပါလိ့့််မ်မယ်။

နောက်ဆုံး အသည်းက လုံးဝ မလုပ်နိုင်တော့ဘူးဆိုရင်တောင် အသည်းအစားထိုးတဲ့ ကုသမှုလည်းရှိတယ်ေ အာင်မြင်တဲ့ ရာခိုင်နှုန်းကလည်းများတဲ့အတွက် လုံးဝကို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေတော့မဟုတ်ပါဘူး။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement