backup og meta

ပန်ကရိယလေး ကျန်းမာစေဖို့

ပန်ကရိယလေး ကျန်းမာစေဖို့

ပန်ကရိယက လူအတော်များများနဲ့ စိမ်းနေနိုင်တဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းလေး တစ်ခုရဲ့အမည်ပါ။ သူ့ကို မုန့်ချိုအိတ် (Pancreas) လို့လည်း ခေါ်ပါတယ်။ အခုတစ်ခေါက်မှာတော့ ပန်ကရိယလေး ကျန်းမာစေဖို့ ဘာတွေ ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ပန်ကရိယလေးက အစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။ အစာအိမ်တွင်းကို ရောက်လာတဲ့ အစားအစာတွေရဲ့ အက်ဆစ်ပမာဏကို ထိန်းညှိပေးသလို ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့လည်း အင်ဇိုင်းတွေ ထုတ်ရင်း ကူညီပေးသေးတာပါ။

ဒါတင်မကသေးပါဘူး။ ကျန်းမာတဲ့ ပန်ကရိယလေးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်အတွက် ပိုမိုကောင်းမွန်တဲ့ အစာခြေစနစ်လေးတစ်ရပ်ကို ဖန်တီးပေးပါသေးတယ်။

ဒီတော့ အရေးပါတဲ့ အစိတ်အပိုင်း ပန်ကရိယလေး ကျန်းမာစေဖို့ ဘာတွေစားရမလဲ သိချင်တယ်ဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

ပန်ကရိယလေး ကျန်းမာစေဖို့

အရေးပါတဲ့ ပန်ကရိယလေး ကျန်းမာစေဖို့ ဒါတွေ စားပါ။

နနွင်း 

နနွင်းက သဘာဝ အရောင်ကျဆေး တစ်မျိုးပါ။ နာကျင်ရောင်ရမ်းမှုကို သက်သာစေသလို ပန်ကရိယလေးမှာ ပူလောင်တဲ့ ခံစားမှုမျိုး မခံစားရစေဖို့လည်း ကာကွယ်ပေးပါတယ်။

ဒါတင်မကသေးပါဘူး။ ပန်ကရိယကို အင်ဆူလင် ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာကြောင့် ဆီးချိုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ကြက်သွန်ဖြူ နဲ့ ပျားရည်

ကျန်းမာရေး ကောင်းအောင် ပျားရည်နဲ့ ကြက်သွန်ဖြူစားရမယ်လို့ ပြောတာကို ကြားဖူးမှာပေါ့။ ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ပျားရည်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်ခံအားကို မြှင့်တင်ပေးရုံမက ပန်ကရိယ အပါအဝင် ကိုယ်တွင်းအင်္ဂါတွေရဲ့ ပျက်စီးနေတဲ့ တစ်ရှူးတွေကို အသစ် ဖြစ်ပေါ်စေပါတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်မှာ ဗီတာမင် B နဲ့ သံဓာတ်တို့လိုမျိုး ပန်ကရိယ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်​တွေ ပါဝင်ပါတယ်။ သံဓာတ်က ရောင်ရမ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပြီး ဗီတာမင် B က ပန်ကရိယကို အားဖြည့်ပေးပါတယ်။

ဟင်းနုနွယ်မှာ MGDG (monogalactosyldiacylglycerol) လို့ခေါ်တဲ့ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ ပစ္စည်းပါဝင်နေတာကြောင့် ပန်ကရိယ ကင်ဆာ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။  ဟင်းနုနွယ်ကို ကြက်သွန်နီနဲ့တွဲပြီး ကြော်စားတာက ပန်ကရိယ ကျန်းမာစေဖို့ အားဖြည့်ပေးရာ ရောက်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ဂေါ်ဖီ မျိုးရင်းဝင် ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပြီး ပန်ကရိယကို ရောဂါ ကင်းစေဖို့ ထောက်ပံ့ပေးပါတယ်။ ဖလေဗာနွိုက် ပါဝင်တာကြောင့် ပန်ကရိယ အပါအဝင် ကိုယ်တွင်းအင်္ဂါတွေက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

စပျစ်သီး

စပျစ်သီးထဲမှာမှ အနီရောင် စပျစ်သီးက ပန်ကရိယကို အကောင်းဆုံး အာဖြည့်ပေးနိုင်ပါတယ်။ အနီရောင် စပျစ်သီးမှာ အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ resveratrol ပါဝင်နေတာကြောင့် ပန်ကရိယ ရောင်ရမ်းမှုကို ကာကွယ်ပေးသလို ပန်ကရိယ ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ကန်စွန်းဥ

အရသာရှိတဲ့ ကန်စွန်းဥလေးကလည်း ပန်ကရိယကို ကျန်းမာစေပါတယ်။ ကန်စွန်းဥက ပန်ကရိယ ကင်ဆာ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ကဲ…အခုပြောခဲ့တာလေးတွေ စားရင်း ပန်ကရိယလေးကို ကျန်းမာရေး စောင့်ရှောက်ပေးလိုက်ရအောင်လား………..

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COMMON DISORDERS OF THE PANCREAS https://pancreasfoundation.org/patient-information/about-the-pancreas/common-disorders-of-the-pancreas/ Accessed Date 23 September 2020

The Power of Your Pancreas https://newsinhealth.nih.gov/2017/02/power-your-pancreas Accessed Date 23 September 2020

ယခုပုံစံ

03/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း)

ပန်ခရိယ (သို့မဟုတ်) မုန့်ချိုအိတ် ရောင်ရမ်းခြင်းအကြောင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement