backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကြက်သွန်ဖြူကတော့ ဟင်းတွေချက်တဲ့အခါ မပါမဖြစ်ပါ။ ကြက်သွန်ဖြူကို ဖုတ်စားသူလည်း ရှိသလို ဒီအတိုင်း အစိမ်းစားတဲ့သူလည်း ရှိပါတယ်။ အစားလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာမို့ ဘယ်လိုပဲစားစား ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာဒြပ်ပေါင်းဟာ အနံ့နဲ့ အရသာကို ဖြစ်ပေါ်စေပြီး ကျန်းမာရေးကို အကျိုးပြုစေတာပါ။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အခြားအာဟာရဓါတ်တွေကလည်း ကျန်းမာရေး ကောင်းစေတာမို့ ဖတ်ကြည့်ပါဦးနော်။

ကြက်သွန်ဖြူမှာ ပါတဲ့ အာဟာရဓာတ်တွေ

ကြက်သွန်ဖြူမှာ ပါတဲ့ အာဟာရဓာတ်တွေက

  • ကာဗိုဟိုက်ဒရိတ်
  • ပရိုတင်း
  • အမျှင်ဓာတ်
  • မဂ္ဂနိ့
  • ဗီတာမင် C
  • ကယ်လ်ဆီယမ်
  • ဆီလီနီယမ် တို့ပါဝင်နေပါတယ်။

ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ကြက်သွန်ဖြူစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့

အစာခြေစနစ်ကို ကောင်းမွန်စေခြင်း

ကြက်သွန်ဖြူ စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတဲ့အပြင် မအီမသာဖြစ်ခြင်းနဲ့ ယားယံခြင်းတွေကိုပါ သက်သာစေပါတယ်။

ကိုလက်စထရော ကျဆင်းစေခြင်း

ကြက်သွန်ဖြူ ပါဝင်တဲ့ အစားအစာတွေ စားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin က ကျန်းမာရေးကို ကောင်းစေတာပါ။

သွေးတိုးရောဂါ သက်သာစေခြင်း

သွေးတိုးရောဂါ သက်သာစေဖို့အတွက် ကြက်သွန်ဖြူက စွမ်းဆောင်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ Allicin ဟာ သွေးဖိအား မြင့်တက်တာကို မဖြစ်စေဘဲ သွေးကြောတွေ ကောင်းမွန်စာ လည်ပတ်ဖို့ အထောက်အကူ ပြုပါတယ်။

မျက်စိအားကောင်းခြင်း

ကြက်သွန်ဖြူမှာ seleniumquercetin နဲ့ ဗီတာမင်စီတွေ များများ ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်တွေဟာ မျက်လုံးထဲကို ပိုးဝင်တာကြောင့် ဖောင်းအစ်တာတွေ မဖြစ်စေဘဲ မျက်စိအားကောင်းစေပါတယ်။

အအေးမိခြင်းကို သက်သာစေခြင်း

ကြက်သွန်ဖြူကို အစိမ်းစားပေးမယ်ဆိုရင် အအေးမိဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေပါတယ်။ အအေးမိတာတွေ ဖြစ်နေတယ်ဆိုရင်တော့ ကြက်သွန်ဖြူ နှစ်မြွှာလောက် စားတာမျိုး လုပ်ပေးပါ။

အသည်းအားကောင်းစေခြင်း

ကြက်သွန်ဖြူ စားမယ်ဆိုရင်တော့ အသည်းအားကောင်းစေပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အဆိပ်အတောက်များကို သန့်စင်ပေးခြင်း

ကြက်သွန်ဖြူမှာ ဆာလဖာဒြပ်ပေါင်းများများ ပါဝင်တာက ခန္ဓာကိုယ်အတွင်းကလီစာတွေကို ပျက်စီးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

အရိုးအဆစ်သန်မာစေခြင်း

ကြက်သွန်ဖြူ အမြွှာသေးသေးလေးတွေက အရိုးအဆစ်တွေကို ကောင်းမွန်စေတယ်ဆိုတာ နည်းနည်းတော့ အံ့သြစရာ ကောင်းပါတယ်နော်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက အရိုးအဆစ်တွေကို သန်မာစေပြီး Estrogen တွေကို တိုးမြင့်စေပါတယ်။

နှလုံးရောဂါ

နှလုံးရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ နှလုံးရောဂါ သက်သာစေဖို့အတွက်လည်း ကြက်သွန်ဖြူက အထောက်အကူပြုပါတယ်။ ကိုလက်စထရောနဲ့ အဆီတွေကို လျှော့ချပေးတာကြောင့် နှလုံးရောဂါ ထဖောက်တာတွေ နည်းစေပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ကြက်သွန်ဖြူက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ပမာဏများများစားမိတဲ့အခါ ခံတွင်းနံ့ဆိုးတာ၊ ခံတွင်းပူတာ၊ ရင်ပူတာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်၊၊ ဒီဆိုးကျိုးတွေက များများစားလေလေ ပိုဆိုးလေလေပဲ ဖြစ်ပါတယ်၊၊

နောက်တစ်ချက်က ကြက်သွန်ဖြူက သွေးကျဲစေတဲ့ သတ္တိရှိပါတယ်၊၊ ဒါကြောင့် နဂိုသွေးမတိတ်ရောဂါရှိသူတွေ၊ သွေးကျဲဆေး သောက်နေသူတွေက ပမာဏများများစားတာကို ရှောင်သင့်ပါတယ်၊၊ ဒီအချက်ကြောင့်ပဲ ခွဲစိတ်မှု လုပ်စရာ ရှိတဲ့သူတွေဆိုရင် မခွဲခင် ၂ပတ်အလိုတည်းက ကြက်သွန်ဖြူစားတာကို ရပ်ထားသင့်ပါတယ်၊၊

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာလည်း ပုံမှန်အတိုင်း ချက်ပြုတ်စားတဲ့ထဲမှာပါတာက ပြဿနာမဟုတ်ပေမယ့် အလွန်အကျွံစားတာကို ဆင်ခြင်သင့်ပါတယ်၊၊

အစာအိမ်ရောဂါရှိသူတွေအနေနဲ့လည်း အစာအိမ်နာနေတဲ့အချိန်မှာ ကြက်သွန်ဖြူစားတာကို ရှောင်သင့်ပါတယ်၊၊

ဒါတွေအပြင် အောက်ပါအချက်တွေ ရှိတဲ့သူတွေက ကြက်သွန်ဖြူအလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်၊၊ တကယ်လို့ ကြက်သွန်ဖြူ ဖြည့်စွက်အားဆေးတွေသောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်၊၊

  • တီဘီဆေးသောက်နေတဲ့သူတွေ
  • သွေးကျဲဆေး သောက်နေရတဲ့သူတွေ
  • သန္ဓေတားဆေး သောက်နေရသူတွေ
  • HIV / AIDS ရောဂါကြောင့် ဆေးသောက်နေရသူတွေ
  • NSAIDs အမျိုးအစား အကိုက်အခဲပျောက်ဆေးသောက်နေရသူတွေ

ကြက်သွန်ဖြူ စားတာက ကျန်းမာရေးအတွက် ကောင်းစေတယ်ဆိုပေမယ့် အခုပြောပြတဲ့ ပြဿနာလေးတွေ ရှိနေမယ်ဆိုရင်တော့ သတိထားစားတာ အကောင်းဆုံး ဖြစ်မှာပါ။

Writer – Eaindray Kha

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement