backup og meta

ဆိုဒါ သောက်ပေးတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုဒါ သောက်ပေးတဲ့အခါ

    ယနေ့ခေတ်မှာ အများစု လက်ခံထားကြတာက ဆိုဒါ ဆိုရင် ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာလို့ပေါ့။ ဆိုဒါထဲမှာ သကြားတွေ အများကြီးပါဝင်နေတယ်။ ဒီတော့ ဆိုဒါသောက်ရင် နာတာရှည် ရောဂါတွေ ဖြစ်ကြတဲ့ အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ အဝလွန်တာကို ဖြစ်စေမယ်လို့ပေါ့။

    ဆိုဒါက ဒီလောက် ဆိုးတာတော့ မဟုတ်ပါဘူး။ ဆိုဒါကို တစ်ခါတလေ သောက်သုံးတာက ကျန်းမာရေးကို မထိခိုက်စေပေမယ့် အချိုတွေ၊ ကဖင်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ဆိုဒါတွေကို အလွန်အကျွံ သောက်သုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဆိုဒါ သောက်ပေးတဲ့အခါ

    ဆိုဒါ သောက်ပေးတဲ့အခါ

    ဆိုဒါသီးသန့် သောက်သုံးတာက အပေါ်မှာ ပြောခဲ့သလို ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။ ဆိုဒါက တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ Carbonated water ပါ။ ကာဗွန်ပါဝင်နေတာကြောင့် ကျန်းမာရေးကို အထောက်အကူပေးနိုင်ပါတယ်။

    ဆိုဒါ သောက်တာက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    အစာမကြေတာကို သက်သာစေနိုင်တယ်

    ဆိုဒါက ဗိုက်ပွတာကို သက်သာစေနိုင်သလို မအီမသာဖြစ်တာ၊ အစာမကြေတာတွေကို သက်သာစေပြီး နေထိုင်မကောင်းတာကို သက်သာစေနိုင်ပါတယ်။ အစာကြေစေဖို့ ထောက်ကူပေးပြီး လေထိုးလေအောင့်တာ၊ လေပွတာတွေကို သက်သာစေနိုင်ပါတယ်။

    ဝမ်းမမှန်တဲ့ သူတွေ၊ ဝမ်းချုပ်တဲ့ သူတွေအနေနဲ့ ဆိုဒါသောက်ပေးလို့ ရပါတယ်။ လေထိုးလေအောင့်တာနဲ့ ဗိုက်ပွတာတွေကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ဆိုဒါသောက်ပေးတာက ရေသောက်သလိုပဲ ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဝမ်းချုပ်တတ်သူတွေအနေနဲ့ ဆိုဒါကို အတန်အသင့် သောက်ပေးလို့ ရပါတယ်။

    ရေဓာတ် ဖြည့်ပေးတယ်။

    ဆိုဒါသီးသန့်က ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်ပေးပါတယ်။ Carbonated water ဖြစ်တာကြောင့် ကိုယ်တွင်းမှာ ရေဓာတ်ပြည့်ဝစေဖို့ အထိရောက်ဆုံး ထောက်ကူပေးပါတယ်။

    ဆိုဒါက Carbonated water  ဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဝမ်းမှန်စေပါတယ်။ ဆီးရွှင်စေသလို အစာမကြေတာတွေကိုလည်း သက်သာစေပါတယ်။

    ဆိုဒါ သောက်ပေးတဲ့အခါ အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိစေနိုင်ပါတယ်။ တန်ဆေး လွန်ဘေးဆိုသလို ပမာဏ မှန်မှန်ကန်ကန် သောက်ဖို့ လိုသလို သကြားဖြည့်စွက်ထားတာ ကဖင်း ဖြည့်စွက်ထားတာမျိုးကိုတော့ မသောက်မိဖို့ လိုပါမယ်။

    ကဲ ….. ဆိုဒါအေးအေးလေး သောက်ပြီး ကျန်းမာလိုက်ကြစို့လား………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement