backup og meta

ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ

ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ

ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ …. ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ လှုပ်လှုပ်ရှားရှားနေတာက အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချို ရှိနေပြီးသားသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့်ပါ။ ဒီတော့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို နေ့စဉ် လုပ်ဆောင်ရတာလည်း လွယ်ကူစေတဲ့ နည်းလမ်းကတော့ လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။

ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ

ဆီးချို ရှိနေသလား။ လမ်းလျှောက်ပါ လို့ ပြောရတာက အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။

  • သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်ပါတယ်

လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်က လှုပ်ရှားဖို့ လိုအပ်တဲ့ စွမ်းအင်တွေအတွက် သွေးတွင်းဂလူးကို့စ်ကို အသုံးပြုလိုက်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ် ကျဆင်းစေဖို့ဆိုရင် လမ်းလျှောက်တာအပါအဝင် ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ လိုပါမယ်။

လေ့ကျင့်ခန်းကို တစ်နေ့ကို နာရီဝက်လောက်နဲ့ ပုံမှန်လုပ်ဆောင်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်မှာပါ။

  • ကိုယ်အလေးချိန် ထိန်းညှိနိုင်တယ်

အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ဘယ်လောက် ပြင်းပြင်းထန်ထန် လုပ်တာလဲ ဆိုတာ နဲ့ အကွာအဝေးတွေပေါ်ကို မူတည်ပြီး ကယ်လ်လိုရီ လောင်ကျွမ်းမှုက ကွာခြားနိုင်ပါတယ်။ ဒီနေရာမှာ သိထားရမှာ တစ်ချက်က အခြေခံအားဖြင့်တော့ ကိုယ်အလေးချိန်ကို များများ ကျစေချင်ရင် ကယ်လ်လိုရီကို များများလောင်ကျွမ်းဖို့ လိုပါမယ်။

နောက်တစ်ချက်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားဖို့ပါ။ လမ်းပုံမှန်လျှောက်ပေးတာကလည်း ဆီးချိုရှိသူတွေမှာ ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • နှလုံး ကျန်းမာစေတယ်

ဆီးချို ရှိသူတွေက အခြားသူတွေထက် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေက ၂ ဆ ကနေ ၄ ဆ အထိ ပိုများနေပါတယ်။ ဒီအခြေအနေကို ကာကွယ်ဖို့ဆိုရင် နေ့စဉ် လမ်းလျှောက်ပေးတာက နည်းလမ်းကောင်းပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ရှိတာက နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။

  • စိတ်ခံစားမှုကောင်းစေတယ်

စိတ်ဖိစီးမှု များတာက အမျိုးအစား – ၂ ဆီးချိုရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒီတော့ စိတ်ဖိစီးမှုကြောင့် သွေးတွင်းသကြားဓာတ် မကျစေဖို့ဆိုရင် စိတ်ကို အနားပေးတဲ့အနေနဲ့ လမ်းလျှောက်ပါ။ ဒီလို လမ်းလျှောက်ပေးတာက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ ဆီးချိုရှိပေမယ့်လည်း ကျန်းမာပျော်ရွှင်နေစေဖို့ လမ်းပုံမှန် လျှောက်ပေးပါ။

  • အိပ်ပျော်စေတယ်

လေ့ကျင့်ခန်း လုပ်တာက ကောင်းကောင်း အိပ်ပျော်စေပါတယ်။ ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေတာမျိုး မရှိဘူးဆိုရင်တော့ လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အိပ်ရေးမဝတာကြောင့်ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေ နည်းစေတယ်

ဆီးချို ရှိသူတွေက သွေးတွင်းသကြားဓာတ်ကို မထိန်းနိုင်တဲ့အခါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ မျက်လုံး၊ ခြေဖဝါး၊ ကျောက်ကပ် ပြဿနာတွေပါ။ အာရုံကြောတွေလည်း ပျက်စီးစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာ၊ လမ်းလျှောက်တာတွေက အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ မဖြစ်မအာင် ကာကွယ်ပေးနိုင်ပါတယ်။

  • အင်ဆူလင် တုံ့ပြန်မှု ကောင်းစေတယ်

ဆီးချို ရှိသူတွေက တင်ဆူလင် တုံ့ပြန်မှု အားနည်းတတ်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် လမ်းလျှောက်ပေးတာက အကောင်းဆုံး နည်းလမ်းပါ။ ဒါကြောင့် အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ဆိုရင် လမ်းလျှောက်ပေးပါ။

တစ်နေ့တာမှာ လမ်းဘယ်လောက်ထိ လျှောက်ပေးရမလဲ

ဆီးချို ရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် တစ်နေ့တာကို မိနစ် ၃၀၊ တစ်ပတ်ကို ၅ ကြိမ် လျှောက်ပါ။ တစ်ဆက်တည်း မိနစ် ၃၀ မလျှောက်ဖြစ်ဘူးဆိုရင် တစ်ခါကို ၁၀ မိနစ်နှုန်းနဲ့ ၃ကြိမ် ခွဲလျှောက်တာ၊ ၁၅ မိနစ် ၂ ကြိမ် လျှောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။ လမ်းလျှောက်တဲ့အခါ ခပ်သွက်သွက်လေး လျှောက်ပေးပါ။ လမ်းလျှောက်ပြီး မိနစ်အနည်းငယ်ကြာရင် ချွေးစို့လာရပါမယ်။ ပြင်ညီထက် ကုန်းတွေမှာ လျှောက်ပေးပါ။ ဒါမှ လေ့ကျင့်ခန်းလုပ်သလို အကျိုးကျေးဇူးရမှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Much Walking Is Best for Diabetes Control? https://www.verywellfit.com/how-much-walking-is-best-for-diabetes-control-3435251 Accessed Date 6 October 2022

Walking and Diabetes https://www.diabetes.co.uk/walking-and-diabetes.html Accessed Date 6 October 2022

walking when you have diabetes https://www.diabetes.org.uk/guide-to-diabetes/managing-your-diabetes/exercise/walking-with-diabetes#:~:text=Benefits%20of%20walking%20when%20you%20have%20diabetes&text=you%20can%20walk%20anywhere%2C%20any,is%20easy%20on%20your%20joints Accessed Date 6 October 2022

The Benefits of Walking https://diabetes.org/healthy-living/fitness/benefits-walking Accessed Date 6 October 2022

6 Reasons 10,000 Steps a Day Helps Type 2 Diabetes https://www.everydayhealth.com/hs/type-2-diabetes-care/10k-steps/ Accessed Date 6 October 2022

ယခုပုံစံ

08/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချို နဲ့ စိတ်ဖိစီးခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement