Endocrine system (ဟော်မုန်းစနစ်)ဆိုတာ က သိပ်မရင်းနှီးနိုင်တဲ့ စကားရပ် ဖြစ်နေနိုင်ပါတယ်။ ဒီ မရင်းနှီးသေးတဲ့ စနစ်လေးက ဘာလဲ၊ ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ဆောင်ပေးနေလဲ ဆိုတာကို မသိချင်ဘူးလား။
ခန္ဓာကိုယ် ကျန်းမာပြီး ရောဂါကင်းဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ဒီ စနစ်က ဘာလဲ။ ဘယ်လို တာဝန်တွေကို ထမ်းဆောင်ပေးသလဲ သိချင်တယ်ဆိုရင် ဒီ ဆောင်းပါးလေးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။
Endocrine system (ဟော်မုန်းစနစ်)ဆိုတာ ဘာလဲ ………………
Endocrine System (ဟော်မုန်းစနစ်)မှာ ဘာတွေပါလဲ …………..
ခန္ဓာကိုယ်အတွက် အရေးပါတယ်လို့ ပြောရတဲ့ Endocrine system (ဟော်မုန်းစနစ်) မှာ
- pituitary ဂလင်းတွေ
- သိုင်းရွိုက် ဂလင်းတွေ
- parathyroid ဂလင်းတွေ
- adrenal ဂလင်းတွေ
- ပန်ကရိယ
- အမျိုုးသမီးတွေမှာဆိုရင် သားဥအိမ်
- အမျိုးသားတွေမှာဆိုရင် ဝှေးစေ့ စတာတွေ ပါဝင်နေပါတယ်။
Endocrine System (ဟော်မုန်းစနစ်) က ဘာတွေလုပ်ပေးလဲ …………………..
ကိုယ်တွင်းက endocrine system က
- စိတ်ခံစားမှုကို ထိန်းညှိပေးဖို့၊ ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စေဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းမွန်စေဖို့၊ ကိုယ်အင်္ဂါတွေ ကျန်းမာစေဖို့ နဲ့ မျိုးပွားနိုင်စေဖို့ ထိန်းကွပ်ပေးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးတယ်။
- ဟော်မုန်း ထွက်ရှိမှုကို ထိန်းညှိပေးတယ်။
- ဟော်မုန်းတွေကို သွေးကြောကနေတဆင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ ရောက်ရှိစေဖို့ သွေးကြောတွေထဲကို ဟော်မုန်းတွေ ရောက်ရှိစေတယ်။
Endocrine System မကျန်းမာရင် ဘာတွေ ခံစားရနိုင်လဲ …………….
တကယ်လို့ endocrine systemက မကျန်းမာဘူး ဆိုရင်
- ကြီးထွားဖွံ့ဖြိုးမှုမှာ အနှောင့်အယှက် ဖြစ်တာ ( အပျိုဖော်၊ လူပျိုဖော်ဝင် နောက်ကျတာ/ စောတာ)
- ကိုယ်ဝန် ရရှိဖို့ ခက်တာ
- မျိုးမအောင်တာ
- စိတ်ဖိစီးတာ
- စိတ်ခံစားမှု ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရတာ
- ကိုယ်အလေးချိန် အတက်မြန်တာ
- ကိုယ်အလေးချိန် ကျတာ
- နှလုံးခုန် မြန်တာ
- နှလုံးခုန် နှေးတာ
- အိပ်မပျော်တာ
- အဆစ်တွေ နာကျင်တာ
- ကြွက်သားတွေ ကိုက်ခဲတာ
- အရိုး အားနည်းတာ
- အားမရှိသလို ခံစားရတာ
- သွေးတွင်းသကြားဓာတ် တအားများတာ
- အမျိုးအစား (၂) ဆီးချိုရောဂါတွေ ခံစားရနိုင်ပါတယ်။
[embed-health-tool-bmi]