backup og meta

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချို ရှိလာတဲ့အခါ

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချို ရှိလာတဲ့အခါ

ဆီးချို ရှိနေတာသိရလို့ စိတ်ညစ်နေ၊ ဝမ်းနည်းနေ၊စိတ်တိုနေရတာမျိုးကဖြစ်တတ်တဲ့သဘာဝပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဖြစ်လာခဲ့ရင် ဘဝဆုံးသွားတဲ့အတိုင်း စိတ်ဓာတ်ကျဖို့မလို‌သလို အရေးမလုပ်ဘဲ မဆင်မခြင်နေထိုင်ဖို့လည်း မသင့်ပါဘူးနော်။

နေထိုင်မှုပုံစံအပြောင်းအလဲ

ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ဖို့ နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေ ပြောင်းလဲဆင်ခြင်တာ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဆီးချိုဖြစ်လာရင်…

တည့်တာပဲစားပါ

  • ကိုယ့်မှာဆီးချိုရောဂါရှိလာတဲ့အချိန်မှာ ဒီအချက်ကအရေးကြီးပါတယ်။ စားလိုက်သမျှဟာသွေးတွင်းသကြားဓါတ်ကို သက်ရောက်မှုရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ ဘယ်အစားအစာကိုမှ လွန်လွန်ကျွံကျွံစားလို့မရပါဘူး။ ခန္ဓာကိုယ်က လိုအပ်သလောက်ကိုပဲ စားဖို့အာရုံထားပါ။
  • ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့whole grains အနှံတွေ များများစားပေးပါ။ အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေနဲ့အသားတွေကို ရွေးချယ်ပါ။ အချိုနဲ့အဆီများတဲ့အစားအစာတွေကို ကန့်သတ်စားပါ။ ကာဗိုဟိုက်ဒရိတ်တွေက သကြားဓါတ်အဖြစ်ပြောင်းလဲနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေကို သတိထားစားသုံးပါ။
  • ထမင်းတစ်နပ်နဲ့ တစ်နပ်ကို ပမာဏမကွာစေဖို့ ထိန်းပါ။သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်ဖို့ အင်ဆူလင် သို့မဟုတ်ဆေးဝါးတွေသောက်သုံးနေရသူဖြစ်ရင် စားတဲ့အစာ နည်းလိုက်များလိုက်မဖြစ်ဖို့ ပိုအရေးကြီးပါတယ်။

ကိုယ်လက်လှုပ်ရှားပေးပါ

  • အထိုင်များသူဖြစ်ရင် အခုပဲ လှုပ်လှုပ်ရှားရှားနေဖို့ စတင်ပြောင်းလဲလိုက်ပါ။ gym သွားပြီး ကစားနေ၊လေ့ကျင့်နေစရာမလိုပါဘူး။ လမ်းလျှောက်ရုံ၊ စက်ဘီးစီးရုံ၊ တက်တက်ကြွကြွကစားရတဲ့ ဗီဒီယိုဂိမ်းတွေကစားပေးရုံနဲ့ရပါတယ်။
  • အကောင်းဆုံးက တစ်ပတ်အတွင်း အချိန်အတော်များများမှာချွေးထွက်ရပြီး အသက်ပြင်းပြင်းရှူရှိုက်ရတဲ့ လှုပ်ရှားမှုမျိုး မိနစ် ၃၀လောက်လုပ်ပေးသင့်တာပါပဲ။
  • လှုပ်ရှားမှုရှိတဲ့နေထိုင်မှုပုံစံကသွေးတွင်းသကြားဓါတ်ကို ကျစေနိုင်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ပါကျစေပြီး စိတ်ဖိစီးမှုကိုလျော့စေပါတယ်။

ကျန်းမာရေးစစ်ဆေးမှုခံယူပါ

တစ်နှစ်မှာ နှစ်ကြိမ်လောက်တော့ ဆရာဝန်နဲ့တွေ့ဆုံပါ။ ဆီးချို ရှိနေပြီဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေများစေပါတယ်။ ဒါ့ကြောင့် ကိုလက်စထရော၊သွေးဖိအားနဲ့A1c ( ၃လအတွင်း ပျမ်းမျှသွေးတွင်းသကြားဓါတ်ပမာဏနှုန်း) တို့ကို တိုင်းတာစစ်ဆေးပါ။ခြေထောက်အနာတွေ၊ အာရုံကြောထိခိုက်မှုတွေလိုပြဿနာတွေရှိမရှိစစ်ဆေးဖို့ ဆရာဝန်နဲ့ပြပါ။

စိတ်ဖိစီးမှုကိုဖြေလျှော့ဖို့ နည်းလမ်းရှာပါ

ကိုယ့်မှာ စိတ်ဖိစီးနေတယ်ဆိုရင်သွေးတွင်းသကြားဓါတ်ကမြင့်တက်လာလေ့ရှိပါတယ်။ စိတ်လှုပ်ရှားနေပြီဆိုရင် ဆီးချိုကိုကောင်းကောင်းထိန်းနိုင်မှာမဟုတ်ပါဘူး။လေ့ကျင့်ခန်းလုပ်ဖို့၊ ဆင်ခြင်စားသောက်ဖို့၊ဆေးသောက်ဖို့မေ့သွားနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုဖြေရှင်းဖို့ နည်းလမ်းရှာပါ။ အသက်ရှူလေ့ကျင့်ခန်း၊ယောဂ၊နဲ့ စိတ်ပေါ့ပါးစေမယ့် ဝါသနာပါရာအလုပ်တွေကို လုပ်ကြည့်ပါ။

ဆေးလိပ်ဖြတ်ပါ

ဆီးချိုရောဂါဖြစ်ရင် နှလုံး၊ မျက်စိရောဂါတွေ၊လေဖြတ်ခြင်း၊ကျောက်ကပ်ရောဂါ၊သွေးကြောရောဂါ၊ အာရုံကြောထိခိုက်မှုနဲ့ခြေထောက်မှာဖြစ်တဲ့ဝေဒနာတွေ ခံစားရနိုင်ခြေပိုများပါတယ်။ ကိုယ်ကဆေးလိပ်သောက်တတ်သူဆိုရင် ဒီဖြစ်နိုင်ခြေက ပိုတောင်မြင့်နိုင်ပါတယ်။ ဆေးလိပ်သောက်တတ်သူတွေမှာလေ့ကျင့်ခန်းလုပ်ဖို့လည်း အခက်အခဲရှိတတ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီးဆေးလိပ်ဖြတ်ဖို့နည်းလမ်းရှာပါ။

အရက်သောက်တတ်ရင် သတိထားဆင်ခြင်ပါ

ဘီယာ၊ ဝိုင်၊နဲ့ ယမကာတွေ သိပ်များများသောက်မထားရင်သွေးတွင်းသကြားဓါတ်ကို ထိန်းဖို့ ပိုလွယ်နိုင်ပါတယ်။ မဖြတ်နိုင်လို့သောက်နေသေးတယ်ဆိုရင်လည်း သိပ်မသောက်ဖို့အကြံပြုလိုပါတယ်။ မသောက်ခင်မှာသွေးတွင်းသကြားဓါတ်ကိုစစ်ကြည့်ပါ။ ဆီးချိုအတွက် အင်ဆူလင် သို့မဟုတ်ဆေးသောက်နေရသူဖြစ်ရင် ယမကာသောက်တဲ့အချိန်မှာ အစာမရှိဘဲမသောက်ပါနဲ့။ ဝိုင်အချိုရည်တွေလိုမျိုးတွေဆိုရင်လည်း ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများစေနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ်တွက်ချက်တဲ့အခါ ထည့်စဉ်းစားဖို့လိုပါတယ်။

နေမကောင်းဖြစ်ခဲ့ရင်

နေမကောင်းဖြစ်တဲ့အခါ ခန္ဓါကိုယ်ကရောဂါကိုတိုက်ထုတ်နိုင်ဖို့ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ဟော်မုန်းတွေထုတ်ပေးပါတယ်။ ဒါပေမယ့် ဒီဟော်မုန်းတွေကြောင့်သွေးတွင်းသကြားဓါတ်ကိုလည်းမြင့်တက်စေနိုင်ပါတယ်။

အစာစားချင်စိတ်နဲ့လှုပ်ရှားမှုတို့မှာ အပြောင်းအလဲဖြစ်သွားရင်လည်း ဆီးချိုရောဂါထိန်းတဲ့နေရာမှာ ရှုပ်ထွေးစေနိုင်ပါတယ်။

  • ဆီးချိုထိန်းဆေးတွေကိုဆက်သောက်ပါ။
  • ဆီးချိုအစားအသောက်ပုံစံကို စွဲစွဲမြဲမြဲလိုက်နာပါ။
  • ဖြစ်နိုင်ရင် စားသောက်မှုပုံစံကို တသမတ်တည်းထားပြီးစားတာက ဆီးချိုသွေးချိုထိန်းတဲ့နေရာမှာပိုထိရောက်စေပါတယ်။
  • ခရက်ကာ လိုမျိုး စားရလွယ်တဲ့ အစားအစာမျိုးတွေဆောင်ထားပါ။
  • ရေဓါတ်မဆုံးရှုံးစေဖို့ရေများများသောက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.niddk.nih.gov/health-information/diabetes/overview/managing-diabetes/4-steps

http://www.healthinaging.org/aging-and-health-a-to-z/topic:diabetes/info:lifestyle-and-management/

http://www.mayoclinic.org/diseases-conditions/diabetes/in-depth/diabetes-diet/art-20044295?pg=2

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချို နဲ့ အစားအစာဆိုင်ရာ အယူအဆမှားများ

ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရချိန်မှာ သွေးတွင်းသကြားဓာတ်ကျစေဖို့



Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement