ဆီးချိုရှိတဲ့သူတွေအနေနဲ့ အချိုစာတွေပဲရှောင်မယ် သဘာဝအချိုဖြစ်တဲ့ အသီးတွေကိုတော့ စားလို့ရမယ်ထင်တယ်ဆိုပြီး အသီးစားမယ်ဆိုရင်တောင် ဒီအသီးတွေကိုတော့ အများကြီး မစားပါနဲ့။ အကြောင်းကတော့ အခုပြောပြမယ့် အသီးတွေက ဆီးချိုရှိသူတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးကို ဖြစ်စေနိုင်လို့ပါ။
စပျစ်သီးက အမျှင်ဓာတ်၊ ဗီတာမင် နဲ့ အခြားသော အာဟာရဓာတ်တွေကြွယ်ဝတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့် သကြားဓာတ်ပါဝင်မှုများတာကြောင့် ဆီးချိုရှိသူတွေ အနေနဲ့ အများကြီး မစားသင့်ပါဘူး။ အထူးသဖြင့် ခရမ်းရောင် စပျစ်သီးတွေကိုပါ။ အစိမ်းရောင် စပျစ်သီးတွေကတော့ ခရမ်းရောင်ထက်စာရင် အချိုပါဝင်မှု နည်းပါတယ်။
ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ စပျစ်သီးစားသုံးမယ်ဆိုရင် လက်ဖက်ရည်ခွက် တစ်ခွက်စာလောက်ပဲ စားသုံးသင့်ပါတယ်။
သရက်သီးစိမ်းက ဆီးချိုသမားတွေ စားလို့ရတယ်ဆိုပေမယ့် သရက်သီးမှည့်ကတော့ အချိုကဲတာကြောင့် ဆီးချိုရှိမယ်ဆိုရင် အများကြီး မစားသင့်ပါဘူး။
မြန်မာလူမျိုး တော်တော်များများ သဘောကျ နှစ်ခြိုက်တဲ့ သရက်သီးမှည့်မှာ သကြားဓာတ် နဲ့ ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် ဆီးချိုသမားတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် အများကြီး စားတာမျိုး မလုပ်ဖို့ လိုပါမယ်။ တစ်နေ့တာလုံးမှာ အရွယ်တော် တစ်လုံးရဲ့ တဝက်စာလောက်ပဲ စားသုံးပေးပါ။
လိုင်ချီးသီး
လိုင်ချီးသီး အရွယ်တော် တစ်လုံးမှာ သကြားဓာတ် ပါဝင်မှုက ၁၆ ဂရမ် ရှိပါတယ်။ သကြားဓာတ် ပါဝင်မှု မြင့်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ဆီးချို ရှိသူတွေအနေနဲ့ လိုင်ချီးသီးကို သဘောကျတယ်ဆိုရင်တောင် အများကြီး မစားသင့်ပါဘူး။ ဆီသွတ်ဘူးတွေထက် လတ်ဆတ်တဲ့ အသီးကိုပဲ စားပေးပါ။ တစ်နေ့တာကို ၂ လုံး ၃ လုံးလောက်ပဲ စားပေးပါ။
ငှက်ပျောသီးက အရသာရှိသလို ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက်သင့်တော်တယ်ဆိုပေမယ့် အခြားအသီးတွေထက် ကယ်လ်လိုရီပါဝင်မှုများသလို ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်ပါဝင်မှုလည်းများပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။