backup og meta

သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့

သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့

ဆီးချို ဆိုတာက နာတာရှည် ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့က အတော်လေး အရေးကြီးပါတယ်။ အစားအစာတွေကို ခန္ဓာကိုယ် ကျန်းမာအာဟာရ ပြည့်ဝဖို့ လိုအပ်တယ်ဆိုပေမယ့် အစားအစာအချို့က သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် ဆီးချို ရှိသူတွေအနေနဲ့ စားချင်ပေမယ့် စားလို့ မရတာမျိုးတွေ ရှိပါတယ်။ အချို့သော အစားအစာတွေကတော့ သွေးချိုတက်စေနိုင်တယ် ဆိုပေမယ့် အချို့သော အစားအစာတွေကတော့ သွေးချိုကို ထိန်းပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

ဆီးချိုက ကြောက်စရာကောင်းလား!

ဆီးချိုက ကြောက်စရာကောင်းလား ဆိုတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း စားသောက်မှုပုံစံ ပြောင်းလဲတာ၊ အထိုင်များတဲ့ နေ့စဉ် ဘဝနေထိုင်မှုပုံစံတွေကြောင့် ဆီးချိုဖြစ်တဲ့ နှုန်းတွေက အတော်လေး များလာခဲ့ပါတယ်။ WHO ရဲ့ စစ်တမ်းတွေအရ ၁၉၈၀ ခုနှစ်က အသက် ၁၈ နှစ်အထက် ဆီးချိုရောဂါ ခံစားနေရသူ အရေအတွက်က ၄.၇ ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ်မှာ ၈.၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။ ၂၀၃၀ ခုနှစ်မှာ ဆီးချိုရောဂါက လူသားတွေကို သေဆုံးစေတဲ့ ရောဂါတွေရဲ့ နံပါတ် ၇ နေရာအထိရောက်လာနိုင်တယ်။ နောက်ပိုင်းနှစ်တွေမှာလည်း ပိုပြီး တိုးလာနိုင်တယ်လို့ WHO အဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ကံကောင်းတာ တစ်ခုကတော့ နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေက ဆီးချို ရှိသူတွေမှာရော ပုံမှန် ကျန်းမာတဲ့သူတွေမှာပါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်ဆိုတာပါ။ ဒီတော့ ဘယ်လို အစားအစာတွေက သွေးချိုကို ထိန်းညှိပေးနိုင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့

သဘာဝအတိုင်း သွေးချိုထိန်းပေးနိုင်မယ့် ခါးသက်သက် အစားအစာအချို့ ကတော့

  • ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးက ခါးတဲ့အရသာ ရှိပါတယ်။ ဒါကြောင့် လူကြိုက် နည်းပါတယ်။ ကြက်ဟင်းခါးသီးက ခါးတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတွင်းအဆီလည်း ကျစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်စေဖို့အတွက် ကြက်ဟင်းခါးသီးကို ဆေးဖြစ်ဝါးဖြစ် နည်းနည်းလောက် စားပေးလို့ ရပါတယ်။ အင်ဆူလင် ထွက်ရှိမှု ကောင်းစေဖို့ ကြက်ဟင်းခါးသီးကို စားပေးလို့ ရပါတယ်။

  • ကိုက်လန်

အစိမ်းရောင် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်တဲ့ ကိုက်လန်ကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုက်လန်ရွက်ကြော်ကို စားပေးတာကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် နည်းလမ်း တစ်ရပ်ပါ။ နောက်တစ်ချက် ကိုက်လန်မှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကလည်း အဆာခံနိုင်စေပြီး ခဏခဏ မစားမိအောင် ကူညီပေးသလို အမျှင်ဓာတ် ပါဝင်နေတာကြောင့်လည်း အစားစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ဆိုရင် ကိုက်လန်ရွက် စားပေးလို့ ရပါတယ်။

  • ဟင်းနုနွယ်

ဝိတ်ကျစေဖို့ အများဆုံး စားကြတဲ့ ဟင်းနုနွယ်က သံဓာတ်ကို ဖြည့်ပေးနိုင်သလို အမျှင်ဓာတ်ကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်က အပေါ်မှာ ပြောခဲ့သလို သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဗီတာမင် A၊ C၊ E၊ Kနဲ့ ဖောလိတ်၊ သံဓာတ်၊ ကော့ပါး၊ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • နှမ်းစေ့

နှမ်းစေ့က ခါးသက်သက် အရသာ ရှိတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် နှမ်းကို စားသုံးပေးတာကလည်း သွေးချိုကို ထိန်းညှိပေးနိုင်တဲ့ အစားအစာ တစ်မျိုးပါ။ နှမ်းစေ့ မစားချင်ဘူးဆိုရင်လည်း နှမ်းဆီကို စားပေးလို့ ရပါတယ်။

ကဲ …. သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ဆိုရင် အခုပြောခဲ့တာလေးတွေထဲက စိတ်ကြိုက်ဖြစ်တဲ့ အစားအစာလေးတွေကို နေ့စဉ် စားသုံးမှုလေးထဲမှာ ထည့်စားသုံးပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Effects of Bitter Substances on GI Function, Energy Intake and Glycaemia-Do Preclinical Findings Translate to Outcomes in Humans? https://www.ncbi.nlm.nih.gov/pmc/articles/PMC8072924/ Accessed Date 9 January 2022

ယခုပုံစံ

16/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား

ဆီးချိုသွေးချိုရောဂါကို ကုသလို့ပျောက်ကင်းနိုင်လား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement