backup og meta

COVID-19 ကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်း (၂)ခု။

COVID-19 ကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်း (၂)ခု။

COVID-19 ဟာ သေချာသတိထားမယ်ဆိုရင် အကြောက်လွန်နေစရာမလိုဘဲ ကာကွယ်နိုင်ပါတယ်။ ကာကွယ်လို့ရတဲ့ ရောဂါဖြစ်ပါတယ်။

COVID-19 ဟာ လူလူချင်း ကူးစက်တဲ့အခါ နည်းလမ်း (၂)မျိုးနဲ့ ကူးစက်နိုင်တယ်။

၁။ ရောဂါပိုးရှိနေသူက ချောင်းဆိုး၊ နှာချေလိုက်တဲ့အချိန်မှာ တစ်ရှူးနဲ့ ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ အကာအကွယ် မလုပ်ထားဘူးဆိုရင် ရောဂါပိုးပါဝင်တဲ့ အမှုန်အမွှားတွေက ၆ ပေ ပတ်လည်က လူတွေကို ကူးစက်နိုင်တယ်။

၂။ ရောဂါပိုးရှိနေသူက ချောင်းဆိုးနှာချေတာမျိုးလုပ်ပြီး ကျသွား၊ ပေသွားတဲ့ ရောဂါပိုးပါဝင်တဲ့ အမှုန်အမွှားတွေကို နောက်တစ်ယောက်က ကိုင်မိ ထိမိပြီး မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ထိကိုင်ခြင်းအားဖြင့် ခန္ဓာကိုယ်အတွင်း ဝင်ရောက်နိုင်တယ်။

ဒုတိယနည်းလမ်းနဲ့ ကူးစက်မှုက အများစုဖြစ်ပါတယ်။ နေ့တိုင်း လူအများကြီး ထိမိကိုင်တွယ်မိနေတဲ့အရာတွေမှာ ရောဂါပိုးမွှားတွေ ကပ်ညိနေနိုင်တယ်။ ဥပမာ စက်လှေကားလက်ရမ်းတွေ၊ ဓာတ်လှေကားခလုတ်တွေ၊ ဘတ်စ်ကား လက်ကိုင်ကွင်းတွေ၊ ထိုင်ခုံတွေ၊ စားပွဲတွေ၊ တံခါးလက်ကိုင်တွေ အစရှိတဲ့ နေရာတိုင်းမှာ ပိုးမွှားတွေရှိနေနိုင်တယ်။ ဒီပိုးမွှားတွေကို မလွှဲသာ မရှောင်သာ ထိကိုထိမိမှာပဲ။ အဲဒီနောက်မှာတော့ ပေနေတဲ့လက်နဲ့ ကိုယ့်မျက်နှာကို ကိုင်တွယ်ကြပြန်တဲ့အခါ ပိုးမွှားတွေကို တိုက်ရိုက် သွင်းယူလိုက်သလို ဖြစ်သွားတယ်။ COVID-19 သာမက တခြား ရောဂါပိုးတွေဟာလည်း ဒီလိုပဲပြန့်တယ်။

ဒါကို ကာကွယ်ဖို့ဆိုရင်

၁။ လက်ဆေးပါ။ မကြာခဏဆေးပါ။ ကိုယ်တစ်ယောက်တည်း ကိုင်တွယ်အသုံးပြုတာ မဟုတ်တဲ့ ပစ္စည်းမှန်သမျှကို ထိမိ ကိုင်မိပြီးတာနဲ့ဆေးပါ။ သတိရတိုင်းဆေးပါ။

၂။ မျက်နှာကို မကိုင်ပါနဲ့။ မျက်နှာကိုင်တဲ့အကျင့်ဟာ လူတိုင်းလိုလိုမှာရှိတယ်။လေ့လာချက်တွေအရဆိုရင် လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နာရီအတွင်းမှာ မျက်နှာကို ၁၆ ခါထိပါတယ်တဲ့။ လက်ဆေးပြီး ထိလို့ရတယ် ဆိုပေမယ့် လက်ဆေးတာက တစ်နာရီတစ်ခါတောင် ဆေးဖြစ်မှာမဟုတ်ပေမယ့် မျက်နှာကိုကတော့ ၁၆ ခါလောက်ထိပြီးနေပြီ။ ဒီတော့ ရောဂါပိုးကို ကာကွယ်ဖို့ဆိုရင် ကိုယ်တိုင်လုပ်လို့ရတဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ မျက်နှာကို လုံးဝ မကိုင်တွယ်ဖို့ပါ။

မျက်နှာကိုင်တတ်တဲ့အကျင့်ကို ဖြတ်တောက်ဖို့အတွက်

၁။ ဒီနည်းလမ်းက အကောင်းဆုံး ကာကွယ်နည်းဆိုတာကို အမြဲသတိရပါ။ အကြောက်လွန်စရာမလိုပေမယ့် ဒီရောဂါဟာ သေတဲ့အထိ ဖြစ်နိုင်တယ်ဆိုတာကို သတိရပါ။ ကိုယ့်အတွက်မဟုတ်ရင်တောင် ကိုယ့်အနီးပတ်ဝန်းကျင်က အသက်ကြီးသူတွေဖြစ်တဲ့ အဖေအမေ၊ အဖိုးအဖွားတွေအတွက် ဂရုစိုက်ပါ။ ဒီနည်းက ထိရောက်ပါတယ်။

၂။ တစ်နေ့ကို မျက်နှာဘယ်နှစ်ခါ ထိဖြစ်နေလဲဆိုတာကို စိတ်ထဲထည့်ထားပါ။ ထိမိသွားတိုင်းလည်း သတိတရနဲ့ မှတ်ထားပါ။ တဖြည်းဖြည်းနဲ့ အကြိမ်ရေ လျော့လာပါလိမ့်မယ်။

၃။ ဘယ်အချိန်တွေမှာ မျက်နှာကိုင်တတ်လဲဆိုတာကို သတိထားကြည့်ပါ။ ဥပမာ စိတ်ညစ်တဲ့အချိန်၊ တွေးတဲ့အချိန်၊ စကားပြောနေတဲ့အချိန် စသဖြင့်။ ပြီးရင် မျက်နှာကိုင်မယ့်အစား တခြားအရာတွေကို အစားထိုးပြုလုပ်ပါ။

၄။ အမွေးနံ့ပါတဲ့ လက်ဆေးရည်အသုံးပြုပါ။ ဒါဆို အမွေးနံ့ကို ရတဲ့အချိန်တိုင်း မျက်နှာကိုမထိဖို့ကို သတိရမိနေပါလိမ့်မယ်။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

11/05/2020

Dr. Thurein Hlaing Win မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

COVID-19 ရောဂါပိုးကို ပျံ့နှံ့စေနိုင်တဲ့ အရာဝတ္တုနဲ့ နေရာများ

ကလေးတွေ မှာဘာလို့ COVID-19 အဖြစ်နည်းတာလဲ



Dr. Thurein Hlaing Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement