backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ရင်သားကင်ဆာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်သားကင်ဆာ

ရင်သားကင်ဆာ က အဖြစ်များတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေမှာမှ ဖြစ်နိုင်တာ မဟုတ်ဘဲ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း သတိထားသင့်တဲ့ ကင်ဆာ တစ်မျိုးပါ။

ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။

ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။ 

ရင်သားကင်ဆာက အမျိုးအစား အများကြီး ရှိပါတယ်။ အချို့သော ရင်သားကင်ဆာတွေမှာ ရင်သား အကျိတ်အဖုတွေ မဖြစ်တာမျိုး ရှိပြီး အချို့သော ရင်သားကင်ဆာတွေမှာတော့ အကျိတ်တွေက တဖြည်းဖြည်းချင်းမှ ကြီးလာတာမျိုးပါ။ ကင်ဆာကျိတ်တွေ မြန်မြန်ကြီးထွားလာပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးလည်း ရှိပါတယ်။

ရင်သားကင်ဆာ လက္ခဏာများ

ရင်သားကင်ဆာ အများစုက လက္ခဏာ ပြသတာမျိုး မရှိပါဘူး။ ဒါပေမယ့် အချို့ အမျိုးအစားတွေကတော့ ရင်သားမှာ သိသာတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေပါတယ်။ 

တစ်ခါတလေမှာ ရင်သားကင်ဆာ လက္ခဏာတွေက အခြား ကျန်းမာရေးပြဿနာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါကြောင့် အခုပြောပြမယ့် လက္ခဏာတွေ ခံစားနေရမယ်ဆိုရင်တော့ မြန်နိုင်သမျှ မြန်မြန် ကုသစစ်ဆေးမှုတွေ ခံယူဖို့ လိုပါမယ်။

  • အကျိတ် : ရင်သားမှာ အကျိတ် ဖြစ်တာက ရင်သားကင်ဆာရဲ့ အတွေ့ရများတဲ့ လက္ခဏာ တစ်ရပ်ပါ။ ရင်သားကင်ဆာ အကျိတ်ကို အလွယ်ဆုံး စမ်းသပ် သိရှိနိုင်မယ့် နည်းလမ်းက ရာသီလာပြီး ၂ ပတ်အကြာမှာ စမ်းကြည့်တာပါ။
  • ရင်သားနာကျင်မယ် – ရင်သားနာကျင်တာက ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ တွေ့ရများတဲ့ လက္ခဏာ တစ်ရပ်ပါ။ အကျိတ်က ကြီးလာပြီး ရင်သားအရေပြားနဲ့ တစ်ရှူးတွေကို တင်းစေတာကြောင့် ရင်ဘတ်အောင့်တာ၊ ရင်သားရောင်ရမ်းတာမျိုး ခံစားရနိုင်ပါတယ်။ နေရထိုင်ရ သက်သောင့်သက်သာ မရှိတာမျိုးလည်း ခံစားရနိုင်ပါတယ်။
  • ရင်သားပြောင်းလဲမယ် – ရင်သား အရွယ်အစား၊ ပုံသဏ္ဍာန် ပြောင်းလဲတာ၊ ရင်သားက ပုံမှန် မဟုတ်တာမျိုး ခံစားရနိုင်ပါတယ်။ 
  • အသားအရေပြောင်းမယ် – တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် ရင်သားတစ်ခုလုံး အသားအရောင် ပြောင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကလည်း ရင်သားကင်ဆာကို စစ်ဆေး​ကြည့်ဖို့ လိုမယ့် လက္ခဏာ တစ်ရပ်ပါ။
  • ရင်သား ယားယံမယ် – ရင်သားက နီမြန်းမယ်၊ အသားဖတ်တွေလန်မယ်။ ယားယံမယ်ဆိုရင်တော့ ရင်သားကင်ဆာစစ်ဆေးကြည့်ဖို့ လိုပါမယ်။ 
  • ရင်သားအတွင်း ချိုင့်ဝင်မယ် – ရင်သားထိပ်က အတွင်းထဲ ဝင်သွားတာ၊ ရင်သားထိပ်ပိုင်း အရေပြားတွေ လန်တာမျိုး ခံစားရမယ်ဆိုရင်လည်း ရင်သားကင်ဆာစစ်ဆေးကြည့်ဖို့ လိုပါမယ်။  
  • ရင်သားက အရည်ထွက်မယ် – နို့တိုက်မိခင်မဟုတ်ဘဲ ရင်သားကနေ နို့ရည်လို အရည်တွေ ထွက်မယ်။ အဝါရောင်အရည်တွေ ထွက်မယ်။ သွေးစလေးတွေလိုပါ ပါလာမယ်ဆိုရင် ရင်သားကင်ဆာစစ်ဆေးကြည့်ဖို့ လိုပါမယ်။ 

ရင်သားကင်ဆာ ဆိုတာ

ရင်သားအကျိတ်တိုင်းက ရင်သားကင်ဆာလို့ မဆိုလိုနိုင်ပါဘူး။ ရင်သားကင်ဆာ အမျိုးအစားတိုင်းကလည်း အကျိတ် မဖြစ်ပါဘူး။ ရင်သားထဲမှာ အကျိတ် တစ်ခုခုကို မစမ်းမိဘဲ ရင်သားကင်ဆာဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ရင်သား အရေပြားထူလာတာမျိုး ဖြစ်မယ်ဆိုရင် သေချာလေး ကုသစစ်ဆေးမှု လုပ်ဆောင်ဖို့ လိုပါမယ်။ 

ရင်သားကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်း

ရင်သားကင်ဆာက ရင်သားထဲမှာရှိတဲ့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားကွဲပွားမှုတွေ ဖြစ်ရာကနေ စတင်တာပါ။ 

ဒါ့အပြင် အခုပြောပြမယ့် အချက်တွေကြောင့်လည်း ရင်သားကင်ဆာဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။

  • အသက်အရွယ် –  အမျိုးသမီးတွေက အသက်အရွယ် ရလာလေလေ ရင်သားကင်ဆာဖြစ်နိုင်ခြေ များလာလေလေပါ။ 
  • မျိုးရိုး – မိခင်၊ အစ်မ၊ အဖွားတို့မှာ ရင်သားကင်ဆာ ဖြစ်ဖူးမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေက ပိုများနေပါတယ်။ ရင်သားကင်ဆာခံစားရသူတွေရဲ့ ၈၅ ရာခိုင်နှုန်းက မျိုးရိုးကြောင့်ပါ။  
  • မျိုးဗီဇ – ရင်သားကင်ဆာ ဖြစ်မှုရဲ့ ၁၀ ရာခိုင်နှုန်းလောက်က မျိုးဗီဇကို လက်ဆင့်ကမ်း ရရှိထားတာကြောင့်ပါ။
  • ရင်သား အရွယ်အစား – ရင်သားကြီးသူတွေက သေးသူတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများနေပါတယ်။ 
  • မျိုးရိုး – လူဖြူတွေက အခြား လူမျိုးတွေထက် ရင်သားကင်ဆာ ခံစားရနိုင်ခြေ ပိုများပါတယ်။  
  • ကိုယ်အလေးချိန် – ကိုယ်အလေးချိန် ရှိသင့်တာထက် များနေသူတွေ၊ အဝလွန်နေသူတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ 
  • အရက် – အရက်သောက်သုံးသူတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ 
  • ရာသီစက်ဝန်း – ရာသီစလာတဲ့ အရွယ်စောတာ၊ နောက်ကျမှ သွေးဆုံးတာတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေပါတယ်။

ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ။

ရင်သားကင်ဆာကို စစ်ဆေးတဲ့ နည်းလမ်းတွေ အဆင့်တွေကတော့ အများကြီးပါ။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုအနေနဲ့ ရင်သားကို စမ်းသပ်တာမျိုး လုပ်လို့ ရသလို ရင်သားကို ပုံရိပ်ဖော် စစ်ဆေးတာတွေ လုပ်ဆောင်လို့ ရပါတယ်။ အသားစယူပြီး စစ်ဆေးလို့လည်း ရပါတယ်။ 

ရင်သားတစ်ရှူးတွေမှာ အကျိတ်ရှိနေလားဆိုတာကို သိနိုင်ဖို့ mammogram နဲ့ အယ်ထွာဆောင်းကို အသုံးပြုလို့ ရပါတယ်။ ရင်သားကင်ဆာကို MRI နည်းသုံးပြီးလည်း စစ်ဆေးနိုင်ပါတယ်။ 

နောက်ထပ် နည်းလမ်းတစ်ခုကတော့ ရင်သားကနေ အသားစ နမူနာယူပြီး စစ်ဆေးတာပါ။ ရင်သားအကျိတ်ရဲ့ တည်နေရာ၊ အခြေအနေ၊ အရွယ်အစားကို လိုက်ပြီး စစ်ဆေးမှု နည်းလမ်းတွေ ကွာခြားနိုင်ပါတယ်။ 

ရင်သားကင်ဆာစစ်ဆေးမှု နည်းလမ်းများ

ရင်သားကင်ဆာကို အခုလိုလေးတွေ စစ်ဆေးနိုင်ပါတယ်။ 
  • Fine needle aspiration – ဒီစစ်ဆေးနည်းမှာ ဆရာဝန်က ရင်သားအရေပြားအောက်ကို သေးငယ်တဲ့ အပ်ကလေး ထိုးသွင်းပြီး စစ်ဆေးမှာ ဖြစ်ပါတယ်။ 
  • Core needle biopsy – ဒီစစ်ဆေးနည်းမှာတော့ အပ်နည်းနည်း ခပ်ကြီးကြီးကို သုံးပြီး ရင်သားအကျိတ် တဝိုက်က တစ်ရှူးတွေကို ရယူ စစ်ဆေးမှာ ဖြစ်ပါတယ်။  
  • Surgical biopsy – ဒီစစ်ဆေးမှုမှာတော့ အကျိတ်က အသားစကို ခွဲစိတ်ရယူပြီး အသားစယူ စစ်ဆေးမှာ ဖြစ်ပါတယ်။.
  • Lymph node biopsy – ပြန်ရည်ကျိတ်လးတွေ တဝိုက်က တစ်ရှူးစ နမူနာကို ရယူစစ်ဆေးမှာ ဖြစ်ပါတယ်။ 

ကျွမ်းကျင်သူတွေက ရင်သား အသားစ နမူနာ ကို မိုက်ခရိုစကုပ်စ် အောက်မှာ စစ်ဆေးမှာပါ။ 

ရင်သားကင်ဆာ အမျိုးအစားများ

ရင်သားကင်ဆာအမျိုးအစားက တစ်မျိုးမက ရှိပါတယ်။ ရင်သားကင်ဆာ အမျိုးအစားကို သိမှ ကုသနိုင်မယ့် နည်းလမ်းကို ရွေးချယ်နိုင်မှာပါ။ 

ရင်သားကင်ဆာကို အဓိကအားဖြင့် အကျိတ်စတင်ဖြစ်ပေါ်ရာ ရင်သားတစ်ရှူးအပေါ်မူတည်ပြီး ခွဲပါတယ်။ ဥပမာ ရင်သားကင်ဆာက နို့ရည်ပြွန်တွေကနေ စဖြစ်တာဆိုရင် နို့ပြွန်ကင်ဆာ (ductal cancers) လို့ သတ်မှတ်ရပါမယ်။ ရင်သားကင်ဆာရဲ့ ၈၀ ရာခိုင်နှုန်းက နို့ပြွန်ကင်ဆာ အမျိုးအစားပါ။

နောက်တစ်မျိုးကတော့ နို့ရည်ထုတ်ဂလင်းတွေကနေစတင်ဖြစ်ပေါ်တဲ့ နို့ရည်ပြုဂလင်းကင်ဆာ (Lobular cancer) ပါ။ ရင်သားကင်ဆာရဲ့ ၈ ရာခိုင်နှုန်းသော အမျိုးအစားပေါ့။

ဒါတွေအပြင်

ရင်သားကင်ဆာအဆင့်

ကင်ဆာဆဲလ်တွေက ရင်သားကနေ ဘယ်လောက်ဝေးတဲ့ ပမာဏကို ပြန့်လဲဆိုတဲ့အပေါ်မူတည်ပြီး ရင်သားကင်ဆာကို အဆင့် သတ်မှတ်နိုင်ပါတယ်။

  • ကင်ဆာဆဲလ်တွေက နို့ရည်ပြွန်၊ ဒါမှမဟုတ် နို့ရည်ပြုဂလင်းဆဲလ်တွေမှာ ဖြစ်ပွားနေမယ်ဆိုရင် အနီးဆုံးမှာ ရှိတဲ့ ရင်သားကင်ဆာ အခြေအနေ (in situ အဆင့်) လို့ သတ်မှတ် ပါမယ်။
  • ဒီလိုကနေမှ ကင်ဆာဆဲလ်တွေက အနီးတဝိုက်မှာရှိတဲ့ ရင်သားတစ်ရှူးတွေဆီကို ထိုးဖောက်ပြန့်နှံ့သွားမယ်ဆိုရင်တော့ ပြန့်နှံ့စိမ့်ဝင်တဲ့အခြေအနေ (invasive or infiltratingအဆင့်) လို့ သတ်မှတ်ပါမယ်။
  • ရင်သားကင်ဆာဆဲလ်တွေက ရင်သားကနေ အဝေးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ကြတဲ့ ဦးနှောက်၊ အရိုး၊ အဆုတ်၊ အသည်းတွေဆီ ပြန့်နှံ့ရောက်ရှိသွားတဲ့အဆင့် ဒီအဆင့်ကို (Metastatic breast cancerအဆင့်) လို့လည်း သတ်မှတ်ကြပါတယ်။

ရင်သားကင်ဆာကို အကျိတ် အရွယ်အစား၊ ပြန်ရည်ကျိတ် အခြေအနေ၊ ပြန့်နှံ့မှု အကွာအဝေးကို မူတည်ပြီး 0 (ကင်ဆာ အစပျိုးမှု အဆင့်) ကနေ IV ( ကင်ဆာ ပြန့်ပွားနေတဲ့အဆင့်) ဆိုပြီး သတ်မှတ်ပါတယ်

ရင်သားကင်ဆာကို နောက်ထပ် ခွဲခြားနိုင်တာက ကင်ဆာဆဲလ်တွေရဲ့က ပြန့်နှံ့မှု အတိုင်းအတာကိုလိုက်ပြီး

  • (less aggressive, lower grade) ပြန့်ပွားမှု မမြန်တဲ့အနေအထား နဲ့

ရင်သားကင်ဆာကုသမှု နည်းလမ်းများ

ရင်သားကင်ဆာကို ကုသတဲ့နည်းက တစ်ခုမကပါဘူး။ ကင်ဆာအဆင့်၊ grade၊ အမျိုးအစားကို လိုက်ပြီး ကုထုံး ကွာခြားနိုင်ပါတယ်။

  • ခွဲစိတ်ကုသမှု – ဒါကတော့ ကင်ဆာကျိတ်ကို ခွဲစိတ်ဖယ်ရှားတာပါ။ ရင်သား တစ်ခုလုံးကို ဖယ်ရှားတာ ရှိသလို ကင်ဆာဆဲလ်တွေရှိနေတဲ့ အကျိတ်တဝိုက်က တစ်ရှူးတွေ၊ ပြန်ရည်ကျိတ်လေးတွေကို ဖယ်ရှားတာလည်း ရှိပါတယ်။
  • ဆေးသွင်းကုသမှု – ကင်ဆာဆဲလ်တွေက ရင်သာအပြင်အခြားနေရာတွေကိုပါ ပြန့်နှံ့နေပြီဆိုရင်တေ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ဖို့အတွက် ဆေးသွင်းကုသမှု ခံယူရပါမယ်။
  • ဟော်မုန်း ကုထုံး – ကင်ဆာဆဲလ်တွေကြီးထွားစေမယ့် ဟော်မုန်း ထုတ်လုပ်မှုကို ဟန့်တားလိုက်တဲ့ ကုထုံးတစ်ရပ်ပါ။
  • ကိုယ်ခံအားကုထုံးကိုယ်ခံအားဆဲလ်တွေက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားဆဲလ်တွေကို လှုံ့ဆော်ပေးတဲ့ ကုထုံးပါ။
  • ဓာတ်ရောင်ခြည် ကုထုံး – ကင်ဆာဆဲလ်တွေကို သတ်ပစ်ဖို့ ပြင်းအားမြင့် ရောင်ခြည်ကို သုံးပြီး ကုသတဲ့ ကုထုံးပါ။

ကာကွယ်နည်း

ရင်သားကင်ဆာက စောစောသိ စောစောကုသနိုင်လေလေ ထိရောက်မှု ရှိလေလေပါ။ ဒီတော့ ရင်သားကင်ဆာကို ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင်

  • ရင်သားက ပုံမှန်ဟုတ်ရဲ့လားဆိုတာကို အစဉ်မပြတ် စစ်ဆေးပါ။
  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
  • အယ်လ်ကိုဟော ဖြတ်ပါ။
  • ပြည့်ဝဆီ လျှော့ပါ။
  • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ။
  • နှစ်စဉ် ရင်သားစစ်ဆေးမှု ခံယူပါ။
  • မိသားစုမှာ ရင်သားကင်ဆာဖြစ်ဖူးတရှိမယ်ဆိုရင် အသက် ၄၀ မတိုင်ခင်ကတည်း နှစ်စဉ် ရင်သား စစ်ဆေးမှု ခံယူပါ။
  • ရင်သားကင်ဆာမျိုးရိုး မရှိသူတွေကတော့ အသက် ၄၀ ကျော်လာရင် ပုံမှန် စစ်ဆေးမှု ခံယူပါ။

Takeaways

ရင်သားကင်ဆာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပါ။ ဒါပေမယ့် ကိုယ်တိုင် စစ်ဆေး သိရှိနိုင်ပါတယ်။ အသက် ၄၀ ပြည့်ပြီးတဲ့အခါ ရင်သားကို ပုံမှန် ပုံရိပ်ဖော် စစ်ဆေးမှု ခံယူရပါမယ်။ တကယ်လို့ ပုံရိပ်ဖော်စစ်ဆေးတာမျိုး မလုပ်ဆောင်ချင်ဘူးဆိုရင် လစဉ် အိမ်မှာ ကိုယ်တိုင် ရင်သားကို စစ်ဆေးတာမျိုး လုပ်ဆောင်ဖို့ လိုပါမယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 03/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement