backup og meta

သင်မသိသေးသည့် ခံတွင်းအနံ့ဆိုးစေသော အကြောင်းရင်း ၁၀ချက်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်မသိသေးသည့် ခံတွင်းအနံ့ဆိုးစေသော အကြောင်းရင်း ၁၀ချက်

    ခံတွင်းအနံ့ဆိုးခြင်းသည် လူတိုင်းကို စိတ်ကသိကအောက် ဖြစ်စေနိုင်သည်။ မည်သူမျှ ခံတွင်းနံခြင်းကို ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် သင်သည် လူအများနှင့် တွေ့ဆုံရန် လိုအပ်သောအချိန်အခါတွင် ခံတွင်းနံ့နံခြင်းကို နည်လမ်းအမျိုးမျိုး (သွားတိုက်ခြင်း၊ အာလုပ်ကျင်းခြင်း၊ သွားပွတ်ကြိုးဖြင့် အစာများကိုရှင်းခြင်း) ဖြင့် ဖယ်ရှားနိုင်ရန် ကြိုးစားပါလိမ့်မည်။ သို့သော်လည်း မပျောက်ကင်းနိုင်ဘဲ ကျွန်ုပ်တို့ကို စိတ်ကသိကအောက် ဖြစ်စေလိမ့်မည်။ သိပ္ပံပညာရှင်များသည် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေသောအကြောင်းအရာများနှင့် ဖြေရှင်းနည်းများကို ရှာဖွေလျက်ရှိရာ ၎င်းတို့ကို အောက်တွင် ဖော်ပြထားသည်။

    အရက်

    အရက်သောက်ခြင်းသည် ခံတွင်းနံ့ကို ဆိုးစေသည်။ သုတေသနပညာရှင်များ၏ ပြောကြားချက်အရ အရက်သောက်ခြင်း သည် ခံတွင်းကိုခြောက်သွေ့စေပြီး ဘက်တီးရီးယားပိုးများပေါက်ခြင်းကို အားပေးကာ ခံတွင်းအနံ့ကို ဆိုးစေနိုင်သည်။ ခံတွင်းခြောက်ခြင်းသည် ညအိပ်ပြီး မိုးလင်းသောအခါ ခံတွင်းအနံ့ဆိုးရခြင်း အကြောင်းရင်းတစ်ချက်လည်း ဖြစ်သည်။ ကဖီးဓါတ်ပါဝင်သော အချိုရည်များ၊ စပ်သောအစားအစာ များ၊ စီးကရက်များသည်လည်း ခံတွင်းနံ့ကို ဆိုးစေနိုင်သည်။

    သင်၏လျှာ

    သွားတိုက်သောအခါ လျှာကို သွားတိုက်တံ (သို့) လျှာပွတ်တံဖြင့် နေ့စဉ် မသန့်စင်ဘဲထားလျှင်လည်း ဘက်တီးရီးယားပိုး များကျန်နေသောကြောင့် ခံတွင်းနံခြင်းကို မဖယ်ရှားနိုင်ပါ ။ လျှာပွတ်တံသည် ဘက်တီးရီးယားမှို၊ အစာအကြွင်းအကျန်နှင့် ဆဲလ်အသေများကို ဖယ်ရှားနိုင်သောကြောင့် ပို၍ နှစ်သက်ကြသည်။

    ကာဗိုဟိုက်ဒရိတ်နည်းသောအစားအသောက်များ စားခြင်း

    ကာဗိုဟိုက်ဒရိတ်အနည်းငယ်စား၍ အသားဓါတ်များများစားခြင်းသည် ခန္ဓါကိုယ်တွင်း စွမ်းအင်ရရှိဖို့အတွက် အဆီလောင်ကျွမ်းမှုကိုအားပေးပြီး ခံတွင်းနံ့ နံစေသော ketones ဒြပ်ပေါင်းကို ဖြစ်ပေါ်စေသည်။ ဒီအခြေအနေမျိုးတွင် သင်၏ခံတွင်း သန့်ရှင်းလတ်ဆတ်နေစေဖို့ အချိုဓါတ်မပါ သော ပီကေဝါးခြင်းက သွားသန့်ရှင်းရေးလုပ်ခြင်းထက် ပိုမိုကောင်းမွန်တယ်လို့ အကြံပေးချင်ပါတယ်။

    သစ်သီးခြောက်စားခြင်း

    သစ်သီးခြောက်စားခြင်းသည် သွားကြားထဲတွင် အစာကပ်ညှိ လွယ်ပြီး အချိုဓါတ်များစွာပါဝင်သောကြောင့် ဘက်တီးရီးယားပိုးမွှားကို ပေါက်ပွားစေနိုင်သည်။ ထို့ကြောင့် သရေစာစားပြီးလျှင် သွားတိုက်ရန်နှင့် သွားကြားထဲက အစာများကို ချက်ချင်းရှင်းရန် မမေ့သင့်ပါဘူး။

    အအေးမိ၊နှာစေးခြင်း

    အအေးမိနှာစေးခြင်းသည် ခံတွင်းကို ခြောက်သွေ့စေနိုင်သောကြောင့် ဘက်တီးရီးယားပိုးမွှားကို ပိုပေါက်စေနိုင်ပြီး ခံတွင်းနံ့ကို ဆိုးစေနိုင်သည်။

    အနာ

    အနာသက်သက်က က ပြဿနာမဟုတ်သော်လည်း အနာဖြစ်စေသော Helicobacter pylori ဘက်တီးရီးယားကတော့ ခံတွင်းနံ့ကို ဆိုးစေနိုင်သောကြောင့် ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ကာ ပိုးသတ်ဆေးသောက်ခြင်းဖြင့် ရောဂါပိုးမွှားနှင့် အနံ့ဆိုးခြင်းများကို ကုသနိုင်သည်။

    ဆေးဝါးများ

    တချို့သောဆေးများသည် တံတွေးထွက်ခြင်းကို လျော့နည်းစေပါသည်။ ထိုသို့ဆိုလျှင်များစွာသော ဘက်တီးရီးယားပိုးမွှားများကို မဖယ်ရှားနိုင်တော့ဘဲ ခံတွင်းကိုခြောက်စေပြီး အနံ့ဆိုးများ ထွက်စေနိုင်သည်။ သို့သော်လည်း ဆရာဝန် ခွင့်မပြုဘဲ ဆေးများကို မပြောင်းသင့်ပါဘူး။ ယင်းအခြေအနေတွင် ရေများများသောက်ခြင်းနှင့် အချိုမပါသော ပီကေဝါးခြင်းက အကောင်းဆုံးပါပဲ။

    အာသီးတွင် ကျောက်တည်ခြင်း

    အာသီးတွင် ကျောက်တည်ခြင်းသည် ဘက်တီးရီးယားများ၊ အစာများ၊ ဆဲလ်အသေများ၊ အကျိအချွဲများက အာသီးနှင့် လျှာအနောက်တွင် ကပ်ငြိခြင်းကြောင့် ဖြစ်ပေါ်လာသည်။ ၎င်းသည် အနံ့ဆိုးထွက်ခြင်းမှလွဲ၍ သွားကို အန္တရာယ် မဖြစ်စေနိုင်ပါဘူး။ ယင်းကျောက်တည်ခြင်းသည် အလိုအလျောက် ပြုတ်ထွက်သွားနိုင်သလို ဆားရည်ဖြင့် ပလုတ်ကျင်းခြင်းဖြင့် လည်း ပျော်ကျသွားအောင် ပြုလုပ်နိုင်ပါသည်။

    အစာခြေစနစ်မမှန်ခြင်း

    ခံတွင်းအနံ့ဆိုးခြင်းသည် အစာခြေစနစ်မမှန်သောကြောင့်လည်း ဖြစ်နိုင်ပါသည်။ လက္ခဏာများမှာ ရင်ပူခြင်း၊ ပါးစပ်ချဉ်ခြင်းတို့ ဖြစ်ပါသည်။ အစာခြေစနစ်မမှန်သောကြောင့် မကြေညက်သောအစာများနှင့် အစာအိမ်မှ အက်စစ်ဓါတ်များ လျှံတက်ကာ အနံ့ဆိုးခြင်းကို ဖြစ်စေသည်။

    ကျိုးပဲ့နေသော သွားနှင့် အံဝင်ခွင်ကျမဖြစ်သော အံကပ်

    ကျိုးပဲ့နေသော သွားနှင့် အံဝင်ခွင်ကျမဖြစ်သော အံကပ်သည် အစာများကို ညှပ်စေနိုင်သည်။ ရောဂါပိုးမွှားများ ပေါက်ဖွားခြင်း၊ အနံ့ဆိုးများထွက်ခြင်းနှင့်အတူ သွားပေါက်များ၊ သွားဖုံးရောဂါ များကိုဖြစ်စေသည်။ ယင်းအခြေအနေများဖြစ်ပေါ်လာပါက သွားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement