သွေးဖြူဥနည်းတာက ခန္ဓါကိုယ်အတွက် မကောင်းပါဘူး။ သွေးဖြူဥနည်းတာနဲ့ပတ်သက်လို့ သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပေးပါ။
သွေးဖြူဥဆိုတာ ဘာလဲ…….
သွေးဖြူဥဆိုတာက ခန္ဓါကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။
သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပကရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။
ဘယ်လိုအခြေအနေကိုသွေးဖြူဥနည်းတယ်လို့ဆိုတာလဲ…………
သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။
ပုံမှန်ရှိသင့်တဲ့ ပမာဏ – ၃၅၀၀ ကနေ ၁၀၅၀၀per microliter
ပမာဏနည်းနေတယ်ဆိုရင် – ၄၅၀၀per microliter ထက်နည်းနေတာ
ပမာဏများနေတယ်ဆိုရင် – ၁၁၀၀၀per microliter ထက်များနေတာပါ။
သွေးဖြူဥနည်းရင်ဘာဖြစ်မလဲ……….
သွေးဖြူဥကများရင်မကောင်းသလို နည်းပြန်ရင်လည်းမကောင်းပါဘူး။ လူအများစုကနေ့စဉ်မှာသွေးဖြူဥဆဲလ် ၁၀၀ ဘီလျံဝန်းကျင်ထုတ်လုပ်ကြပါတယ်။သွေးဖြူဥနည်းတာက ကိုယ်ခံအားကို အားလျော့စေနိုင်ပါတယ်။သွေးတွင်းမှာသွေးဖြူဥဆဲလ်တွေနည်းလာတဲ့အခါ ခန္ဓါကိုယ်ကရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကျသွားပြီး မကြာခဏဆိုသလို ဖျားနာလာတာမျိုးဖြစ်နိုင်ပါတယ်။ရောဂါတွေအလွယ်တကူဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်။
ဘာကြောင့်သွေးဖြူဥနည်းရတာလဲ……..
သွေးဖြူဥနည်းစေတဲ့ အကြောင်းအရင်းတွေက တစ်ခုမကရှိနေပါတယ်။
- မျိုးရိုးလိုက်တာ
- ကင်ဆာရှိနေတာ
- ရိုးတွင်းခြင်ဆီမှာပြဿနာတစ်ခုခုရှိနေတာ
- ရောဂါတစ်ခုခုကူးစက်ခံထားရတာ (ဥပမာ တီဘီမဆုတ်ရောင်ရောဂါပိုး၊ HIVရောဂါပိုး)
- အာဟာရချို့တဲ့တာ
- Crohn’s disease ခံစားနေရတာ
- ကင်ဆာကြောင့် ဓါတ်ရောင်ခြည်ကုထုံးခံယူနေရတာ
- ဗီတာမင် ချို့တဲ့တာ
- အသည်းရောဂါရှိနေတာ
- သရက်ရွက်ကြီးနေတာ
- အဆစ်အမြစ်ရောင်ရောဂါရှိနေတာတွေကြောင့်သွေးဖြူဥနည်းနိုင်ပါတယ်။
သွေးဖြူမနည်းအောင် ကာကွယ်လို့ရလား……
သွေးဖြူဥမနည်းအောင်ကာကွယ်လို့ရပါတယ်။
- တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။ (အစားအစားတွေမကိုင်ခင်၊ အိမ်သာကဆင်းတဲ့အချိန်နဲ့ ညစ်ပေတဲ့အရာကို ကိုင်တွယ်ပြီးချိန်တိုင်းမှာ လက်ကိုပုံမှန်ဆေးပါ)
- အိမ်မွေးတိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးမနေပါနဲ့
- မကျက်တကျက်အစားအစာတွေကို မစားပါနဲ့
- ကူးစက်တတ်တဲ့ရောဂါရှိသူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့
- ဆေးထိုးအပ်တွေကို မျှမသုံးပါနဲ့။
သွေးဖြူဥအရေအတွက်တိုးလာစေမယ့်သဘာဝနည်းလမ်းတွေရှိလား…..
သွေးဖြူဥတိုးလာစေဖို့ အခုပြောပြမယ့်နည်းလမ်းတွေက အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပါ။
- ကိုယ်အလေးချိန်များနေရင် ကိုယ်အလေးချိန်လျှော့ပေးပါ
- ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါ
- အချိုလျှော့စားပါ
- ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီတွေကိုလျှော့စားပါ
- စိတ်ဖိစီးမှုကိုလျှော့ပါ
- အိပ်ရေးဝဝအိပ်ပါ
- အာဟာရပြည့်ဝအောင်စားသောက်ပါ။
သွေးဖြူဥနည်းတာက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် ကျန်းမာတဲ့သွေးဖြူဥအရေအတွက်ကို ရှိသင့်တဲ့ပမာဏမှာ ရှိနေအောင် ထိန်းထားဖို့ အကြံပြုပါရစေနော်။
Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]