backup og meta

ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ်

ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ်

ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ် …… ဆောင်းရာသီမှာ မိန်းကလေးတွေအတွက် သဘာဝကရတဲ့ ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းလို့ ရမယ့်နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ ယောက်ျားလေးတွေလည်း အဆင်ပြေရင် လုပ်ကြည့်လို့ ရတယ်နော်။ အချိန်လည်း သိပ်ပေးစရာမလိုပဲ ကိုယ့်အိမ်မှာ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းလေးတွေဖြစ်လို့ အားလပ်ချိန်တွေမှာ အသားအရေကို ထိန်းသိမ်းချင်သူတွေအတွက် သင့်လျော်မယ်လို့ ထင်ပါတယ်။

ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ်

ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ် ဘယ်လို ထိန်းသိမ်းကြမလဲဆိုတော့

အစိုဓာတ်ထိန်းပေးမယ့် ပျားရည် Mask

၁။ ပထမနည်းလမ်းကတော့ ပျားရည်ကို ဇွန်းအပြည့် တစ်ဇွန်းခပ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးပါ။ ၅မိနစ်ကနေ နာရီဝက်လောက် မျက်နှာပေါ်မှာ ဒီအတိုင်းထားပြီးမှ ရေနွေးနွေးလေးနဲ့ သေချာသန့်စင်ပေးပါ။

၂။ ဒုတိယနည်းလမ်းက နွားနို့တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ ကြက်ဥအနှစ် တစ်လုံးကို သေချာမွှေပေးပါ။ မျက်နှာသစ်ပြီးမှ မွှေထားတဲ့ ပျားရည်အနှစ်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ မိနစ် ၂၀လောက် ဒီအတိုင်းထားထားပြီးရင် ရေနွေးလေးနဲ့ သေချာသန့်စင်ပေးပါ။

ပျားရည်မှာ အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်ပါတဲ့အပြင် ဒီနည်းလမ်းတွေ အသုံးပြုပြီးတဲ့အချိန်မှာ ကိုယ့်အသားအရေလေးက နူးညံ့ပြီး ချောမွတ်နေတာကို ခံစားမိမှာပါ။ မျက်နှာကို သွေးလည်ပတ်မှု ကောင်းစေဖို့ Mask ကို စက်ဝိုင်းပုံစံ သုတ်လိမ်းပေးတာ ပိုကောင်းပါတယ်။

မျက်နှာသန့်စင်ပေးဖို့အတွက် ပျားရည် Cleanser

ပျားရည်ကို သဘာဝအုန်းဆီတစ်ဇွန်းနဲ့ ရောမွှေပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးရုံပါ။ ၃မိနစ်လောက်နေရင် ရေနွေးနဲ့ သေချာပြန်ဆေးပေးပါ။

ပျားရည်ဟာ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အညစ်အကြေးတွေ၊ အဆီတွေကို သန့်စင်ပေးနိုင်တဲ့အပြင် မိန်းကလေးတွေ မိတ်ကပ်ဖျက်တဲ့နေရာမှာလည်း အသုံးပြုလို့ ရပါတယ်။ အသုံးပြုတဲ့နေရာမှာ မျက်လုံးထဲ မဝင်သွားစေဖို့တော့ ဂရုစိုက်ပေးရမယ်နော်။

အသားအရေကို နူးညံ့ချောမွေ့သွားစေတဲ့ ပျားရည် Lotion

ပျားရည် တစ်ဇွန်း၊ သံလွင်ဆီ တစ်ဇွန်းနဲ့ သံပုရာရည် (သံပုရာသီး တစ်ခြမ်းစာလောက် ညှစ်ပေးရင် လုံလောက်ပါတယ်) ကို ရောမွှေပြီး အသားအရေခြောက်နေတဲ့ နေရာတွေကို ပွတ်လိမ်းပေးပါ။ မိနစ် ၂၀လောက်နေရင် အဝတ်သန့်သန့်လေးနဲ့ ပြန်သုတ်လိုက်ရုံပါပဲ။ ဆေးစရာတော့ မလိုပါဘူး။

ဆောင်းရာသီမှာ အရေပြားမကြာခဏ ခြောက်သွေ့တဲ့သူတွေနဲ့ အသားမပပ်အောင် ကာကွယ်ဖို့အတွက် မကြာခဏ သုံးပေးသင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။

အရေပြားပေါ်က ဆဲလ်အသေတွေကို ကွာကျစေတဲ့ ပျားရည် Exfoliant

ပျားရည် ၂ဇွန်း၊ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို သေချာမွှေပြီး မျက်နှာကို ၃မိနစ်ခန့် သေချာပွတ်ပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ ပြန်ဆေးချပေးရုံပါပဲ။

မျက်နှာအတွက်သာမက ခန္ဓာကိုယ်နေရာအနှံ့အတွက်ပါ အသုံးပြုလို့ ရပါတယ်။ တစ်ပတ် တစ်ကြိမ် အသုံးပြုပေးရုံနဲ့ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက် ကွာကျစေပြီး အသားအရေကိုလည်း ဝင်းပလာစေနိုင်ပါတယ်။

အပေါ်မှာ ပြထားခဲ့တဲ့ နည်းလမ်း ၄ခုကို ပုံမှန်လေး လုပ်ပေးသွားမယ်ဆိုရင် အချိန်တိုအတွင်း သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့ရှိရမှာ အသေအချာပါပဲ။ အထူးသဖြင့် အခုလို ဆောင်းရာသီ အေးစက်နေတဲ့ ရာသီဥတုမျိုးမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေ၊ အသားအရေခြောက်သွေ့တာတွေကိုလည်း ကာကွယ်ပေးနိုင်ပြီး အရေပြားကို သဘာဝအတိုင်း နူးညံ့စိုပြည်စေမှာပါ။

အသားအရေထိန်းသိမ်းလိုသူတွေအတွက် ပျားရည်ရဲ့ ကောင်းကျိုး။

၁။ ပျားရည်ဟာ အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တယ်။

၂။ ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်အတွက် အသားအရေကို စိုပြေချောမွတ်စေပြီး အဆီပြန်တတ်တဲ့သူတွေအလည်း သုံးလို့ အဆင်ပြေစေပါတယ်။

၃။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေတယ်။

၄။ အမည်းစက်တွေ၊ ဝက်ခြံတွေကို ပျောက်စေပြီး အသားအရောင်ကိုလည်း ညီညာစေတယ်။

၅။ ချွေးပေါက်အတွင်းထဲထိ ပိတ်နေတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တယ်။

၆။ မျက်နှာပေါ်က အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၇။ အလွယ်တကူ ဝယ်ယူလို့ ရတဲ့အပြင် အချိန်လည်း သိပ်မပေးရတာကြောင့် ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး အသားအရေကို ထိန်းသိမ်းလိုသူတွေ၊ အလှကြိုက်သူတွေအတွက် အဆင်ပြေစေပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Honey Skin Care And Treatment Tips –https://www.treehugger.com/organic-beauty/8-ways-use-honey-pamper-your-skin-and-hair.html (Dec 10, 2018)

Beauty Tips With Honey –https://www.womenshealthmag.com/beauty/a19946109/beauty-uses-for-honey/ (Dec 10, 2018)

 

ယခုပုံစံ

25/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေလည်း ကျန်းမာလှပတဲ့ အသားအရေ ပိုင်ဆိုင်ဖို့လိုအပ်ပါတယ်

မျက်နှာအဆီပြန်တတ်တဲ့ အမျိုးသားတွေ ကိုယ့်ရဲ့အသားအရေကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement