backup og meta

မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။

အိမ်ထောင်ကျပြီးပြီပဲ။ မေမေ ဖြစ်လာပြီပဲ လှနေဖို့ မလိုတော့ပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘဲ မနေလိုက်ပါနဲ့။ မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ကျန်းမာဖို့ကစလို့ သပ်သပ်ရပ်ရပ် စမတ်ကျကျ ဖြစ်အောင် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။

ကိုယ့်ကိုယ်ထက် အခြားသူတွေကို မေတ္တာအပြည့်နဲ့ ပိုဂရုစိုက်ပေးတတ်သူကို အမြတ်တနိုးနဲ့ ခေါ်ဖို့ သတ်မှတ်ပေးထားတဲ့ အမည်နာမလေးက “မေမေ” ဆိုတာပါ။

မေမေဖြစ်လာရင် ကိုယ့်ကိုယ်ကို ဂရုစိုက်မှု လျော့သွားတတ်တာ သဘာဝပါ။

အမျိုးသမီးတွေဟာ အိမ်ထောင်ကျသွားတဲ့အခါ အရင်ကလောက် ကိုယ့်ကိုယ်ကို အချိန် မပေးနိုင်တော့ပါဘူး။ အသားအရေ ထိန်းသိမ်းဖို့ကို မဆိုထားနဲ့ စားသောက်ဖို့ ချက်ပြုတ်ချိန်မှာတောင် ခင်ပွန်းသည်အကြိုက် ချက်ပေးရင်း အဆင်ပြေသလို စားလိုက်မယ်လို့ တွေးမိကြတတ်သူတွေပါ။ သားသမီးတွေအရေးကိုလည်း အရာရာတိုင်းထက် ဦးစားပေးတတ်ကြသူတွေပေါ့။

ဒါကြောင့်လည်း မေမေလို့ ခေါ်တာပါ။ ကိုယ့်ကိုယ်ထက် အခြားသူတွေကို မေတ္တာအပြည့်နဲ့ ပိုဂရုစိုက်ပေးတတ်သူကို အမြတ်တနိုးနဲ့ ခေါ်ဖို့ သတ်မှတ်ပေးထားတဲ့ အမည်နာမလေးက “မေမေ” ဆိုတာပါ။

မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။

မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။

မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။ ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်နေအောင် ဆောင်ကြဉ်းပေးမယ့် လက်အစုံပိုင်ရှင်က မေမေပါ။ မေမေ ကိုယ်တိုင် ကျန်းမာမှ သားသားမီးမီးတွေကိုရော ခင်ပွန်းသည်ကိုပါ ကျန်းမာပျော်ရွှင်အောင် ဂရုစိုက်ပေးနိုင်မှာပါ။

နေ့စဉ် စားသုံးမှုမှာ အာဟာရမျှတအောင် စီစဉ်ပေးတာ၊ သားသားမီးမီးတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပညာရေး၊ လူမှုရေး အားလုံးကို ထောင့်စေ့အောင် လုပ်ဆောင်ပေးနိုင်သူက မေမေပါ။

မနက် အိပ်ရာထချိန်ကနေစလို့ မနက်စာစားတာ၊ ကျောင်းသွား၊ အလုပ်သွားဖို့ ပြင်တာ၊ နေ့လယ်စာအတွက် အာဟာရသင့်တင့်မျှတပြီး ကျန်းမာရေး ညီညွတ်အောင်ချက်ပြုတ်ထားတဲ့ စားဖွယ်ရာတွေကို ထမင်းချိုင့် ထည့်ပေးတာ အပါအဝင် ညနေ ရုံးကပြန်လာတဲ့ ဖေဖေကိုရော ကျောင်းကနေ ပြန်လာမယ့် သားသားမီးမီးလေးတွေကို အမောပြေစေအောင် အစစအရာရာ ပြင်ဆင်ဖန်တီးပေးနိုင်သူကလည်း မေမေ့အပြင် မရှိပါဘူး။ အရသာရှိရှိ ညစာလေးနဲ့ မိသားစု လက်ဆုံ ထမင်းဝိုင်းလေးကို ဖန်တီးပေးနိုင်တာရောပေါ့။

ဒီလိုမှလည်း နွေးထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖြစ်မှာ ဖြစ်သလို ကျန်းမာပျော်ရွှင် ထက်မြက်တဲ့ သားသားမီးမီးလေးတွေအဖြစ် ပျိုးထောင်ပေးနိုင်တော့မှာပေါ့။

ဒါကြောင့် မေမေ ကိုယ်တိုင်က ကျန်းမာနေစေဖို့ လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရမျှတအောင် သေချာ ဂရုတစိုက်စားတာ၊ အိပ်ချိန် ပုံမှန်ထားရှိတာလိုမျိုး ကျန်းမာစေမယ့် အလေ့အထလေးတွေကို မွေးမြူပြီး ကိုယ့်ကိုယ်ကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။

  • မေမေက သားသားမီးမီးတို့ရဲ့ စံပြပါ။

အပေါ်မှာ ပြောခဲ့သလို မိသားစုလေးကို သေချာ ဂရုစိုက်နိုင်ဖို့အတွက် မေမေက ကျန်းမာဖို့ လိုသလို သပ်သပ်ရပ်ရပ်နဲ့ လှပကြော့ရှင်းတဲ့ လူနေမှုပုံစံကို မွေးမြူဖို့လည်း လိုအပ်ပါသေးတယ်။ အကြောင်းကတော့ သားသားမီးမီးတို့ရဲ့ မြင်ဆရာ သင်ဆရာက မေမေ ဖြစ်နေလို့ပါပဲ။

ချစ်ရတဲ့ သားသားမီးမီးတွေကို တစ်ကိုယ်ရေသန့်ရှင်းမှု အားကောင်းပြီး သပ်ရပ်သန့်ပြန့်စွာ နေထိုင်နိုင်စေဖို့နဲ့ ကျန်းမာရေး လိုက်စားတတ်သူတွေ ဖြစ်စေဖို့ မေမေကိုယ်တိုင်က သပ်ရပ်သန့်ရှင်းစွာ နေထိုင်ဖို့ လိုပါမယ်။ ဒါမှလည်း သူတို့ရဲ့ စံပြဖြစ်တဲ့ မေမေနေထိုင်ပြုမူသလို သားသားမီးမီးတွေက နေထိုင်တော့မှာပေါ့။ ဒါကြောင့် မေမေတစ်ယောက်ဖြစ်လာပြီဆိုရင် သားသားမီးမီးတွေအတွက် အကောင်းဆုံး စံပြဖြစ်ဖို့နဲ့ ဘေဘီလေးတွေကို အကောင်းဆုံး စောင့်ရှောက်ပျိုးထောင်နိုင်ဖို့ မေမေတို့ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ပြည့်စုံကျန်းမာအောင် သေချာ ဂရုစိုက်ပါ။

ဒါကြောင့်မို့လို့ မေမေ ဖြစ်လာရင် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပါ။ လို့ ပြောရတာပါ။ ကဲ ….. ပျော်ရွှင်ကျန်းမာတဲ့ မိသားစုလေး ဖြစ်စေဖို့အတွက် ကိုယ့်ကိုယ်ကို သေချာလေး ဂရုစိုက်ပါ လေဒီမေမေတို့ရေ …….

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Putting Your Family First Doesn’t Make You a Better Mom https://www.goodhousekeeping.com/health/wellness/a25655596/self-care-for-moms/ Accessed Date 21 February 2022

Self-Care For Moms Shouldn’t Be Optional https://wintergardenmoms.com/2020/10/06/self-care-for-moms-shouldnt-be-optional-and-here-is-why/ Accessed Date 21 February 2022

10 REASONS WHY SELF CARE IS IMPORTANT FOR MOMS (AND WHY IT SHOULDN’T BE OPTIONAL!) https://community.today.com/parentingteam/post/10-reasons-why-self-care-is-important-for-moms-and-why-it-shouldnt-be-optional Accessed Date 21 February 2022

ယခုပုံစံ

28/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ