backup og meta

အမျိုးသမီးခန္ဓါဗေဒဆိုင်ရာသိထားရမယ့်အချက်များ

အမျိုးသမီးခန္ဓါဗေဒဆိုင်ရာသိထားရမယ့်အချက်များ

မျိုးပွားမှုတာဝန်ကိုဆောင်ရွက်ရတာကြောင့်အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်က အမျိုးသားတွေနဲ့ မတူကွဲပြားနေပါတယ်။ အမျိုးသမီးတွေရဲ့ ပြင်ပမျိုးပွားဖွဲ့စည်းမှုမှာ အပိုင်း ၂ ပိုင်းပါဝင်ပါတယ်၊ ခန္ဓါကိုယ်တွင်းထဲကို သုတ်ကောင်တွေဝင်ရောက်စေနိုင်ဖို့လုပ်ဆောင်ပေးတဲ့အပိုင်းနဲ့ ကိုယ်တွင်းမျိုးပွားအင်္ဂါအစိတ်အပိုင်းကို ကူးစက်ရောဂါပိုးတွေမဝင်ရောက်နိုင်အောင်ကာကွယ်တဲ့အပိုင်းပဲဖြစ်ပါတယ်။

သားဥအိမ်များ

သားဥအိမ်တွေဟာ အယ်မွန်လ်သီးအရွယ်အစားလောက်သာရှိတဲ့ သေးငယ်တဲ့ဂလင်းတွေဖြစ်ကြပါတယ်။ သားအိမ် ရဲ့အထက်ပိုင်းဘေးတစ်ဖက်တစ်ချက်စီတင်ပါးဆုံအတွင်းပိုင်းမှာရှိတာဖြစ်ပါတယ်။ သားဥအိမ်တွေဟာ မမျိုးဥ လို့ခေါ်တဲ့ estrogen နဲ့ progesterone တို့လိုမျိုး လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်။ သားဥတွေကို အမျိုးသမီးတစ်ဦးရဲ့ ငယ်စဉ်ကနေစလို့ အပျိုဖော်ဝင်ပြီးတဲ့နောက် အရွယ်ရောက်တဲ့အချိန် အထိတဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ oocyte ဆဲလ်တွေကနေဖြစ်ပေါ်စေတာဖြစ်ပါတယ်။ လစဉ်သားဥကြွေချိန်တိုင်း မှာအရွယ်ရောက်ပြီးဖြစ်တဲ့ သားဥတွေကိုထုတ်လွှတ်ပေးပါတယ်။ သားဥတွေဟာ သားအိမ်ဆီကိုမရောက်ခင်မှာ သားဥပြွန်ကိုဖြတ်သန်းလာတာဖြစ်ပါတယ်။

သားဥပြွန်

သားဥပြွန်ဆိုတာက သားဥအိမ်ရဲ့အစွန်းပိုင်း သားအိမ်အထက်ပိုင်း ဘယ်ဘက်နဲပညာဘက်အစွန်းတွေမှာရှိနေတဲ့ ကြွက်သားပြွန်အစုံလိုက်ကိုဆိုလိုတာဖြစ်ပါတယ်။ သားဥပြွန်ဟာထိပ်မှာရှိတဲ့ကတော့ပုံ နဲ့အခေါင်းပေါက်ပုံစံရှိတဲ့ infundibulum အရောက်မှာအဆုံးသတ်သွားပြီးဒီအစိတ်အပိုင်းကို လက်ချောင်းလေးတွေနဲ့သဏ္ဍာန်တူတဲ့ fimbriae ဆိုတဲ့အင်္ဂါအစိတ်အပိုင်းနဲ့ဖုံးအုပ်ထားပါတယ်။ fimbriae ကသားဥအိမ်အပြင်ဘက်မှာရှိနေပြီး ထုတ်လွှတ်လိုက်တဲ့ မျိုးဥတွေကို infundibulum ထဲရောက်ရှိအောင်လုပ်ဆောင်ပေးခြင်းဖြင့် သားဥတွေကိုသားအိမ်ဆီကိုရောက်ရှိစေ ပါတယ်။ သားဥပြွန်အတွင်းပိုင်းမှာ သားဥတွေကိုသားအိမ်ဆီကိုသယ်ပို့ရာမှာ လွယ်ကူချောမွေ့စေအောင် လုပ်ဆောင်ပေးတဲ့ cilia တွေနဲ့ပြွန်နံရံကြွက်သားတွေကိုကာကွယ်ထားပါတယ်။

သားအိမ်

သားအိမ်ဆိုတာက ဆီးအိတ်ရဲ့အထက်ပိုင်းနဲ့အရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ မက်မွန်သီးပုံသဏ္ဍန်ကြွက်သား အခေါင်းပေါက်တစ်ခုပဲဖြစ်ပါတယ်။ အထက်ပိုင်းအစွန်းနားမှာ သားဥပြွန်နှစ်ခုနဲ့ချိတ်ဆက်ထားပြီး အဆုံးမှာ သားအိမ်လမ်းကြောင်းနဲ့ဆက်စပ်ထားပါတယ်။ သားအိမ်ကကိုယ်ဝန်ဆောင်ကာလအတွင်းသန္ဓေသားကြီးထွားဖွံ့ဖြိုး မှုကိုအထောက်အပံ့အကာအကွယ်ပေးပါတယ်။ သားအိမ်အတွင်းနံရံဖြစ်တဲ့ endometriumလို့သိကြတဲ့ အစိတ်အပိုင်းက သန္ဓေသားအစောပိုင်းဖွ့ဲဖြိုးမှုကို အထောက်အကူပြုပေးပါတယ်။ သားအိမ်ကြွက်သားတွေက ကလေးမွေးဖွားချိန်မှာကလေးကိုမွေးလမ်းကြောင်းကနေတဆင့် အပြင်ကိုရောက်ရှိစေဖို့ကြွက်သားတွေကိုကျုံ့ပေး ပါတယ်။

သားအိမ်လမ်းကြောင်း

သားအိမ်လမ်းကြောင်းက ကျုံ့နိုင်ဆန့်နိုင်တဲ့ သားအိမ်ခေါင်းနဲ့ခန္ဓါကိုယ်ပြင်ပအစိတ်အပိုင်းကိုဆက်သွယ်ပေး ထားတဲ့ ကြွက်သားပြွန်တစ်ခုဖြစ်ပါတယ်။ သားအိမ်လမ်းကြောင်းဟာ သားအိမ်ရဲ့ အနောက်ဘက်စွန်းနဲ့ဆီးအိတ် အရှေ့ဘက်စွန်းကြားမှာတည်ရှိတာဖြစ်ပါတယ်။ သားအိမ်လမ်းကြောင်း လိင်ဆက်ဆံတဲ့အခါ သားအိမ်နဲ့ သားဥပြွန် ထဲကိုသုတ်ပိုးတွေသယ်ဆောင်ပေးပါတယ်။ ကလေးမွေးဖွားတဲ့အခါမှာလည်း မွေးလမ်းကြောင်းတစ်ခုအနေနဲ့ ကလေးကိုမွေးဖွားပေးပါတယ်။ ရာသီသွေးဆင်းချိန်မှာလည်း ရာသီသွေးတွေကို သားအိမ်လမ်းကြောင်းကနေတဆင့် စီးဆင်းစေပါတယ်။

ယောနိဝ

ယောနိဝဆိုတာက အမျိုးသမီးအင်္ဂါအစပ်ဖြစ်ပါတယ်။ ယောနိဝမှာ သားအိမ်လမ်းကြောင်းရဲ့ပြင်ပအစွန်းပိုင်းဖြစ်ပြီး mons pubis၊ labia majora,၊labia minoraနဲ့ clitoris တို့ပါဝင်ပါတယ်။ The mons pubis ဒါမှမဟုတ် pubic mound ဆိုတာကအရေပြားနဲ့ pubic အရိုးကြားမှာ ကူရှင်သဖွယ်လုပ်ဆောင်ပေးထားတဲ့ တစ်သျှူးအလွှာပါး တစ်ခုဖြစ်ပါတယ်။ mons pubis အတွင်းပိုင်းမှာ labia majora လို့ခေါ်တဲ့ ဘယ်နဲ့ညာကိုခွဲဖြာသွားတဲ့အစိတ်အပိုင်း တစ်ရပ်ပါဝင်ပါတယ်။ mons pubis နဲ့ labia majora တို့ကိုဆီးခုံမွေးတွေနဲ့ဖုံးအုပ်ထားပါတယ်။ labia majora ထဲမှာ အရွယ်အစားသေးငယ်ပြီးအမွှေးအမျှင်တွေမရှိတဲ့ labia minora လို့ခေါ်တဲ့အရေပြားအပိုင်းလေးတစ်ခုရှိပါတယ်။ labia minora ရဲ့အပေါ်အစွန်းနားလေးမှာ clitoris လို့သိကြတဲ့ တောင့်တင်းတဲ့တစ်သျှူးလေးတစ်ခုရှိပါတယ်။

ရင်သားနဲ့နို့ရည်ဂလင်း

ရင်သားတွေဟာအမျိုးသမီးတွေရဲ့ခန္ဒါကိုယ်မှာရှိတဲ့ နို့ရည်ဂလင်းတွေပါဝင်နေတဲ့ အထူးကိုယ်အင်္ဂါအစိတ်အပိုင်း တွေပဲဖြစ်ပါတယ်။ ရင်သားနှစ်ခုဟာ ရင်ဘတ်ရဲ့ ဘယ်နဲ့ညာတစ်ဖက်တစ်ချက်စီမှာတည်ရှိပြီး သားမြတ်အလယ် နေရာတွေမှာနို့ရည်ထုတ်လွှတ်ပေးတဲ့ နို့သီးခေါင်းလေးတွေရှိနေပါတယ်။ နို့သီးခေါင်းဘေးပတ်ပတ်လည်မှာရှိတဲ့ ထူထဲပြီးအရောင်နက်မှောင်တဲ့ အရေပြားတွေက နို့သီးခေါင်းတွေကို ကလေးငယ်နို့ချိုစို့တဲ့အခါကာကွယ်ပေးထားတဲ့ တစ်သျှူးတွေပဲ ဖြစ်ပါတယ်။ နို့ရည်ဂလင်းတွေဟာအထူး sudoriferous ဂလင်းတွေဖြစ်ကြပြီး ကိုယ်ဝန်ဆောင် ကာလအတွင်းမှာလှုပ်ရှားသက်ဝင်လာပြီး နို့ချိုတိုက်ကျွေးဖို့လိုအပ်တဲ့အချိန်အတိုင်းအတာတစ်ခုအထိ ရင်သားတစ်ဖက်စီမှာရှိတဲ့ နို့ရည်ဂလင်း ၁၅ ခုကနေ အခု ၂၀ လောက်က နို့ရည်တွေကိုထုတ်လွှတ်ပေးပါတယ်။ နောက်ထပ်ခန္ဓါကိုယ်ဆိုင်ရာအချက်အလက်တွေကိုရှာဖွေဖော်ထုတ်ကြည့်ဖို့ရှက်မနေပါနဲ့ ဒီလိုလုပ်ဆောင်မှုက ခန္ဓါကိုယ်ရဲ့ကျန်းမာမှုကိုထိန်းသိမ်းဖို့အတွက်တိတိကျကျသိရှိနိုင်အောင်အထောက်အကူပေးပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.womenshealthmag.com/beauty/female-anatomy
http://www.webmd.com/sex-relationships/guide/your- guide-female- reproductive-system
https://www.innerbody.com/image/repfov.html

 

ယခုပုံစံ

30/05/2022

Kyaw Thura Htun မှ ရေးသားသည်။

Wilson Chan မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ

ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ



Kyaw Thura Htun မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement