backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hysteroscopy (သားအိမ်အတွင်းမှန်ပြောင်းကြည့်ခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

သားအိမ်အတွင်းမှန်ပြောင်းကြည့်ခြင်း

သားအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်းဟာ အမျိုးသမီးများအတွက် သားအိမ်အတွင်းမှာ ဘာပြသနာရှိတယ်ဆိုတာကို ရှာဖွေဖို့အတွက် ဘေးကင်းပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းဖြစ်ပါတယ်။

သားအိမ်အတွင်း မှန်ပြောင်းကြည့်ခြင်းဆိုတာ ဘာလဲ

မှန်ဘီလူးအသေးလေးတခုသုံးပြီး သားအိမ်အတွင်းကို ကြည့်ရှုစစ်ဆေးတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ အသားစ နမူနာယူပြီး စစ်ဆေးဖို့လည်း တပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါတယ်။

သားအိမ်မှန်ပြောင်းကြည့်ခြင်းဟာ သားအိမ်ကနေ ပုံမှန်မဟုတ်ဘဲ သွေးဆင်းနေတာကို စစ်ဆေးဖို့ နည်းလမ်းကောင်းတခု ဖြစ်ပါတယ်။ အထူးသဖြင့် ဓမ္မတာအရမ်းများနေတဲ့အခါ၊ သွေးဆုံးပြီးမှ သွေးဆင်းတာမျိုး ဖြစ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ အသားမျှင်လုံး၊ အသားလုံးဖြစ်ခြင်း၊ သားအိမ်အတွင်းသား ကင်ဆာဖြစ်ခြင်း၊ သားအိမ်ပုံစံ ပုံမမှန်ခြင်း စတာတွေမှာ ရောဂါရှာဖွေဖို့ အထောက်အကူပြုပါတယ်။

ဘယ်အချိန်မှာ သားအိမ်မှန်ပြောင်းကြည့်ဖို့ လိုသလဲ

အောက်ပါ အကြောင်းအရာမျိုးစုံအတွက် လိုအပ်ပါတယ်။

  • နာကျင်မှု၊ သွေးဆင်းမှုနှင့် အခြားပြသနာများကို ဖြစ်စေသော သားအိမ်အသားမျှင်လုံးဖြစ်ခြင်း
  • သားအိမ်ကျွံခြင်း (ပုံမှန်အနေအထားမှ သားမွေးလမ်းကြောင်းအတိုင်း ကျွံထွက်ခြင်း)
  • သားအိမ်၊ သားအိမ်ခေါင်းနှင့် မျိုးဥအိမ်တွင် ကင်ဆာဖြစ်ခြင်း
  • သားအိမ်အတွင်းပိုင်း တစ်သျှူး တခြားနေရာသို့ ရောက်သည့်ရောဂါ
  • ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • ခါးနှင့် ဆီးစပ်တဝိုက် နာတာရှည် နာကျင်ခြင်း
  • သားအိမ်အသားထူခြင်း
  • ကင်ဆာမဟုတ်တဲ့ ရောဂါများအတွက် သားအိမ် ထုတ်ခြင်းဟာ အခြားကုသနည်းများနဲ့ မအောင်မြင်မှသာ စဉ်းစားရွေးချယ်တတ်ပါတယ်။

    အခြေခံအကြောင်းရင်းကို သိရှိခြင်း

    သားအိမ်မှန်ပြောင်းမကြည့်ခင် ဘာတွေသိသင့်သလဲ

    ဒီနည်းလမ်းဟာ ပုံရိပ်ဖော်နည်းပညာနဲ့ ပြွန်ငယ်လေးကို သားအိမ်ခေါင်းအတွင်းထည့်ကာ ရောဂါရှာဖွေတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ သားဖွားမီးယပ် ဆရာဝန်ဟာ မိန်းမကိုယ်ထဲကို Ultrasound ကြည့်တဲ့ ကိရိယာကို ထည့်သွင်းကြည့်ရှုပါလိမ့်မယ်။

    ကြိုတင်ပြင်ဆင်ခြင်း

    သားအိမ်မှန်ပြောင်းကြည့်ခြင်း မပြုမီ ဘာတွေလုပ်ရမလဲ

    လက်ရှိဘာဆေးတွေ သောက်နေရသလဲ၊ ဓါတ်မတည့်တာ ဘာရှိသလဲ၊ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ မေ့ဆေးဆရာဝန်နဲ့လည်း တွေ့ဆုံနိုင်ပါတယ်။ ဒီအစီအစဉ် မတိုင်မီ စားသောက်ခြင်းကို ဘယ်အချိန်မှာ ရပ်တန့်သင့်တယ်ဆိုတဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ အရေးကြီးပါတယ်။

    ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေကို သိရှိထားဖို့ လိုပါတယ်။ အများအားဖြင့် ခွဲစိတ်ခန်းမဝင်ခင် ၆နာရီခန့်လောက်မှာ စပြီး စားသောက်ခြင်းကို ရပ်တန့်ရပါမယ်။ မခွဲစိတ်မီ နာရီအနည်းငယ်အထိ အရည်တမျိုးမျီုး သောက်နိုင်ပါတယ်။

    ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

    ကုသမှုအစီအစဉ်တွေက ဘာတွေလဲ

    မေ့ဆေးထုံဆေး တမျိုးမျိုးနဲ့ လုပ်ဆောင်ပါလိမ့်မယ်။ မေ့ဆေးထုံဆေးမပေးဘဲလည်း လုပ်ဆောင်တာ ရှိနိုင်ပါတယ်။ ၁၀မိနစ်ခန့် ကြာနိုင်ပါတယ်။

    သားဖွားမီးယပ်အထူးကု ဆရာဝန်ဟာ မိန်းမကိုယ်ကနေ မှန်ဘီလူးကို ထည့်သွင်းပါလိမ့်မယ်။ သားအိမ်ကို ဓါတ်ငွေ့ ဒါမှမဟုတ် အရည်တမျိုးမျိုးနဲ့ ဲပည့်ဖောင်းနေအောင် လုပ်ဆောင်ပါလိမ့်မယ်။ ဒါမှ ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ ဖြစ်ပါတယ်။ ပြီးတဲ့အခါ အသားစယူဖို့ အသားလုံးထုတ်ယူဖို့ ကိရိယာအချို့ကို သုံးစွဲလုပ်ဆောင် ပါလိမ့်မယ်။

    သားအိမ်မှန်ပြောင်းကြည့်ပြီးချိန်မှာ ဘာလုပ်ရမလဲ

    လုပ်ဆောင်တဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါတယ်။ ဘာအဖြေတွေ့တယ်ဆိုတာ ပြောပြပါလိမ့်မယ်။ ထပ်မံပြသဖို့ ရက်ချိန်း ပေးပါလိမ့်မယ်။

    နောက်ရက်တွေမှာ ပုံမှန်လှုပ်ရှားမှုတွေ ပြန်လည် ပြုလုပ်နိုင်ပါတယ်။ နာကျင်တာ၊ သွေးအနည်းငယ် ဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။

    နောက်ဆက်တွဲပြသနာများ

    နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ

    ကျန်တဲ့ကုသမှုတွေလိုပဲ ဒီကိစ္စမှာလည်း ဘေးထွက် ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ တယောက်နဲ့ တယောက်တော့ ဖြစ်တတ်တာခြင်း မတူပါဘူး။ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါတယ်။

    ဖြစ်နိုင်ခြေ ပြသနာတွေကတော့ မေ့ဆေးမတည့်ခြင်း၊ သွေးအလွန်ဆင်းခြင်း၊ သွေးခဲဖြစ်ပေါ်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ဆရာဝန်ညွှန်ကြားချက်တွေကို သေသေချာချာ လိုက်နာရင် နောက်ဆက်တွဲဖြစ်နိုင်ခြေတွေကို လျော့ကျစေနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement