backup og meta

မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ

    မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးကို သတိမပြုမိတတ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဘေးကင်းလုံခြုံရေးနဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုရရှိရေး ကိစ္စရပ်တွေမှာ အနုတ်လက္ခဏာ ဆောင်တတ်ပါတယ်။ အောက်ပါအချက်တွေကတော့ မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ ပဲ ဖြစ်ပါတယ်။

    မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ

    မိန်းမကိုယ် သန့်ရှင်းကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များ ကတော့

    • သဘာထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော၊ တင်းကျပ်သော အတွင်းခံများ မဝတ်ပါနှင့်

    ဓာတုဗေတုချည်မျှင်တွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းခံတွေဟာ ပူလောင်စိုစွတ်စေပြီး လေဝင်လေထွက်လည်း မကောင်းပါဘူး။ ဒါ့အပြင် အဝတ်များ တင်းကျပ်ရင် အရေပြားတွေကို ပွတ်တိုက်ပြီး သေးငယ်တဲ့ ထိခိုက်ဒဏ်ရာတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီအခြေအနေမှာ အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို လျင်မြန်စွာ ပေါက်ပွားစေနိုင်ပါတယ်။ သင့်ကို အကြံပြုချင်တာကတော့ သဘာဝပစ္စည်းတွေ ချည်ထည်တွေကိုပဲ ဝတ်ဆင်ပြီး တင်းကျပ်တဲ့ အဝတ်တွေကို အချိန်ကြာကြာဝတ်ခြင်းမှ ရှောင်ကြဉ်ဖို့ပါပဲ။

    • လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ စစ်ဆေးခြင်း

    သင့်အနေနဲ့ အကာအကွယ်သုံးမယ်၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးမယ်ဆိုရင်တောင် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ၊ လိင်ကြောင့်ကူးစက်တဲ့ ရောဂါတွေ ရှိ၊ မရှိသိရအောင် ဆရာဝန်ကို ပုံမှန်ပြပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါအများစုနဲ့ တခြား ကူးစက်ရောဂါတွေဟာ လက္ခဏာ မပြတတ်ပါဘူး။ ဒါကြောင့် ကျန်းမာတယ်လို့ ယူဆပြီး စစ်ဆေးဖို့ ပျက်ကွက်ရင် တင်ပဆုံအတွင်းပိုင်းအင်္ဂါများ ရောင်ရမ်းတဲ့ရောဂါ ဖြစ်လာနိုင်ပါတယ်။

    သင်ကိုယ်တိုင်ဖြစ်မှန်း မသိနေဘဲ တခြားလူတွေကို ရောဂါပိုး ကူးစက်စေတတ်ပါတယ်။ မိမိဖာသာ ရောဂါအမည်တပ်ခြင်းဟာလည်း အန္တရာယ်များပါတယ်။ အဲ့ဒီအစား ဆရာဝန်နဲ့သာ ပြသသင့်ပါတယ်။

    • မိန်းမကိုယ် ကို မဆေးပါနှင့်

    မိန်းမကိုယ်ဟာ သဘာဝအတိုင်း pH မျှတနေအောင် ထိန်းညှိပြီး ကောင်းတဲ့ဘက်တီးရီးယားတွေကို ရှင်သန်စေခြင်းဖြင့် သူ့ပတ်ဝန်းကျင်ကို လန်းဆန်းနေအောင် ထိန်းသိမ်းပါတယ်။ မိန်းမကိုယ်ဟာ မိမိဖာသာ သန့်ရှင်းမှုပြုလုပ်နိုင်ပြီး ဓာတုဆေးဝါးတွေနဲ့ ဆေးကြောစရာ မလိုပါဘူး။ အမျိုးသမီးတွေအတွက် လုပ်သင့်တာကတော့ မိန်းမကိုယ်ပြင်ပနဲ့ စအိုပိုင်းကိုသာ နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပေးဖို့ပါပဲ။ အဲ့ဒီအခါမှာ အနံ့မပါတဲ့ ဆပ်ပြာများနဲ့သာ အပြင်ပိုင်းကို ဆေးကြောရမှာ ဖြစ်ပါတယ်။

  • ပြင်ပမှ သန့်ရှင်းမှုမရှိသော ပစ္စည်းများ မထည့်သွင်းပါနှင့်
  • Tampon သန့်ရှင်းရေးပစ္စည်း၊ လက်ချောင်းများ၊ လိင်မှုကိစ္စပစ္စည်းများ၊ ယောကျာ်းတန်ဆာ၊ ချောဆီ၊ ကိုယ်ဝန်တားပစ္စည်း စတာတွေဟာ မိန်းမကိုယ်ထဲ ရောက်တတ်တဲ့အရာတွေ ဖြစ်ပါတယ်။ လိင်ကိစ္စသုံးပစ္စည်းများ၊ ရာသီခံခွက်များဟာ သန့်ရှင်းနေဖို့၊ တစ်ခါသုံးပြီးတိုင်း သန့်ရှင်းပေးဖို့ အရေးကြီးပါတယ်။ Tamponဆိုရင်လည်း သူ့အချိန်နဲ့သူ ပုံမှန်လဲပေးဖို့လိုပါတယ်။

    • ရှေ့မှနောက်သို့ ဆေးကြောပါ

    အိမ်သာသွားပြီးချိန်မှာ ရှေ့မှနောက်သို့ ဆေးကြောသွားခြင်းဟာ မစင်များ မိန်းမကိုယ်နဲ့ ထိတွေ့ပြီး ဘက်တီးရီးယားပိုးဝင်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ မိန်းမကိုယ်မှ ဆင်းတဲ့အရာများ ကျန်မနေအောင် ဂရုစိုက်ရပါမယ်။ နူးညံ့ဖြူဖွေးပြီး အနံ့မပါတဲ့ အိမ်သာသုံးစက္ကူကို သုံးစွဲသင့်ပါတယ်။ ဆိုးဆေးနဲ့ တခြားဓာတုပစ္စည်းတွေ မပါဝင်စေဖို့ ဖြစ်ပါတယ်။

    ကျန်းမာတဲ့ မိန်းမကိုယ်ဟာ သူ့ဖာသာသန့်ရှင်းအောင် အရည်တချို့စစ်ထုတ်ပေးပါတယ်။ ပါးစပ်အတွက် သွားရည်ထွက်ပေးသလိုပါပဲ။ အဲဒီသာမန် အနေအထားကို ပျက်ယွင်းစေရင် ထိခိုက်တာ၊ပိုးဝင်တာ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်စေဖို့ ဘာတွေ လုပ်သင့်တယ်၊ ဘာတွေ မလုပ်သင့်ဘူး သိထားသင့်ပါတယ်။

    # လေဒီလေးတိုင်း သိထားသင့်တဲ့ မိန်းမကိုယ် pH

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement