စိတ်ပိုင်းဆိုင်ရာ ပြသနာဖြစ်ပြီး ကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်မှာ တခုခု ချို့ယွင်းနေတယ်လို့ အမြဲတွေးတောမိနေတဲ့ အခြေအနေဖြစ်ပါတယ်။ တခါတရံမှာ သိသာပေမယ့် သတိမထားမိတဲ့ အခြေအနေလည်း ရှိတတ်ပါတယ်။ ဒီလိုအတွေးတွေကြောင့် ရှက်ကြောက်တတ်ပြီး လူအများနဲ့ တွေ့ဆုံနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားလာပါတယ်။
ဆယ်ကျော်သက်အရွယ် စတင်ခါစမှာ ဒီပြသနာဟာ ခပ်စိတ်စိတ်ဖြစ်ပွားတတ်ပါတယ်။ ယောက်ျားလေးရော မိတ်းကလေးမှာပါ ကြုံရတတ်ပါတယ်။ ဒီပြသနာကို ကုသနည်းတွေမှာ ဆေးဝါးကုသနည်းနဲ့ သိမှုဆိုင်ရာ အမူအကျင့်ကုထုံးတွေ ပါဝင်ပါတယ်။
ရှက်ကြောက်ခြင်းဟာ နားလည်တတ်ကျွမ်းသူဆီက အကူအညီယူဖို့ အဟန့်အတား ဖြစ်စေပါတယ်။ ဒါပေမယ့် မိမိသွင်ပြင်အပေါ် ချို့ယွင်းချက်ရှိတယ်လို့ ခံစားလာရရင် ဆရာဝန်နဲ့ မြန်နိုင်သမျှမြန်အောင် ပြသသင့်ပါတယ်။
ဒီပြသနာဟာ သူ့အလိုလို ပျောက်မသွားနိုင်ပါဘူး။ မကုသဘဲထားရင်လည်း စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်လိုသော အတွေးများ ဝင်လာခြင်း စတဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေ ပေါ်လာနိုင်ပါတယ်။
သင့်အနေနဲ့ မိမိသွင်ပြင်အပေါ် ချို့ယွင်းချက်ရှိတယ်လို့ ခံစားလာရရင်၊ မိမိချစ်ခင်သူတွေမှာ ခံစားလာရတာတွေ့ရင် ဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူနဲ့ ပြသပြီး အကြံဉာဏ်၊ ကုသမှုရယူခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
အကြောင်းအရင်း အတိအကျကို မသိရပေမယ့် တခြား စိတ်ပိုင်းဆိုင်ရာ ပြသနာတွေလိုပဲ အကြောင်းအားလုံး ပေါင်းစုံပြီး ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။