Menstrual Cup က ကျန်းမာရေးနဲ့ ညီ၊မညီ ရှေ့မှာ လေ့လာခဲ့ကြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ Menstrual Cup တွေကို ဘယ်လို အသုံးပြုရသလဲဆိုတဲ့အကြောင်းလေး ထပ်ပြီး လေ့လာကြည့်ကြရအောင်။
Menstrual Cup က ကျန်းမာရေးနဲ့ ညီ၊မညီ ရှေ့မှာ လေ့လာခဲ့ကြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ Menstrual Cup တွေကို ဘယ်လို အသုံးပြုရသလဲဆိုတဲ့အကြောင်းလေး ထပ်ပြီး လေ့လာကြည့်ကြရအောင်။

Menstrual Cup ဟာလည်း Tampon လိုပဲ မိန်းမကိုယ်ထဲ ထည့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။ Tampon သုံးဖူးတဲ့သူတွေဆိုရင်တော့ Menstrual Cup ကို သုံးရတာ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ဒါပေမဲ့ ခွက်ဖြစ်တဲ့အတွက်ကြောင့် ခေါက်ထည့်ပြီး အထဲမှာ ပွင့်အောင်လုပ်ရတဲ့ အဆင့်တစ်ဆင့်တော့ ပိုလာတာပေါ့နော်။ Menstrual Cup ကို သုံးတော့မယ်ဆိုရင်
ဘယ်လို ပြန်ထုတ်ရသလဲ။
ကိုယ်နဲ့ သင့်တော်တဲ့ Menstrual Cup ကို ဘယ်လို ရွေးချယ်ရလဲ။
Menstrual Cup ကို ရွေးချယ်ရာမှာ
(၁) အသက်အရွယ်
(၂) မွေးလမ်းကြောင်း အရှည်
(၃) သွေးဆင်းမှု ပမာဏ
(၄) ခွက်ရဲ့ ပျော့ပျောင်းမှု နဲ့ အရွယ်အစား
(၅) ခွက်ထဲ ဝင်နိုင်မယ့် ပမာဏ
(၆) တင်ပါးဆုံကြွက်သားအား (Pelvic floor muscles)
(၇) ကလေးမွေးထားခြင်း ရှိ၊ မရှိ
စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ Menstrual Cup တွေမှာ S နဲ့ L ဆိုပြီး အရွယ်အစား ၂ မျိုးရှိတတ်ကြပါတယ်။ S ဆိုက်ကတော့ များသောအားဖြင့် အသက် ၃၀ အောက် ကလေးမမွေးဖူးတဲ့ အမျိုးသမီးလေးတွေနဲ့ သင့်တော်ပြီး သွေးဆင်းတာ အရမ်းများတယ်ဆိုတဲ့ အမျိုးသမီးတွေ၊ ကလေးမွေးဖူးသူတွေနဲ့ အသက် ၃၀ အထက်ကိုတော့ L ဆိုက်သုံးဖို့ သင့်တော်ပါတယ်။ ကိုယ်နဲ့ မှန်ကန်သင့်လျော်တဲ့ အရွယ်အစားကို ရှာရတာကလည်း Menstrual Cup သုံးမယ့်သူတွေအတွက် စိန်ခေါ်မှုကြီး တစ်ခုပါပဲ။
ကဲ.. ဒါတွေကတော့ Menstrual Cup ကို စနစ်တကျ ဘယ်လိုသုံးမလဲဆိုတဲ့ နည်းလမ်းတွေပါပဲ။ ပြောသာပြောရတယ်၊ သီအိုရီပိုင်ပြီး လက်တွေ့ကျ အခက်အခဲတွေ နည်းနည်း ထပ်တွေ့နိုင်သေးတာမို့ လေဒီတို့ရေ… Practice Makes Perfect ထုံးကိုသာ နှလုံးမူပြီး ကြိုးစားကြပါစို့ရဲ့။
Wathun Myat Chal