backup og meta

သွေးဆုံးတာနဲ့ ပတ်သက်ပြီး ဒီအယူအဆတွေကို ယုံကြည်နေဆဲပဲလား!

သွေးဆုံးတော့မယ်ဆိုရင် အရေပြားတွေက အလိုလိုနေရင်း ပူစပ်ပူလောင်တွေ ခံစားရမယ်။ အဖျားတက်သလို ဖြစ်မယ်၊ ညဘက်တွေမှာချွေးစေးတွေ ပြန်မယ်။ လိင်စိတ် နည်းလာမယ် စတဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုတဲ့ စကားတွေကို ကြားဖူးကြမှာပါ။ နောက်ထပ် ကြားမိနိုင်တာမျိုး​တွေလည်း ရှိနိုင်ပါတယ်။ သွေးဆုံးတာနဲ့ ပတ်သက်ပြီး  သိထားတဲ့ ဒီအချက်တွေက မှန်ရဲ့လား! ဘာတွေများ မှားသိထားမိသေးလဲဆိုတာကို သေချာ သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။ 

သွေးဆုံးတယ်ဆိုတာ ဘာလဲ!

သွေးဆုံးတယ် ဆိုတာက ၁၂ လ ဆက်တိုက် ရာသီသွေးမပေါ်တာမျိုးကို ဆိုလိုချင်တာပါ။ ဒီလိုမျိုး သွေးဆုံးချိန်မှာ ခန္ဓာကိုယ်မှာ များစွာသော ပြောင်းလဲမှုတွေကို ခံစားရနိုင်ပါတယ်။  သွေးဆုံးချိန်က အမျိုးသမီးတွေအတွက် ကြီးမားတဲ့ ပြောင်းလဲမှုကို ခံစားရတဲ့ ကာလဆိုလည်း မမှားပါဘူး။

သွေးဆုံးတာနဲ့ ပတ်သက်ပြီး ဒီအယူအဆတွေကို ယုံကြည်နေဆဲပဲလား!

သွေးဆုံးချိန် ဆိုတာကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ဆိုရင် သွေးဆုံးချိန်နဲ့ ပတ်သက်တဲ့ မှန်ကန်မှု သတင်းအချက်အလက်တွေကို သိရှိထားဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ သွေးဆုံးတာနဲ့ ပတ်သက်ပြီး မှားသိထားမိနိုင်တဲ့ အချက်အလက်လေးတွေကို ပြောပြပေးချင်ပါတယ်။ 

Myth 1 – သွေးဆုံးတာက အသက် ၅၀ ကျော်မှာ သူ့အလိုလို စတင်တယ်

သွေးဆုံးတာက ပုံမှန်အားဖြင့် အသက် ၅၀ ကျော်ပြီး ၅၁ နှစ်လောက်မှာ စတင်ကြတာ များပေမယ့် ဒီထက် ပိုစောတာမျိုး ဖြစ်နိုင်သလို ဒီထက်ပိုနောက်ကျတာမျိုးလည်း ရှိနိုင်ပါတယ်။ 

တကယ်ကတော့ သွေးဆုံးတာက အမျိုးသမီး တော်တော်များများမှာ အသက် ၄၀ ကနေ ၅၈ ကြားမှာ ဖြစ်လေ့ရှိတယ် ဆိုပေမယ့် အချို့တွေမှာတော့ အသက် ၃၀ ကျော်လောက်မှာ ဖြစ်နိုင်သလို အချို့မှာတော့ အသက် ၆၀ နောက်ပိုင်းမှာမှ သွေးဆုံးမှု စတင်တာမျိုးလည်း ရှိနိုင်ပါတယ်။ ပုံမှန်နဲ့ မတူဘဲ စောပြီး သွေးဆုံးတာ၊ နောက်ကျတာတွေ ရှိတတ်ပါတယ်။  

Myth 2 – သွေးဆုံးချိန်မှာ ပူစပ်ပူလောင် ဖြစ်တာတစ်မျိုးပဲ ခံစားရနိုင်တယ်

သွေးဆုံးချိန်မှာ ပူစပ်ပူလောင်ဖြစ်တာကို ခံစားရလေ့ရှိပေမယ့် အမျိုးသမီးတိုင်းမှာ မဟုတ်သလို သွေးဆုံးချိန်မှာ ဒီလက္ခဏာတစ်ခုပဲ ခံစားရတာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဒီလက္ခဏာကို ခံစားရနိုင်ပြီး အချို့တွေမှာ ချွေးထွက်များတာကိုပါ ခံစားရနိုင်ပါတယ်။ 

အခြားလက္ခဏာတွေ အနေနဲ့ မိန်းမကိုယ် ခြောက်သွေ့တာ၊ ကောင်းကောင်း အိပ်မပျော်တာ၊ ကိုယ်လက်နှီးနှောချိန် နာကျင်တာ၊ စိတ်ခံစားမှု ပြောင်းလဲတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဟော်မုန်း ပြောင်းလဲမှုကြောင့် သတိမေ့တာကိုလည်း ခံစားရနိုင်ပါတယ်။ 

Myth 3 – သွေးဆုံးချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေမယ့် နည်းလမ်း မရှိဘူး

တော်တော်များများ မှားသိထားတာက သွေးဆုံးချိန်မှာ ခံစားရတဲ့ မအီမသာဖြစ်စေတဲ့ လက္ခဏာတွေကို သက်သာအောင် လုပ်ဆောင်လို့ ရမယ့် နည်းလမ်း မရှိတော့ဘူးပေါ့။ တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ သွေးဆုံးချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေဖို့ ‌ဟော်မုန်း အစားထိုးကုထုံး ခံယူတာ၊ ဟော်မုန်းဆေးတွေ သောက်တာ၊ ဖြည့်စွက် အာဟာရတွေကို မှီဝဲတာတွေကို လုပ်ဆောင်လို့ ရပါတယ်။

အရေးကြီးဆုံးကတော့ နေထိုင်မှုပုံစံကို ပြောင်းလဲတာပါ။ ဘယ်လို ပြောင်းလဲရမလဲဆိုတော့ –  

  • ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်တာ
  • ကိုယ်အလေးချိန် ထိန်းတာ
  • အရက်ရှောင်တာ
  • ဆေးလိပ်ဖြတ်တာ
  • ကဖင်းလျှော့တာ
  • လိုအပ်တဲ့ ဆေးဝါးတွေကို သောက်တာ
  • စိတ်ဖိစီးမှုကို သက်သာစေမယ့် နည်းလမ်းလေးတွေကို လုပ်ဆောင်တာ
  • အပူအစပ်တွေ လျှော့စားတာ
  • ရေများများ သောက်တာ
  • ချည်သား ပွပွချောင်ချောင် ဝတ်ဆင်တာမျိုးတွေပါ။ 

Myth 4- သွေးဆုံးတာက လိင်မှုဘဝကို ထိခိုက်စေတယ်

သွေးဆုံးတာက လိင်မှုဘဝအတွက် သေမိန့်တော့ မဟုတ်ပါဘူး။ သွေးဆုံးအကြိုကာလမှာ လိင်မှုဘဝအပေါ် စိတ်ဝင်စားမှု နည်းသွားတာမျိုး ဖြစ်နိုင်ပေမယ့် သွေးဆုံးတာကြောင့် လိင်မှုဘဝကို ရပ်တန့်လိုက်ဖို့ မလိုပါဘူး။ တကယ်လို့ မိန်းမကိုယ်ခြောက်သွေ့နေရင် ချောဆီသုံးပြီး အတူနေလို့ ရပါတယ်။

Myth 5 – သွေးဆုံးချိန်မှာ ဝလာကို ရှောင်လွှဲလို့ မရဘူး 

သွေးဆုံးပြီဆိုတာနဲ့ ဝိတ်တက်လာမယ်လို့ တထစ်ချ ဆိုလို့ မရပါဘူး။ ပုံမှန်အားဖြင့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းမှာ ကိုယ်အလေးချိန် တက်လာတာမျိုး ရှိပေမယ့် ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကသာ အဓိကပါ။ 

Myth 6 – သွေးမဆုံးခင် အကြိုကာလလို့ ဆိုရမယ့် အသက် ၄၀ နောက်ပိုင်းမှာ ကိုယ်ဝန်မရနိုင်တော့ဘူး

သွေးမဆုံးခင် အကြိုကာလလို့ ဆိုရမယ့် အသက် ၄၀ နောက်ပိုင်း အသက် ၅၀ ကျော်ပိုင်းမှာ ကိုယ်ဝန် ရသွားတာမျိုး ရှိနိုင်ပါတယ်။ ဖြစ်နိုင်ခြေတော့ နည်းတာပေါ့။  

ဒါကြောင့် သွေးမဆုံးခင် အကြိုကာလမှာလည်း သားဆက်ခြားဖို့ မမေ့ပါနဲ့။ 

Myth 7 – ဟော်မုန်း အစားထိုးကုထုံးက အန္တရာယ်များတယ်

ဟော်မုန်းကုထုံးက သွေးဆုံးချိန် ခံစားရတဲ့ လက္ခဏာကို သက်သာစေမယ့် ထိရောက်တဲ့ ကုထုံးတစ်ရပ်ပါ။ 

ဟော်မုန်းကုထုံးက ပူစပ်ပူလောင် ဖြစ်တာ၊ ချွေးစေးပြန်တာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်သလို ကောင်းကောင်းအိပ်ပျော်စေပြီး ခြေကုန်လက်ပမ်းကျတာ၊ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

သွေးဆုံးကိုင်ဝေဒနာတွေက နေထိူင်စားသောက်မှုပုံစံတာနဲ့ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဟော်မုန်းအစားထိုးကုထုံးကို ခံယူနိုင်ပါတယ်။

Myth 8 – သွေးဆုံးတာက အမျိုးသမီးတိုင်းမှာ အတူတူပဲ

အမျိုးသမီးတိုင်းမှာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူသလို ရောဂါ တစ်ခုခုကို ခံစားရချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကလည်း မတူနိုင်ပါဘူး။ ဒီလိုပါပဲ သွေးဆုံးတာကလည်း အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံချင်း မတူကြပါဘူး။ 

ကိုယ်တိုင်ရော ဘယ်နှခုများ မှားသိထားမိသေးလဲ! 

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

8 Myths About Menopause to Stop Believing https://www.livestrong.com/article/13775887-menopause-myths/ Accessed Date 7 November 2023

5 Myths About Menopause Everyone Needs to Stop Believing Right Now https://www.prevention.com/health/health-conditions/a44553274/myths-about-menopause/ Accessed Date 7 November 2023

Top 10 menopause myths — busted! https://www.womenshealthnetwork.com/menopause-and-perimenopause/menopause-myths/ Accessed Date 7 November 2023

8 myths about menopause you should stop believing https://www.netdoctor.co.uk/conditions/a21284727/8-myths-about-menopause-you-should-stop-believing/ Accessed Date 7 November 2023

Don’t Believe Everything You Hear About Menopause https://www.healthcentral.com/slideshow/menopause-myths Accessed Date 7 November 2023

ယခုပုံစံ

10/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု

သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ ဘာတွေစားရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/11/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement