အမျိုးသမီးတွေက တနှစ်မှာ ၁၁-၁၃ခါ ရာသီလာလေ့ ရှိပါတယ်။ တယောက်နဲ့ တယောက်မတူတဲ့အတွက် ပိုပြီးနည်းတာ များတာဖြစ်နိုင်ပါတယ်။ ဒါကို ရာသီမမှန်ခြင်း၊ ရာသီပျောက်ခြင်းလို့ ခေါ်ပါတယ်။
ရာသီသွေးမပေါ်တာက အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို လျှော့ချပြီး ရာသီသွေးမပေါ်တာကနေ ကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးပါ။
အမျိုးသမီးအများစုက ၂၈ရက်တခါရာသီသွေးဆင်းတယ်။ ဒါပေမယ့် ရာသီစက်ဝန်းတိုတာ၊ ရှည်တာမျိုးရှိနေနိုင်ပြီး ၂၄-၃၅ရက်တွင်းရာသီလာတတ်ကြတယ်။ တချို့အမျိုးသမီးတွေက ရာသီပုံမှန်မလာတတ်ကြပါဘူး။
သူတို့က ရာသီစောလာတတ်သလို နောက်ကျပြီးလည်းလာတတ်တယ်။ ရာသီပေါ်တဲ့ရက်လည်းအပြောင်းအလဲရှိသလို သွေးဆင်းတာအနည်းအများလည်း ရှိနိုင်ပါတယ်။
ဒီထဲမှာ မပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ ပြည့်စုံစွာသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
တကယ်လို့ သင့်မှာ ဒီအခြေအနေတွေ ခံစားရလျှင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။
ရာသီစလာလာခြင်းကာလတွေမှာ ရာသီသွေးမမှန်တာက ဖြစ်တတ်ပါတယ်။ ဟော်မုန်းတွေ ညီမျှဖို့က နှစ်အတော်ကြာအချိန်ယူရပါတယ်။
ရာသီသွေးက သွေးဆုံးခါနီးကာလတွေမှာလည်း အပြောင်းအလဲရှိတတ်ပါတယ်။ အမျိုးသမီးတွေက ဒါဟာ သွေးဆုံးကာလနီးလို့ ရာသီပုံမှန်လာနေရာကနေ မလာတော့တာလို့ သိကြပါတယ်။ ၁၂လဆက်တိုက် ရာသီသွေးမပေါ်လျှင် သွေးဆုံးပြီလို့ သတ်မှတ်နိုင်ပါတယ်။
ရာသီသွေးမပေါ်ခြင်းကို အဖြစ်များစေတဲ့အကြောင်းရင်းမှာ ကိုယ်ဝန်ရှိနေခြင်းကြောင့်ဖြစ်တယ်။ အိမ်မှာ ကိုယ်ဝန်ရှိ၊ မရှိသိနိုင်တဲ့ ဆီးစစ်တဲ့ပစ္စည်းကို သုံးပြီး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။
ကိုယ်ဝန်မရှိလျှင် ရာသီသွေးမပေါ်ခြင်း၊ ရာသီသွေးမမှန်ခြင်းက တခြားအကြောင်းကြောင့် ဖြစ်စေနိုင်ပါတယ်။
အရွယ်မတိုင်ခင် မျိုးဥပျက်စီးတဲ့အခါ အသက်၄၀မတိုင်ခင် ရာသီမလာခြင်း ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်ခြင်း၊ ကင်ဆာဆေးကုသမှုခံယူခြင်း နှင့် ဝမ်းဗိုက်ပိုင်းနှင့် ဆီးခုံပိုင်းကို ဓါတ်ရောင်ခြည်ကုသမှုခံယူထားခြင်းကြောင့် အရွယ်မတိုင်ခင် မျိုးဥပျက်ဆီးစေနိုင်ပါတယ်။
အူလမ်းကြောင်းပြဿနာများ၊ တီဘီရောဂါ၊ အသည်းရောဂါ နှင့် ဆီးချိုရောဂါကြောင့်လည်း ရာသီသွေးမပေါ်တာ၊ မမှန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဖြစ်နည်းပါတယ်။ ဒါပေမယ့် ဒီရောဂါတွေဖြစ်နေလျှင် ရာသီမမှန်တာအပြင် တခြားရောဂါလက္ခဏာတွေလည်း တွေ့ရနိုင်ပါတယ်။
ရာသီမလာလျှင် အနားယူပါ။ သင့်ရဲ့ စိတ်နဲ့ ကိုယ်ခန္ဓါကို ပုံမှန်အခြေအနေဖြစ်အောင် လုပ်ပါ။ အမျိုးသမီးအများစုဟာ ရာသီမမှန်တာ ယခုရော နောက်ရောဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မရှိလျှင် ရာသီပြောင်းလဲပြီး နောက်လတွင် ပြန်ပေါ်ပါလိမ့်မယ်။
ရာသီသွေးမပေါ်တာကို အဖြစ်များစေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ရောဂါဖြစ်စေတဲ့ အကြောင်းရင်းကိုသိရန် ဆရာဝန်မှ ဆီးစပ်ပိုင်းကို တချက်စမ်းသပ်ပါလိမ့်မယ်။
သင်က အသက် ၁၈နှစ်ပြည့်ပြီး ရာသီတစ်ခါမှ မလာသေးပါက ထပ်ပြီးတော့ တခြားရောဂါရှာဖွေနည်းတွေကို ထပ်မံစစ်ဆေးပါလိမ့်မယ်။
ဖြစ်စေတဲ့ အကြောင်းရင်းတွေကိုသိလျှင် အဲ့ဒါတွေကို ကုသနိ်ုင်ပါတယ်။ ဒါပေမယ့် အကြောင်းရင်းမရှိဘဲ ရာသီသွေးမပေါ်လျှင် အောက်ပါတို့ကို သုံးနိုင်ပါတယ်။
ရာသီသွေးမပေါ်တာအတွက် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။
ဒီအောက်က အချက်တွေကို သုံးပြီး သင့်ရာသီစက်ဝန်းကို ပြုပြင်နိုင်ပါတယ်။
အိမ်မှာဆီးစစ်လို့ ကိုယ်ဝန်ရှိတယ်လို့မပြပေမယ့် သင့်မှာကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေပြလျှင် ဆရာဝန်နှင့် ပြပြီး အတည်ပြုချက်ယူသင့်ပါတယ်။ ဆရာဝန်နှင့် ပြသတဲ့အချိန်အထိ ကျန်းမာရေးအလေ့ကျင့်ကောင်းတွေကို လုပ်ဆောင်ပါ။
မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပြီး သင့်အတွက် အကောင်းဆုံးအဖြေများကို ရယူလိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။