brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

  1. အမျိုးသမီး ကျန်းမာရေး
  2. တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မျှဝေပါ။

အနံ့အသက်ဆိုးတွေကင်းဝေးဖို့ Prebiotics ပါဝင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်

အနံ့အသက်ဆိုးတွေကင်းဝေးဖို့ Prebiotics ပါဝင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပျက်ပြားစေတဲ့အချက်တစ်ခုရှိတယ်နော်။ ဒါကတော့ ခန္ဓါကိုယ်က အနံ့အသက်ဆိုးတွေထွက်နေမှာကိုပါ။ အရှက်အကြောက်ကြီးတတ်တဲ့ မိန်းကလေးတစ်ယောက်အဖို့ ဒီကိစ္စကလည်းတော်တော်လေးတော့စိတ်ညစ်စရာနော်။ မနက်အလုပ်သွားရင်း ခန္ဓါကိုယ်ကအနံ့အသက်ဆိုးထွက်နေတယ်။ ဘာမှလည်းလုပ်လို့မရ တစ်နေ့တာလုံးကို ဒီတိုင်းကျော်ဖြတ်ရမယ်ဆိုရင်ပြီးရောပဲနော်။ လူဆိုတာက အနံ့အသက်ဆိုးကင်းဖို့မဖြစ်နိုင်ပေမယ့် ဘယ်သူကမှာတော့ အနံ့ဆိုးမထွက်နေချင်ပါဘူး။

အနံ့အသက်ဆိုးကင်းဖို့ ဘာလုပ်မလဲ

အမျိုးသမီးတွေအနေနဲ့ အနံ့အသက်တွေကင်းစင်စေဖို့မှာ အရေးတကြီးလုပ်ရမှာကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးပါ။ ခေါင်းအစ ခြေအဆုံးတစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရမယ်ဆိုတာ အမျိုးသမီးတွေ သိပြီးသားပါနော်။ ဒီမှာ နောက်ထပ်အထူးပြုပြီး သေချာပြောချင်တာကတော့ မိန်းမကိုယ် သန့်စင်ခြင်းကိစ္စပါ။ အပြင်ပန်းပဲ လှပကျော့ရှင်းနေလို့မရဘူးနော်။ မိန်းမတွေမှာအရေးကြီးဆုံးဖြစ်တဲ့ မိန်းမကိုယ်လေးကို အနံ့အသက်ဆိုးတွေကင်းဝေးပြီး ကျန်းမာသန့်ရှင်းနေစေဖို့ ဂရုစိုက်ရဦးမှာပေါ့။ ဒါမှပဲ စိတ်လုံလုံခြုံခြုံအနံ့အသက်ကင်းကင်းနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်မှာပါ။

လေဒီတစ်ယောက်အဖို့ မိန်းမကိုယ်ကိုသန့်စင်ဖို့ မမေ့သင့်တာက ဒီအချက်တွေကြောင့်ပါ

လေဒီတို့ရဲ့ မိန်းမကိုယ်က ဘက်တီးရီးယားတွေနဲ့ပြည့်နေတာပါ။ ဘက်တီးရီးယားက အကျိုးပြုဘက်တီးရီးယားရော အကျိုးမပြုတဲ့ဘက်တီးရီးယားရောပေါ့။ ဒီဘက်တီးရီးယားအရေအတွက်မှာ အကျိုးပြုဘက်တီးရီးယားဖြစ်တဲ့Lactobacillus ဘက်တီးရီးယားတွေ များနေဖို့လိုပါမယ်။ ဒါမှ မလိုလားအပ်တဲ့ ဘက်တီးရီးယားပေါက်ဖွားမှုတွေကင်းပြီး မိန်းမကိုယ်မှာ မှိုစွဲတာ၊ ယားယံတာနဲ့ အနံ့အသက်ဆိုးဖြစ်တာ၊ အဖြူဆင်းတာတွေကင်းစေမှာပါ။ အခုပြောခဲ့တဲ့ လက္ခဏာတွေကင်းမှလည်း အနံ့အသက်ဆိုးကင်းစေမှာပါ။

အကျိုးပြုဘက်တီးရီးယားအရေအတွက်များနေမှလည်း ဆီးလမ်းကြောင်းပိုးဝင်တာ၊ သားအိမ်ကင်ဆာနဲ့ လိင်ကတစ်ဆင့်ရောဂါတွေ ကူးစက်တာမျိုးကင်းဝေးမှာပါ။ရောဂါတွေကိုကာကွယ်ပေးပြီး ကျန်းမာတဲ့ မိန်းမကိုယ်လေးဖြစ်စေဖို့ လေဒီတွေအနေနဲ့ အကျိုးပြုဘက်တီးရီးယားတွေ မျှတနေအောင် မိန်းမကိုယ်သန့်ရှင်းရေးကိုဂရုစိုက်ရပါမယ်။ အနံ့အသက်မထွက်အောင်၊ မယားယံအောင်၊ ဆီးလမ်းကြောင်းပိုးမဝင်အောင် ကာကွယ်ပေးတာတွေအပြင် မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုစိုက်တာက ကိုယ်ဝန်ရရှိစေဖို့ အထောက်အကူပြုပေးနိုင်သလို မျိုးအောင်နိုင်စွမ်းကိုလည်းတိုးတက်စေနိုင်ပါသေးတယ်နော်။

ကျန်းမာနှစ်လိုဖွယ်ကောင်းတဲ့ မိန်းမကိုယ်လေးတစ်ခုဖြစ်အောင် ဘယ်လိုဂရုစိုက်မလဲ

ဒါကတော့ရှင်းပါတယ်။ အပေါ်မှာပြောခဲ့တဲ့အတိုင်း အကျိုးပြုဘက်တီးရီးယားလေးတွေကျန်းမာစွာရှင်သန်ဖို့ ဂရုစိုက်ရုံပေါ့။ ဂရုစိုက်တယ်ဆိုတော့ ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ နည်းလမ်းကလိုလာပါပြီနော်။ ဒါဆိုရင်တော့ တူတူဆက်ဆွေးနွေးရအောင်လေနော်။

  • အကျိုးပြုဘက်တီးရီးယား အာဟာရ (Prebiotics) ပါတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်အသုံးပြုပါ။
  • ဆပ်ပြာသုံးပြီးမသန့်စင်ပါနဲ့

အနံ့အသက်ဆိုးကင်းချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ ခန္ဓါကိုယ်အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးတဲ့ ဆပ်ပြာတွေကိုသုံးပြီး မိန်းမကိုယ်ကို သန့်စင်တာမျိုးမလုပ်ပါနဲ့။ ဆပ်ပြာမှာပါတဲ့ ဓါတုပစ္စည်းတွေက အနံ့အသက်ဆိုးကိုယာယီပဲ ကာကွယ်ပေးနိုင်ပြီး မိန်းမကိုယ်ကိုခြောက်သွေ့စေတာ၊ ယားယံစေတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

  • ချည်သားအတွင်းခံဝတ်ပါ

အတွင်းခံရွေးတဲ့အခါမှာလည်းချွေးစုပ်ပြီးလေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံကိုရွေးချယ်ဝတ်ဆင်ရပါမယ်။ ဒါမှ ဘက်တီးရီးယားပေါက်ဖွားတာကို ကာကွယ်ရာရောက်ပြီး အနံ့ဆိုးတွေကို ကင်းစင်စေမှာပါ။

  • အဝတ်အစားတွေကို ကျပ်ကျပ်ကြီးမဝတ်ပါနဲ့

လေဒီတွေမှာရှိတတ်တဲ့ အလှအပအယူအဆအမှားတစ်ခုရှိပါတယ်။ ဒါကတော့ ခန္ဓါကိုယ် ထင်းပြီး လှအောင်ဆိုပြီး အဝတ်အစားတွေကို ခပ်ကျပ်ကျပ်ဝတ်တာပါပဲ။ ဒါက လေဝင်လေထွက်မကောင်းတာကိုဖြစ်စေပြီးနောက်ဆက်တွဲအနေနဲ့ အနံ့အသက်ဆိုးတွေကိုဖြစ်စေတာ့တာပါပဲ။

အနံ့အသက်ပြဿနာကင်းတဲ့ လေဒီလေးဖြစ်ဖို့ဆိုရင်တော့ ဆပ်ပြာ၊ Paraben နဲ့ အရောင်ပါဝင်မှုကင်းစင်ပြီး အကျိုးပြုဘက်တီးရီးယားတွေအတွက် အစာအာဟာရတစ်မျိုးဖြစ်တဲ့ Prebiotics ပါဝင်နေတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကို အသုံးပြုပေးဖို့လိုပါမယ်။

ကဲ တစ်နေ့တာကို အနံ့အသက်ဆိုးကင်းတဲ့ လေဒီလေးတစ်ယောက်အနေနဲ့ဖြတ်သန်းဖို့အသင့်ဖြစ်ပြီလား…..

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel
Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
hellobacsi white

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

  • ကျန်းမာရေး ဆောင်းပါးများ
  • ကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

  • ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ
  • ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ
  • တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ
  • ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

Hello Health

  • Hello Health အကြောင်း
  • ကျွန်ုပ်တို့အကြောင်း

  • HelloSehat
  • HelloKhunmor
  • HelloDoktor
  • HelloKrupet
  • HelloYishi
  • HelloSwasthya
  • HelloBacsi
  • HelloDoctor
  • HelloJiankang
  • https://www.dmca.com/ProtectionPro.aspx?r=m
©2026 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။