၁။ တစ်ယောက်တည်း နေသူတွေအတွက် အဆင်ပြေပါတယ်။
ကိုယ်က မိသားစု၊ လူအများနဲ့ စုနေတာမဟုတ်ဘဲ တစ်ယောက်တည်း သီးသန့် ငှားနေတာဆို ပြဿနာမရှိပါဘူး။ ရေချိုးနေချိန်၊ သွားတိုက်၊ မျက်နှာသစ်ချိန်က လွဲရင် ရေချိုးခန်းထဲကို ဝင်စရာ အကြောင်းမရှိတဲ့အတွက် ဆီးသွားလို့လည်း ဘယ်သူ့ကိုမှ ဒုက္ခမဖြစ်စေပါဘူး။ အကောင်းဘက်က ကြည့်မယ်ဆိုရင်လည်း ရေချိုးနေတုန်း ဆီးသွားလိုက်တော့ ချိုးလိုက်တဲ့ ရေနဲ့ ဆီးဟာ မြောပါသွားပြီး အိမ်သာရေကို ချွေတာသုံးစွဲရာ ရောက်ပါတယ်။
၂။ ပတ်ဝန်းကျင်နဲ့ တခြားသူအတွက်ဆို အဆင်မပြေပါဘူး။
ကိုယ်က မိသားစုနဲ့ နေတယ်၊ ဒါမှမဟုတ် အများသုံး ရေချိုးခန်း၊ ရေကူးကန်၊ ချွေးထုတ်ခန်းတွေမှာ ဆိုရင်တော့ ဆီးသွားချတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်အတွက် ရွံစရာ မကောင်းဘူးဆိုရင်တောင် တခြားသူတွေဆီ ကိုယ့်ရဲ့ အညစ်အကြေးတွေ ပြန့်သွားနိုင်တာကြောင့်ပါ။
၃။ ရေချိုးခန်းထဲ ဆီးသွားလိုက်လို့ သီးသန့် ပိုးသတ်ပေးစရာ မလိုပါဘူး။
ပုံမှန်ဆိုရင်တော့ ရေချိုးခန်းကို တစ်ပတ် တစ်ကြိမ်လောက် အနည်းဆုံး ပိုးသန့်စင်ပေးခြင်းဟာ အိမ်သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ ဆီးဆိုတာ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အညစ်အကြေးဆိုတာ မှန်ပေမယ့် မစင်လောက်တော့ ရောဂါပိုးမွှား မများပါဘူး။ ဒီတော့ ကိုယ်ရေချိုးနေတုန်း ဆီးသွားလိုက်ခြင်းဖြင့် အပိုထပ်ပြီး ပိုးသတ်ပေးစရာ မလိုပါဘူး။ ရေချိုးပြီးသွားတော့မှ ဆီးသွားလိုက်တာဆိုရင် ရေနဲ့ နည်းနည်း ပြန်လောင်းပေးရင် အနံ့အသက် စွဲကျန်ခဲ့မှာ မဟုတ်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။