အဓိပ္ပါယ်ဖွင့်ဆိုချက်
Addison Disease (အက်ဒဆင်ရောဂါ) ကဘာလဲ။
သင့်ကျောက်ကပ်တွေရဲ့ထိပ်မှာ အက်ဒရီနယ်ဂလင်းတွေ ရှိပါတယ်။ အဲဒီဂလင်းတွေကနေ ကိုယ်ခန္ဓါရဲ့ လုပ်ငန်းဆောင်တာတွေမှာ လိုအပ်တဲ့ ဟော်မုန်းအများအပြား ထုတ်လုပ်ပေးပါတယ်။ အက်ဒဆင်ရောဂါဟာ အဒရီနယ်ဂလင်းအကာပိုင်း ပျက်စီးရင်ဖြစ်တတ်ပြီး ကော်တီဆော၊ အယ်ဒိုစတီရုန်း စတဲ့ စတီးရွိုက်ဟောမုန်းတွေ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ကော်တီဆောဟော်မုန်းရဲ့ တာဝန်ကတော့ ဖိအားများတဲ့ အခြေအနေမှာ ကိုယ်ခန္ဓါရဲ့တုံ့ပြန်မှုတွေကို ထိန်းညှိပေးဖို့ ဖြစ်ပါတယ်။ အယ်ဒိုစတီရုန်းဟာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ကို ထိန်းညှိပေးပါတယ်။ အဒရီနယ်ဂလင်းအကာပိုင်းဟာ ကျားဟော်မုန်းကိုလည်း ထုတ်လုပ်ပေးပါတယ်။