သင့်ကျောက်ကပ်အပေါ် အဆိပ်အတောက်တွေ စုပုံမနေစေဖို့ သင့်အနေနှင့် ကျန်းမာရေးကို အထူးဂရုပြုဖို့ လိုပါတယ်။ သင့်အနေနှင့် ကျန်းမာရေးကောင်းမွန်စေမယ့် အစားအစာတွေကို အထူးတလည် ရှာဖွေစားဖို့ အဆင်မပြေရင်တောင် ကြက်သွန်ဖြူကို နေ့စဉ် စားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူစားခြင်းဖြင့် သွေးတွင်းအချိူဓာတ်ကို မျှတစေပြီး ကျောက်ကပ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ Allicinဓာတ်မှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနှင့် ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် သွေးပေါင်ကို ထိန်းညှိပေးနိုင်ပါတယ်။
(၆) သံလွင်ဆီ
သံလွင်ဆီဟာ ကိုလက်စထရော ကျစေခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်းကြောင့် နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့အပြင် ရောင်ရမ်းခြင်းကို လျော့ပါးစေတဲ့ အာနိသင်ရှိပါတယ်။ နေ့စဉ်ဟင်းချက်တဲ့အခါမှာ သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။
(၇) သံပုရာရည်
ကျောက်ကပ်ကို သန့်စင်ပေးရုံသာမက ကိုယ်ထဲရှိ Citrate levelကို မြင့်မားစေတဲ့အတွက် ကျောက်ကပ် ကျောက်တည်ခြင်းကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဖျော်ရည်ဖျော်နည်းကလည်း လွယ်ကူပါတယ်။ ရေနွေး သို့မဟုတ် ရေအေးတစ်ခွက်မှာ သံပုရာသီး၄စိတ်ကို ညှစ်ပြီး နေ့စဉ်သောက်ပေးနိုင်ပါတယ်။
(၈) ဂျင်း
ဆဲလ်ရောင်ရမ်းခြင်း ဖြစ်စဉ်တွေကြောင့် ကျောက်ကပ်ရောဂါများကို ဖြစ်စေနိုင်ပါတယ်။ ဂျင်းမှာပါတဲ့ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင်ကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း တစ်လျှောက်သာမက ကျောက်ကပ်ရှိ ရောဂါများကို ကာကွယ်ပေးပါလိမ့်မယ်။ နေ့စဉ်ဟင်းချက်ရာတွင် ဂျင်းကိုအသုံးပြုခြင်း၊ ဈေးကွက်တွင်ရောင်းချနေတဲ့ ဂျင်းကိုကြိတ်ထားသောအမှုန့်များကို ရေနွေးဖြင့်စိမ်သောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
အခုဖော်ပြသွားတဲ့ အစားအစာတွေဟာ နေ့စဉ်အလွယ်တကူမြင်တွေ့နေကျ အစားအစာများသာဖြစ်တဲ့အတွက် အပန်းကြီးလှမယ်မထင်ပါဘူး။ ဒီအစားအစာတွေ စားတဲ့အပြင် ဆေးလိပ်ဖြတ်ခြင်း၊ အဆီနှင့်အငန်များလျှော့စားခြင်း၊ အကိုက်အခဲပျောက်ဆေးများ အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ အဝမလွန်အောင် ထိမ်းသိမ်းခြင်း၊ ဆီးချိူနှင့်သွေးတိုးရောဂါရှိသူများအနေဖြင့် ပုံမှန်ဆေးကုသမှုခံယူခြင်းတို့ကိုပါ လုပ်ဆောင်ခြင်းဖြင့် ကျန်းမာသော ကျောက်ကပ်များကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ရေးသားသူ Dr Rose
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။