backup og meta

ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုနဲ့အတူ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့မှာ ပြောင်းလဲမှုတွေ များစွာ တွေ့ကြုံရနိုင်ပါတယ်။ ခန္ဓာကိုယ် ပြောင်းလဲတာ၊ အသံ ပြောင်းလဲတာအပြင် အခြားသာ ပြောင်းလဲမှု အမျိုးမျိုးကို ခံစားရနိုင်ပါတယ်။

ဒီပြောင်းလဲမှုတွေထဲမှာ အရေပြား ပြောင်းလဲမှုကလည်း တစ်ခု အပါအဝင်ပေါ့။ အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရအောင် ဒီ ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးသွားပါမယ်။

ဆယ်ကျော်သက်တို့ အဖြစ်များတဲ့ အရေပြားပြဿနာ အစုစု

ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတဲ့ ဆယ်ကျော်သက်လေးတွေမှာ အခုလို အရေပြား ပြဿနာတွေ ခံစားရနိုင်ပါတယ်။

ဝက်ခြံ

အရေပြားပေါ်က ချွေးပေါက်တွေ ပိတ်ဆို့မှုကနေ ဖြစ်လာတဲ့ အရေပြား ပြဿနာ တစ်မျိုးပါ။ အဖြစ်များတဲ့ အရေပြား ပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။

အကြောင်းကတော့ဆယ်ကျော်သက်ကာလမှာ အဆီထွက်တာများသလို ဆဲလ်သေနှုန်းကလည်း မြင့်ပါတယ်။ ဒီကာလမှ အရေပြားကို သေချာ မထိန်းသိမ်းမိတဲ့အခါ ချွေးပေါက်တွေ ပိတ်ပြီး ဝက်ခြံတွေ ဖြစ်လာပါတော့တယ်။

နောက်တစ်ချက်က အရေပြားပေါ်က ဘက်တီးရီးယားတွေပါ။ ချွေးပေါက်တွေထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်ရာကနေလည်း ဝက်ခြံ ပိုဆိုးလာနိုင်ပါတယ်။

နှင်းခူ

ဒါကလည်း ဆယ်ကျော်သက်တွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာတစ်ခုပေါ့။ မျက်နှာ၊ လက်၊ ခြေထောက်၊ တံတောင်ဆစ် စတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုက နှင်းခူ ဖြစ်ရခြင်းရဲ့ တရားခံပေါ့။

မျိုးရိုးလိုက်တာ ဖြစ်နိုင်သလို အစားအသောက်နဲ့ အနေအထိုင်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဗောက်

ဗောက် ဆိုတာာက ဦးရေပြား ခြောက်သွေ့မှုရဲ့ အကျိုးဆက် အရေပြား ပြဿနာပါ။ အသက်အရွယ်မရွေး ခံစားရနိုင်သလိုဆယ်ကျော်သက် အများစု ဖြေရှင်းနေရတဲ့ ပြဿနာပေါ့။

ခေါင်း သေချာ မလျှော်တာ၊ ခေါင်းကို သေချာ စင်ကြယ်အောင် မဆေးကြောတာ၊ ဆံသားနဲ့ ဦးရေပြားကို ထိန်းသိမ်းမှု အားနည်းတာကြောင့် အဖြစ်များပါတယ်။ အရမ်းစိုးရိမ်ရမယ့် ပြဿနာတော့ မဟုတ်ပါဘူး။

သဲဝဲ

သဲဝဲက ပိုးဝင် ကူးစက်မှု တစ်မျိုးပါ။ များသောအားဖြင့် ခြေချောင်းလေးတေါ၊ ခြေဖဝါး၊ ခြေချင်းဝတ် စတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။ မှိုပိုးကူးစက်မှုကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာပါ။

ချွေးတစ်ချိန်လုံး စိုစွတ်နေရာကနေ မှို ပေါက်ဖွားပြီး သဲဝဲ ဖြစ်လာရတာပါ။ နာတာရှည် အရေပြား ပြဿနာတစ်မျိုး ဖြစ်ပြီး မကြာခဏ ပြန်ပြန် ဖြစ်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

နေလောင်တာ

နေလောင်တာက နေရောင်ကို အလွန်အမင်း ထိတွေ့မိတာကြောင့်ပါ။ အသက်အရွယ် အုပ်စုတွေထဲမှာမှ ဆယ်ကျော်သက်အရွယ်တွေက နေလောင်ခံရနိုင်ခြေ အမြင့်ဆုံးပါ။

ဒီလို ပြောရတာက ဆယ်ကျော်သက်တွေက အပြင်ကို သွားလာတဲ့အခါ နေလောင်ကာခရင်မ် မလိမ်းကြသလို ထီးဆောင်းတာ၊ ဦးထုပ် ဆောင်းတာမျိုးလည်း မရှိပါဘူး။

နေအိမ်ပြင်ပမှ လုပ်ရတဲ့ အားကစားတွေကို သဘောတကျ လုပ်တတ်ကြသူတွေကလည်း ဆယ်ကျော်သက်တွေပါပဲ။ နေလောင်တာက အလွန်အကျွံဆို မကောင်းပါဘူး။ အရေပြားကင်ဆာလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာကို ခံစားရစေနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Skin Conditions https://medlineplus.gov/skinconditions.html Accessed Date 21 September 2020

Skin Infections https://medlineplus.gov/skininfections.html Accessed Date 21 September 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း

ဆယ်ကျော်သက် တိုင်း စားသင့်တဲ့ အစားအစာ (၇) မျိုး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement