backup og meta

ဩဇာသီး ကပေးတဲ့ အသားအရေ ကျန်းမာရေး

အပေါ်ခွံမှာ အဖုအထစ်လေးတွေရှိပြီး အတွင်းမှာ ဖြူဖြူချိုချို အသားလေးနဲ့ အစေ့အနက်ရောင်လေးတွေနဲ့ ဩဇာသီး က စားရတာ လက်ဝင်ပေမယ့် အရသာ အတော်လေး ကောင်းပါတယ်။ ငယ်ငယ်က အတော်လေး သဘောကျရတဲ့ အသီးတစ်မျိုးပါ။ ဒီအသီးလေးက ကျန်းမာရေးအတွက်လည်း အတော်လေး အထောက်အကူပြုပါတယ်။

ဩဇာသီး ကပေးတဲ့ အသားအရေ ကျန်းမာရေး

အခုတစ်ခေါက်တော့ စားလို့ ကောင်းပြီး အရသာရှိတဲ့ ဩဇာသီးလေးက အသားအရေအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

ဩဇာသီး ဆိုတာ

ဩဇာသီး ဆိုတာ ဩဇာပင်ရဲ့ အသီးပါ။ ဩဇာသီးကအပြင်ခွံမှာ အဖုအချိုင့်လေးတွေပါပြီး အရောင်က အစိမ်းရောင်ပါ။ အတွင်းသားက တစ်ဆံချင်း ဖြူဖြူလေးတွေပါ။ အထဲမှာတော့ အမဲရောင် အစေ့လေးတွေ ပါဝင်နေပါတယ်။

အရသာက ချိုချိုလေးပါ။ အသီးတင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အရွက်ရော အပင်အခေါက်ကပါ ဆေးဖက်ဝင်တာပါ။

ဩဇာပင်က အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနို်ငငံက အပူပိုင်းဒေသမှာ ပေါက်ရောက်ပါတယ်။

ဩဇာသီးမှာ ပါတဲ့ အာဟာရဓာတ်တွေ

ဩဇာသီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • အဆီဓာတ်
  • ပရိုတင်းဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • အမျှင်ဓာတ်
  • ကယ်လ်ဆီယမ်
  • ပိုတက်ဆီယမ်
  • ဖော့စဖရိတ်
  • သံဓာတ်
  • မဂ္ဂနီဆီယမ်
  • ဆိုဒီယမ်
  • ဗီတာမင် C
  • ဗီတာမင် A
  • ဗီတာမင် B6
  • နီကာဆင်
  • Riboflavin
  • သီရာမင်း
  • Fatty acids
  • Tryptophan
  • Methionine
  • Lysine တို့ ပါဝင်နေပါတယ်။

ဩဇာသီး ကပေးတဲ့ အသားအရေ ကျန်းမာရေး

စားလို့ကောင်းတဲ့ ဩဇာသီးလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။

အနာကျက်စေတယ်

ဩဇာသီး၊ ဩဇာရွက်တို့မှာ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ ဩဇာရွက်ကို ခြေပြီး အနာပေါ်ကို အုံတာ ဒါမှမဟုတ် ဩဇာသီးအနှစ်ကို အနာပေါ်ကို အုံပေးတာက ပိုးတွေကို သေစေနိုင်ပြီး အနာကျက်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားကို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေ ဝင်ရောက်ကူးစက်ခံရမှုကနေ အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။

ဝက်ခြံ သက်သာစေနိုင်တယ်

အဆီပြန်တာ၊ ဝက်ခြံထွက်တာတွေက အမျိုးသမီး အများစု ရင်ဆိုင်ရတဲ့ ကြီးမားတဲ့ အရေပြား ပြဿနာတွေထဲက တစ်ခုပါ။ ဩဇာသီးလေးက ဒီအခြေအနေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ်။

ဩဇာသီး စားပေးတာက ဝက်ခြံတွေကို သက်သာစေနိုင်သလို ဩဇာပင်ရဲ့ အမြစ်ကတည်း ဝက်ခြံတွေ ထပ်မဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဩဇာသီးမှာ ပါဝင်တဲ့ ဗီတာမင်တွေက ဝက်ခြံတွေမှာ ပြည်ဖုတွေ မဖြစ်စေဖို့ ကာကွယ်ပေးပြီး ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။

ဩဇာသီး အနှစ်ကို ကြိတ်ခြေပြီး ဝက်ခြံပေါ်မှာ လိမ်းပေးတာကလည်း ဝက်ခြံသက်သာစေဖို့ နည်းလမ်းကောင်း တစ်ရပ်ပါ။ ဩဇာသီးက အဆီမပြန်အောင်လည်း ထိန်းညှိပေးပါတယ်။

အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ်

ဩဇာသီးရဲ့ နောက်ထပ် အာနိသင်တစ်မျိုးက အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတာပါ။ အသားအရေကို အရွယ်တင် နုပျိုစေပြီး ကျန်းမာလှပစေပါတယ်။ အကြောင်းကတော့ ဩဇာသီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့်ပါ။

ကော်လာဂျင် ပါဝင်နေတာကြောင့် အသားအရေကို အိုမင်းမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကို အရွယ်မတိုင်ခင် အိုမင်းခြင်းက ကင်းချင်တယ်ဆိုရင် တစ်ပတ်ကို ဩဇာသီး ၃ လုံး ကနေ ၄ လုံးလောက် စားပေးပါ။

အရေပြား ပိုးမဝင်စေဖို့ ကာကွယ်ပေးပါတယ်

ဩဇာသီးနဲ့ ဩဇာရွက်တို့မှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားကို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရေပြားအတွက် လိုအပ်တဲ့ ဗီတာမင်တွေ ပါဝင်နေတာကြောင့် အရေပြားကို ကျန်းမာစေပြီး အနာကျက်စေနိုင်ပါတယ်။ ဗီတာမင် C ပါဝင်မှုက အရေပြားကို ပိုးမဝင်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ကဲ …… စားလို့ကောင်းတဲ့ ဩဇာသီးလေးက အသားအရေကိုလည်း အခုလို ထောက်ကူပေးပါသေးတယ်။

ဩဇာသီးလေးက အသားအရေ ကျန်းမာစေတယ်

ဩဇာသီးလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။
  • အနာကျက်စေတယ်
  • ဝက်ခြံ သက်သာစေနိုင်တယ်
  • အရွယ်မတိုင်ခင် အိုမင်းတာကို ကာကွယ်ပေးတယ်
  • အရေပြား ပိုးမဝင်စေဖို့ ကာကွယ်ပေးပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

WE GIVE YOU THE LOWDOWN ON HOW EATING CUSTARD APPLE BENEFITS YOUR SKIN https://www.bebeautiful.in/all-things-skin/everyday/custard-apple-benefits-for-skin-and-hair Accessed Date 29 September 2021

22 Amazing Benefits of Custard Apple (Sitaphal) for Hair, Skin and Health https://www.fashionlady.in/amazing-benefits-of-custard-apple-sitaphal-for-hair-skin-and-health/114963 Accessed Date 29 September 2021

ယခုပုံစံ

01/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသားအရေက purging ဖြစ်နေတာလား။ Breakout (ကန်ထွက်) နေတာလား................

ဒူးရင်းဩဇာ နဲ့ ကျန်းမာရေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။