backup og meta

သောက်ရေ ကပေးတဲ့ အသားအရေလှပမှု

သောက်ရေ ကပေးတဲ့ အသားအရေလှပမှု

နေ့တိုင်း ရေ လုံလောက်အောင် သောက်ဖြစ်ရဲ့လား။ တစ်နေ့တာမှာ သောက်ရေ လုံလောက်အောင် သောက်သုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ပါတယ်။ နေ့စဉ် ရေဓာတ်ပြည့်ဝလုံလောက်အောင် သောက်သုံးမှုက အသားအရေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်နော်။

ကဲ….. သောက်ရေ က အလှအပအတွက် ဘယ်လိုများ အထောက်အပံ့ပေးနိုင်လဲ။ သောက်ရေ ကပေးတဲ့ အသားအရေလှပမှု ဆိုတာက ဘာတွေလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား………..

သောက်ရေ

သောက်ရေလို့ ပြောလိုက်ရင် ထွေထွေထူးထူး ပြောဖို့လိုမယ် မထင်ပါဘူး။ အရောင်အဆင်း အနံ့အရသာ ကင်းရမယ်။ အမှုန်တွေ ကင်းမယ်ဆိုရင် သန့်စင်တဲ့ သောက်ရေလို့ ပြောလို့ရပါတယ်။

တစ်နေ့ကို ရေ ဘယ်နှခွက် သောက်ရမလဲ………..

လူတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ပါဝင်ဖွဲ့စည်းထားတဲ့ ရေဓာတ် ပြည့်ဝဖို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် သောက်ဖို့လိုပါမယ်။ ဒီလိုမှ မသောက်ဘူးဆိုရင် ရေဓာတ်မလုံလောက်မှု ပြဿနာတွေကို ခံစားရမှာပါ။ သောက်ရမယ့် ပမာဏကတော့ မိမိရဲ့ ကိုယ်အလေးချိန်၊ ရာသီဥတုအခြေအနေနဲ့ ရေဓာတ်ဆုံးရှုံးမှုအပေါ် မူတည်ပြီး ပိုသောက်တာ၊ လျှော့သောက်တာ ရှိနိုင်ပါတယ်။

သောက်ရေ ကပေးတဲ့ အသားအရေလှပမှု

နေ့စဉ် ရေလုံလောက်အောင် သောက်သုံးမယ်ဆိုရင် အခုလိုမျိုး သောက်ရေ ကပေးတဲ့ အသားအရေလှပမှု တွေကို ရရှိမှာပါ။

တစ်နေ့တာမှာ လုံလောက်တဲ့ ရေပမာဏ သောက်သုံးပေးမယ်ဆိုရင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်မှာပါ။ ဒီလို ဖယ်ရှားပေးမှုက ကိုယ်တွင်းက အရေးပါတဲ့ အစိတ်အပိုင်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေမှာဖြစ်ပြီး ဆဲလ်တွေကိုလည်း အောက်ဆီဂျင်နဲ့ လုံလောက်တဲ့ အာဟာရတွေ ရရှိစေမှာပါ။ ဒါကြောင့် ဝမ်းမှန်ပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စေဖို့ ရေသောက်ပေးပါ။

ဝက်ခြံက လူတိုင်းလိုလိုမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတစ်ခုပါ။ ဝက်ခြံတွေ သက်သာစေဖို့ဆိုရင် မနက်ခင်း အိပ်ရာကနေ နိုးတာနဲ့ ရေတစ်ခွက် စသောက်လို့ တစ်နေ့တာမှာ လုံလောက်တဲ့ ရေပမာဏကို သောက်သုံးမိဖို့ ဂရုစိုက်ပါ။ ရေသောက်ရုံနဲ့တော့ ဝက်ခြံတွေက သက်သာသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်တွင်းဇီဝဖြစ်စဉ်တွေကို မျှတစေလို့ မြန်မြန်သက်သာအောင်တော့ ထောက်ကူပေးနိုင်ပါတယ်။

ဒါကြောင့် ရေလုံလောက်အောင် သောက်လို့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပြီး ဝက်ခြံတွေကို သက်သာအောင် လုပ်ဆောင်လိုက်ပါ။

ရေဓာတ် ပြည့်ဝလုံလောက်စွာ ရရှိတာက အသားအရေကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို သက်သာလျော့ပါးစေ နိုင်ပါတယ်။ ရေဓာတ် ပြည့်ဝမှုက အသားအရေ တင်းရင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးတာပါပဲ။

ရေဓာတ်ပြည့်ဝတဲ့ လေဒီလေးတွေက အသားအရေ တင်းရင်းပြီး အရွယ်တင်ကြပါတယ်။ ဒါကြောင့် အရေးအကြောင်း ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ် ရေ လုံလုံလောက်လောက် သောက်ပေးပါ။

နွေပူလာတဲ့အခါ နေလောင်ခံရနိုင်ခြေက တော်တော်လေးများပါတယ်။ မကြာခဏ နေလောင်တာက နောက်ပိုင်းမှာ ပြင်းထန်တဲ့ အရေပြားပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေလောင်ခံရပြီဆိုရင် အသားအရေကို ပြန်ကျန်းမာလာစေဖို့ ရေများများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝတဲ့ အသားအရေက ကျန်းမာပြီး နေလောင်တာကို အချိန်တိုတိုနဲ့ သက်သာစေနိုင်မှာပါ။

အသားအရေလေး ကြည်လင်နေတာက ကိုယ်တွင်းမှာ အဆိပ်အတောက် နည်းလို့ပါ။ ဒီလို အဆိပ်အတောက် ကင်းစေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးလို့ရတဲ့ အလွယ်ကူဆုံး နည်းလမ်းက ရေဓာတ် လုံလောက်ပြည့်ဝတာပါ။ ဒါကြောင့် အသားအရေလေး ကြည်လင်ချင်တယ်ဆိုရင် ရေသောက်ပါ။

အသားအရေကို ပုံမှန်ဂရုစိုက်မယ်။ ရေလုံလောက်လည်း သောက်မယ်။ အသားအရေကို ထိခိုက်စေနိုင်တဲ့ ဆေးလိပ်၊ နေရောင် စတာတွေကို ရှောင်မယ်ဆိုရင် ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Amazing Beauty Benefits of Drinking Enough Water https://www.instyle.com/news/6-amazing-beauty-benefits-drinking-enough-water Accessed Date 28 April 2020

6 BEAUTY BENEFITS OF DRINKING WATER https://www.bebeautiful.in/all-things-skin/everyday/6-beauty-benefits-of-drinking-water Accessed Date 28 April 2020

10 Research-Based Health Benefits Of Drinking Adequate Water https://www.stylecraze.com/articles/benefits-of-water-for-skin-hair-and-health/ Accessed Date 28 April 2020

ယခုပုံစံ

07/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရေသောက် ခြင်း၏ အကျိုးကျေးဇူးများ

သောက်သုံးရေ ရဲ့သက်တမ်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement