backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အအေးဒဏ်ကြောင့် အရေပြားမှာအဖုအပိမ့်တွေ မထအောင်ကာကွယ်မယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အအေးဒဏ်ကြောင့် အရေပြားမှာအဖုအပိမ့်တွေ မထအောင်ကာကွယ်မယ်

ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ဆောင်းရာသီအအေးဒဏ်ဆိုတာ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ ဖွဲနဲ့ ဆန်ကွဲပါပဲ။ ဒါပေမယ့်လည်း တစ်နှစ်ပတ်လုံးကို ပူနွေးစိုစွတ်တဲ့ အပူချိန်နဲ့ နေလာခဲ့ရတဲ့အခါ ရုတ်တရက် လေထုအပူချိန် ကျဆင်းသွားရင် အရင်ဆုံးထိခိုက်တာက ကျွန်တော်တို့ရဲ့ အသားအရေပါပဲ။

အထူးသဖြင့် အအေးဒဏ်ဟာ အရေပြားထဲက အစိုဓာတ်ကို ခမ်းခြောက်သွားစေတယ်။ အရေပြားက ခြောက်ကပ်ကပ် ဖြစ်သွားတဲ့အခါမှာ အင်ပျဉ်ထတာ၊ ဓာတ်မတည့်တာ၊ အရေပြားယားယံတာ၊ အသားပပ်သလို ဖြစ်တာ၊ အရောင်မှိန်သွားတာတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ရေချိုးပြီးတဲ့အချိန်၊ အဝတ်အစားဝတ်လိုက်တဲ့အချိန်မျိုးမှာ ပိုပြီးဖြစ်နိုင်ပါတယ်။

ဆောင်းရာသီမှာ ဘယ်လိုအရေပြားပြဿနာ ဖြစ်တတ်လဲ။

• အနီစက်များ ထခြင်း

• အရေပြားဖောရောင်ခြင်း

• ယားယံခြင်း

• အကြေးခွံထခြင်း

• ထိခိုက်ပွန်းပဲ့ရန် လွယ်ကူခြင်း

• အဖုအပိမ့်များ ထခြင်း

• အရည်ကြည်ဖုတွေ ပေါက်လာခြင်း

• အရေပြားနှင်းခူ

• ပွေး၊ ညှင်း စတဲ့ အရေပြားမှိုရောဂါတွေ အဖြစ်များပါတယ်။

ဘယ်သူတွေမှာ ပိုအဖြစ်များလဲ။

• အသားခြောက်တဲ့သူတွေ

ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ

• အရေပြားမှိုစွဲတတ်တဲ့သူတွေ

• တစ်ကိုယ်ရေသန့်ရှင်းမှု မရှိသူတွေ

• ဝတ်ပြီးသား အဝတ်တွေကို ထပ်ခါတလဲလဲ ပြန်ဝတ်ခြင်း

• ဆောင်းလေနဲ့ အရေပြားကို ထိတွေ့ဖန်များသူတွေ

ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ ဆောင်းရာသီ အအေးဒဏ်ကြောင့် အရေပြားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။

ဒါဆို ဘယ်လိုကုသမလဲ၊ ဘယ်လိုကာကွယ်မလဲ။

ရာသီဥတုအအေးဒဏ်ကြောင့် ထွက်လာတဲ့အဖုအပိမ့်တွေက ကျန်းမာရေးအရတော့ သိပ်ပြီး စိုးရိမ်စရာမရှိသလို အချိန်တိုအတွင်းမှာလည်း ပျောက်ဖို့လွယ်ပါတယ်။ ဒါပေမယ့် အင်ပျဉ်၊ အဖုအပိမ့်ထတဲ့နေရာတွေက မျက်နှာကနေ ခြေထောက်အထိ နေရာအနှံ့ ကွက်ကြားပေါက်တဲ့အခါ ဘယ်လိုမှ မဖုံးနိုင်တော့ အပြင်တွေထွက်တဲ့အချိန် နည်းနည်းတော့ ကြည့်ရဆိုးစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထိခိုက်စေတာပေါ့။

ဒါဆို ဒီလိုအင်ပျဉ်မထအောင် ဘယ်လိုကာကွယ်မလဲဆိုရင်

• ရေကို ခဏခဏမချိုးပါနဲ့၊ တစ်နေ့ တစ်ကြိမ်လောက်ချိုးရင် လုံလောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေတယ်လို့ ထင်ရင် မျက်နှာသုတ်ပဝါကို ရေနွေးစိမ်ပြီး ရေပတ်တိုက်ပေးလို့ရပါတယ်။

• ရာသီဥတုအေးလို့ဆိုပြီး ပူလွန်းတဲ့ရေနဲ့ ခဏခဏ ရေချိုးတာ ရှောင်ပါ။

• ရေခြောက်အောင် သုတ်ပြီးသွားတာနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းဖို့ လိုပါတယ်။

တစ်ကိုယ်ရေ အသုံးပြုတဲ့ဆပ်ပြာတွေကို အပျော့စား၊ သစ်သီးရနံ့ပါတာမျိုးတွေ ရွေးဝယ်ပြီး သုံးပေးပါ။

• အပြင်သွားတဲ့အခါ အဝတ်အစားတွေ ကျပ်ထုပ်နေအောင် မဝတ်ပါနဲ့၊ ချည်သားပွပွအထည်တွေကို ဝတ်ဆင်ပေးပါ။

• အပြင်သွားရင် လက်အိတ်၊ ခြေအိတ်ဝတ်ဆင်ပေးပါ။ ဒါမှမဟုတ်လည်း အိပ်ခါနီး လက်၊ ခြေထောက်ကို Lotion လိမ်းပြီး ဝတ်အိပ်လို့ရပါတယ်။

• အပြင်သွားတဲ့အခါ SPF 30 အနည်းဆုံးပါတဲ့ နေလောင်ကာလိမ်းဆေးတွေကို အရေပြားပေါ်မှာ လိမ်းပေးပါ။

• ရေကို တစ်နေ့ ၃လီတာ အနည်းဆုံးသောက်ပေးပါ။

အရေပြားမှာ အင်ပျဉ်ထလာခဲ့ရင်လည်း အောက်မှာပြထားတဲ့ နည်းလမ်းတွေကို လုပ်ကြည့်သင့်ပါတယ်။

• ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် အရင်လိမ်းပါ။ ပြီးသွားရင် Body Lotion ကို ကိုယ်ခန္ဓာအနှံ့လိမ်းပေးပါ။

• မျက်နှာအတွက် အဆီတစ်မျိုးမျိုး သို့မဟုတ် Lotion အပျော့စားတွေ သုံးပေးလို့ရပါတယ်။

• မနက်ပိုင်း ထမင်းစားပြီးတဲ့အခါ ဗီတာမင် စီ အားဆေးတစ်ပြား သောက်ပေးပါ။

• ဆပ်ပြာကြောင့် ဖြစ်တယ်လို့ ယူဆရင် ဆပ်ပြာအပျော့စား ပြောင်းသုံးကြည့်ပါ။

• ရေများများသောက်ပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားပါ။

• Cortisone ခရင်မ်တွေကို ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူပြီး အင်ပျဉ်ထတဲ့ နေရာတွေကို ပါးပါးလေးလိမ်းပေးပါ။

• ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေကို လုံးဝမစားမိအောင် သတိထားပါ။

အရက်၊ ဆေးလိပ် လျှော့သောက်ပါ။

• ယားလို့ဆိုပြီး မကုတ်ပါနဲ့။ ပွန်းပဲ့သွေးထွက်လို့ ပိုးဝင်ရင် ပိုဆိုးသွားနိုင်ပါတယ်။

• အသားအရေခြောက်တဲ့သူတွေ၊ ထိခိုက်လွယ်တဲ့သူတွေ အိမ်မှာ လေထုအစိုဓာတ်ထိန်းစက် (Humidifier) ဝယ်ထားပါ။

• ၃ရက်၊ တစ်ပတ်လောက်နေလို့မှ လုံးဝမသက်သာရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြကြည့်ပါ။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement