brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသားအရမ်းခြောက်တဲ့ ထိခိုက်လွယ်အသားအရေပြဿနာတွေအတွက် ဘာကိုရွေးချယ်ရမလဲ

အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ၊ အလှကုန်တွေ ဝယ်တော့မယ်ဆို သုံးဖူးတဲ့သူတွေပြောကြတဲ့ ရီဗျူးလေးတွေရှာကြတယ်ဟုတ်။ ကောင်းတယ်လို့ လူပြောများတဲ့ပစ္စည်းတွေ၊ အမှတ်တံဆိပ်တွေကို လိုက်သုံးချင်ကြတာချည်းပဲ။ ဒါပေမယ့် ကိုယ့်အသားအရေနဲ့ကိုက်ညီတာကိုရော ဦးစားပေးရွေးချယ်သင့်တယ်ဆိုတာလေး မမေ့သင့်ပါဘူး။

အသားအရမ်းခြောက်တဲ့ ထိခိုက်လွယ်အသားအရေပြဿနာတွေအတွက် ဘာကိုရွေးချယ်ရမလဲ

ဥပမာ- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်အတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းကို အဆီပြန်တဲ့အသားအရေပိုင်ရှင်က ဝယ်သုံးရင် စိတ်ကျေနပ်မှုရနိုင်ပါ့မလား၊ ပိုဆိုးမသွားနိုင်ဘူးလား။ အရမ်းခြောက်သွေ့ပြီး ထိခိုက်လွယ်တဲ့အသားအရေပိုင်ရှင်တွေဆို ပိုသတိထားရပါလိမ့်မယ်။ အခန့်မသင့်ရင် ခြောက်သွေ့ယားယံတာတွေ၊ အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပြီး အလှတွေပျက်ရမှာနော်။

အဲဒါကြောင့် အသားအရေခြောက်သွေ့လွန်းတဲ့သူတွေ အသားအရေထိန်းပစ္စည်းရွေးချယ်ရာမှာ ထည့်စဉ်းစားသင့်တဲ့အချက်လေးတွေ ပြောပြလိုက်မယ်နော်။

နူးညံ့တဲ့ မျက်နှာသစ်ဆေးကိုရွေးပါ

အရေပြားရဲ့သဘာဝအဆီဓာတ်တွေကို မပါစေဘဲ ဖုန်မှုန့်၊ မိတ်ကပ်နဲ့တခြားအညစ်အကြေးတွေကို မျက်နှာအသားအရေပေါ်ကနေ ညင်သာစွာဖယ်ရှားသန့်စင်ပေးမယ့် မျက်နှာသစ်ဆေး ကို ရွေးချယ်ပါ။ နူးညံ့တဲ့မျက်နှာသစ်ဆေးဆိုတာ ခြောက်သွေ့တဲ့အသားအရေအတွက်ထိခိုက်စေနိုင်တဲ့ အယ်လ်ကိုဟောနဲ့ အမွှေးရနံ့တွေမပါဝင်တဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ BIODERMA ရဲ့ Atoderm Intensive Gel Moussant ဆိုရင် ခြောက်သွေ့လွန်းတဲ့ထိခိုက်လွယ်အသားအရေအတွက် နူးညံ့တဲ့ cleansing gel ပါ။ ဆပ်ပြာနဲ့မွှေးရနံ့ပြင်းတွေ မပါဝင်တာမို့ မလိုလားအပ်တဲ့ ခြောက်သွေ့ယားယံမှုတွေ၊ အရေပြားပြဿနာတွေမဖြစ်စေပါဘူး။ မျက်နှာရော၊ ခန္ဓာကိုယ်ပါသုံးလို့ရတဲ့ Intensive Gel Moussant ဟာ သုံးပြီးအချိန်အတော်ကြာတဲ့အထိ အစိုဓာတ်ကို ထိန်းပေးထားနိုင်တယ်၊ ကလေးရော၊လူကြီးပါ အသားအရေကို စိုပြည်နူးညံ့စေတယ်၊ နေရခက်တဲ့ယားယံမှုတွေ သက်သာစေနိုင်စွမ်းရှိပါတယ်။

ကိုက်ညီမယ့် အစိုဓာတ်ထိန်းခရင်မ်ကိုရွေးပါ

အသားအရေကိုသန့်စင်ပြီးတဲ့အခါ အစိုဓာတ်ထိန်းဖို့ ခရင်မ်တစ်ခုခုလိမ်းဖို့လိုပါတယ်။ အသားအရေအစိုဓာတ်ထိန်းပစ္စည်းတွေအမျိုးမျိုးရှိတဲ့ထဲကမှ Canola Oil၊ Glycerin ၊ Sunflower Seed Oil တို့ပါဝင်တဲ့အပြင် ယားယံမှုကိုသက်သာစေတဲ့ ပါဝင်ပစ္စည်း PEA ကြောင့် အာနိသင်ထူးခြားတဲ့ Atoderm Intensive Baume ကိုရွေးချယ်နိုင်ပါတယ်။ အသားအရေကိုကာကွယ်ကုသပေးတဲ့နည်းပညာပါဝင်လို့ ခြောက်သွေ့ယားယံမှုတွေ နောက်ထပ်မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အက်စစ်ပါဝင်မှုများတာတွေ မရွေးပါနဲ့

ကိုယ်က အသားအရမ်းခြောက်သွေ့သူ ဒါမှမဟုတ် ထိခိုက်လွယ်အသားအရေရှိတဲ့သူဆိုရင် ဘယ်အသုံးအဆောင်အတွက်ဖြစ်ဖြစ် salicylic acid ၊ glycolic acid နဲ့ retinoic acid တို့ပါတာတွေကိုရှောင်သင့်ပါတယ်။ ဒါတွေပါခဲ့ရင် နဂိုကမှခြောက်သွေ့တတ်တဲ့အသားအရေကို အတွင်းပိုင်းထိဝင်ရောက်ပြီး ထိခိုက်စေနိုင်ပါတယ်။

အရေပြားကုသမှုအတွက် စိတ်ချရတဲ့အမှတ်တံဆိပ်ကိုရွေးပါ

ထိခိုက်လွယ်အသားအရေအတွက် ဓာတ်မတည့်မှုတွေမဖြစ်စေဖို့ hypoallergenic အာနိသင်ပါဝင်တဲ့ပစ္စည်းကိုရွေးသင့်ပါတယ်။ ဒီလိုပါဝင်တဲ့အထဲကမှ အရေပြားကုထုံးအတွက် နိုင်ငံတကာအသိအမှတ်ပြုထောက်ခံချက်ရှိထားတဲ့ အမှတ်တံဆိပ်တွေကို ရွေးချယ်သင့်ပါတယ်။ သာမန်အသားအရေပိုင်ရှင်တွေအတွက်က သိပ်မသိသာပေမယ့် ဓာတ်မတည့်ဖြစ်လွယ်၊ ထိခိုက်လွယ်တဲ့အသားအရေရှိသူတွေအတွက်ကတော့ စိတ်ချရတဲ့အမှတ်တံဆိပ်ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ အသားအရေအတွက် ကာကွယ်ကုသပေးဖို့အဓိကထားတဲ့ BIODERMA လို dermatological safety (အရေပြားကျန်းမာရေးအတွက် ဘေးကင်းစိတ်ချမှု)ရှိတဲ့ အမှတ်တံဆိပ်မျိုးကို စိတ်ချအားထားသင့်ပါတယ်။

အမွှေးရနံ့ပြင်းတာတွေရှောင်ပါ

ခြောက်သွေ့တဲ့အသားအရေ၊ ထိခိုက်လွယ်တဲ့အသားအရေကို အစိုဓာတ်ထိန်းချင်တယ်ဆိုရင် အသားအရေကို ထိခိုက်စေမယ့်ပါဝင်ပစ္စည်းမျိုးတွေကို တွေးကြောက်ရပါလိမ့်မယ်။ အရောင်တွေ၊ အမွှေးရနံ့တွေပြင်းတဲ့ ပစ္စည်းတွေမှာ အရေပြားကို ဓာတ်မတည့်ဖြစ်စေနိုင်၊ အရေပြားအလွှာကိုထိခိုက်စေနိုင်မယ့် ဓာတ်ပစ္စည်းတွေပါနေတတ်ပါတယ်။

အားဖြည့်ပေးမယ့် နှုတ်ခမ်းနီကိုရွေးပါ

အရောင်လှဖို့ထက် နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပြီး အစိုဓာတ်ထိန်းပေးမယ့် နှုတ်ခမ်းနီကိုရွေးတာအကောင်းဆုံးပါ။ အသားအရမ်းခြောက်တတ်သူတွေအတွက် glycerin၊ shea butter ဒါမှမဟုတ် jojoba oil တို့ပါဝင်တာကိုရွေးပါ။ နှုတ်ခမ်းခြောက်တာ၊ နှုတ်ခမ်းကွဲတာ၊ အဖတ်ကွာတာတွေကို ပြန်လည်ကုစားပေးမယ့် Atoderm Lip Stick လည်းရှိပါတယ်။ နှုတ်ခမ်းသားမှာ နူးညံ့စိုပြည်မှု ကြာရှည်ခံစေဖို့ စီမံထားသလို ဓာတ်မတည့်ဖြစ်လွယ်တဲ့ နှုတ်ခမ်းပိုင်ရှင်တွေအတွက်လည်း သင့်တော်ပါတယ်။

ခြောက်သွေ့လွန်းတဲ့အသားအရေဖြစ်ဖြစ်၊ ဓာတ်မတည့်ဖြစ်လွယ်တဲ့အသားအရေဖြစ်ဖြစ် ဒီအချက်တွေကို စဉ်းစားပြီးမှ ကိုယ့်အတွက်ရွေးချယ်ဝယ်ယူမယ်ဆိုရင် ကြည်လင်လှပတဲ့အသားအရေကို ဘေးကင်းစွာနဲ့ပိုင်ဆိုင်နိုင်ပါတယ်နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Yun Sandi Nan Mon · 31/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။