အာလူး
- အာလူးအရွယ်တော်တစ်လုံးကိုခြစ်ပြီး အရည်ညှစ်ပါ။
- လည်ပင်းမှာလိမ်းပြီး ၁၀ မိနစ်- ၁၅ မိနစ်လောက်ခြောက်အောင်ထားပါ။
- ကြက်သီးနွေးရေနဲ့ဆေးကြောသန့်စင်ပါ။
အုတ်ဂျုံ
- အုတ်ဂျုံ(ကွေကာအကြမ်း) စားပွဲတင်ဇွန်း ၂ဇွန်းခန့်ကို အမှုန့်ကြိတ်/ထောင်းပါ။
- ခရမ်းချဉ်သီးအနှစ်ရည်(အသီးကိုချေထား) ၁ဇွန်းနဲ့ Rose water ထည့်ပြီး အနှစ်ဖြစ်အောင်ဖျော်ပါ။
- လည်ပင်းမှာလိမ်းပြီး မိနစ် ၂၀လောက်ထားပါ။
- လက်ချောင်းကိုရေဆွတ်ပြီး အသာအယာ ပွတ်ဖျက်ပါ။
- ရေအေးနဲ့သန့်စင်ပါ။
ဗီတာမင် E
- ဗီတာမင် Ecapsule ၃/၄ ခုလောက်ကိုဖောက်ပြီး လည်ပင်းမှာ မိနစ်အနည်းငယ်ကြာ စိမ့်ဝင်အောင် လိမ်းပေးပါ။
- ညဘက် လိမ်းအိပ်တာ ပိုကောင်းပါတယ်။
ဒိန်ချဉ်
- ဒိန်ချဉ်၂ဇွန်းနဲ့ သံပရာရည် ၁ ဇွန်းကိုရောပြီး လည်ပင်းမှာလိမ်းပါ။
- မိနစ် ၂၀လောက်ထားပြီးရေချိုးလိုက်ပါ။
ဒါတွေအကုန်လုံးထဲမှာ သံလွင်ဆီကလွဲလို့ ကျန်တဲ့နည်းတွေသုံးပြီးတိုင်း moisturizerပြန်သုံးဖို့ မမေ့နဲ့နော်။ အလွယ်ဆုံးနည်းတွေဖြစ်လို့ ကြိုက်တဲ့နည်းကိုရွေးလို့ရပါတယ်။
နောက်ပိုင်း ဂရုစိုက်ရမယ့်အချက်တွေကမျက်နှာသစ်တဲ့အခါတိုင်း လည်ပင်းကိုလည်း သန့်စင်ပါ။ မျက်နှာအသားအရေကိုခြောက်သွေ့မှုဒဏ်၊နေလောင်ဒဏ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်တွေက ကာကွယ်ထိန်းသိမ်းသလိုပဲ လည်ပင်းအသားအရေကိုလည်း ဂရုစိုက်ပေးဖို့မမေ့ပါနဲ့။moisturizer နဲ့sunscreen အမြဲလိမ်းပေးပါ။
အလှတရားကိုမြတ်နိုးတဲ့ မယ်မဒီတို့လည်း လည်တိုင်ကျော့ကို မိတ်ကပ်ဖို့ရတဲ့အလုပ်ကို နှုတ်ဆက်နိုင်ပါစေလို့။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။