လူသားတိုင်း ဇရာကို လွန်ဆန်လို့ မရတာတော့ သဘာဝပါပဲ။ အသက်ကြီးလာတာနဲ့အမျှ နဖူး၊ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်လာမယ်။ ခြေထောက်ကြွက်သား၊ လက်မောင်းသားတွေ လျော့တွဲလာမယ်။ ဒါဟာ ဖြစ်နေကျဖြစ်စဉ်မို့ ရှောင်လွယ်လို့ မရတာမှန်ပေမယ့် ဘယ်သူမှတော့ အသက်ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေ ထင်ပြီး အိုမင်းရင့်ရော်ေနသလို ပုံစံကြီးဖြစ်နေဖို့ လိုလားမှာ မဟုတ်ပါဘူး။