backup og meta

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား..........

ဆဲလ်သေတွေဖယ်ရှားမှ အသားအရေက ကျန်းမာတယ်။ ဆဲလ်သေဖယ်တာက အသားခြောက်နိုင်တယ်။ အခုလို အသားခြောက်တဲ့ ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားလို့ ဖြစ်ပါ့မလား။ အသားများ ပိုခြောက်သွားမလား။ ဆိုပြီး စိတ်ပူရင်း ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား………. ဆိုပြီး တွေးနေပြီလား! ဒါဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။

ဒါမှမဟုတ် ဝက်ခြံတွေ ပိုဖြစ်မလား။ ဆဲလ်သေတွေ မဖယ်လို့လားမသိဘူး။ အသားအရောင်ကို ကြည့်ရတာ ​ကြည်ကြည်လင်လင် မရှိဘူးဆိုတဲ့ သူလေးတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ဆောင်းရာသီမှာ ဆဲလ်သေဖယ်ရှားလို့ ရပါ့မလားလို့ ချီတုံ ချတုံ ဖြစ်နေတဲ့ လေဒီလေးတွေအတွက်ပါ။

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား……….

ဆောင်းရာသီမှာ ဆဲလ်သေတွေ ဖယ်ရှားသင့်ရဲ့လား………. ဆောင်းရာသီက အလိုလိုနေရင်းတောင် အသားခြောက်တော့ ဆဲလ်သေတွေ ဖယ်ရှားလိုက်ရင် အသား ပိုခြောက်သွားမလား။ ဆဲလ်သေဖယ်ရှားမှုကြောာင့် အသားအရေကိုများ ထိခိုက်လေမလားဆိုတဲ့ စိတ်ပူမှုက အသားအရေ ထိန်းသိမ်းမှု လုပ်နေတဲ့ သူတိုင်းမှာ ဝေခွဲမရ ဖြစ်တတ်တဲ့ မေးခွန်းတစ်ခုပါ။

ဆဲလ်သေ ဖယ်ရှားတာက မဖြစ်မနေ လုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းမှုပါ။ ဒါကြောင့် ဆောင်းရာသီမှာလည်း အသားအရေ ထိန်းသိမ်းမှု လုပ်တဲ့အခါ ဆဲလ်သေ ဖယ်ရှားဖို့ လိုပါမယ်။ အကြောင်းကတော့ အရေပြားပေါ်မှာ ဆဲလ်သေတွေ များနေတဲ့အခါ အရေပြားရဲ့ အာဟာရ စုပ်ယူနိုင်မှုကို ထိခိုက်လို့ပါ။

အာဟာရ စုပ်ယူမှု ထိခိုက်တာက အသားအရေကို ထိုက်သင့်တဲ့ ပြုပြင်မှု မရစေဘူးဆိုတဲ့ သဘောပါ။ ဒီတော့ ဆောင်းရာသီမှာ ခြောက်သွေ့တာ၊ အသားအရေကို သက်တောင့်သက်သာ မရှိစေတာ မှန်ပေမယ့် အရေပြားပေါ်က ဆဲလ်သေတွေကိုတော့ ပုံမှန် ဖယ်ရှားပါ။ ဆဲလ်သေတွေ ဖယ်ရှားမှု မလုပ်ဘဲ အရေပြားကို အစိုဓာတ် ထိန်းမယ်ဆိုရင် အရေပြားက ကောင်းကောင်း မစုပ်ယူနိုင်တာကြောင့် အသားအရေက ခြောက်သွေ့ ဦးမှာပါ။

ဒါကြောင့် ဆောင်းရာသီမှာ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းချင်တယ်ဆိုရင် ဆဲလ်သေဖယ်ရှားတာကိုလည်း မေ့မထားပါနဲ့။

ဆောင်းရာသီနဲ့ သင့်တော်တဲ့ ဆဲလ်သေ ဖယ်ရှားနည်းတွေက ဘာတွေများလဲ…………..

အသားအရေအတွက် ခက်ခဲတဲ့ ကာလဖြစ်တဲ့ ဆောင်းရာသီမှာ အသားအရေကို ထိခိုက်မှု မရှိစေဘဲ ဆဲလ်သေတွေကို ဖယ်ရှားချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

ပတ်ဝန်းကျင်က အေးမြ ခြောက်သွေ့တဲ့ ဆောင်းရာသီမှာ  ဓာတုပစ္စည်း အပြင်းစားတွေပါတဲ့ ဆဲလ်သေဖယ်ရှားတဲ့ ပစ္စည်းတွေ သုံးပြီး ဆဲလ်သေဖယ်ရှားတာက အသားအရေကို ခြောက်သွေ့ ပျက်စီးစေနိုင်ပါတယ်။

ဒါ​ကြောင့် ဆောင်းရာသီမှာ ဆဲလ်သေ ဖယ်ရှားမယ်ဆိုရင် ဒီအချက်လေးကို သတိထားပေးပါ။ သဘာဝပစ္စည်းလေးတွေကို သုံးပေးပါ။

သင်္ဘောသီး မှည့်မှည့်လေးကို ကြိတ်ခြေလိုက်ပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း တဝက်စာ ထည့်ပြီး သမအောင် မွှေပါ။ ရလာတဲ့ အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ် လိမ်းပေးပြီး ၁၅မိနစ်လောက် ထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

ကော်ဖီ အကြမ်းမှုန့်တစ်ခွက်စာထဲကို သံလွင်ဆီ အနည်းငယ်ထည့်ပြီး သမအောင် မွှေပါ။ ရလာတဲ့ အရောကို မျက်နှာပေါ်မှာ စက်ဝိုင်းပုံစံ ခပ်ဖွဖွလေး ပွတ်ပြီး လိမ်းပေးရုံပါ။

ပြီးရင် သုံးနေကျ မျက်နှာသစ်ဆေးလေးနဲ့ သန့်စင်လိုက်ရုံပါ။

  • ပျားရည်၊ သံပုရာသီး နဲ့ သကြား

သံပုရာသီးကို အရည်ညှစ်ပြီး ပျားရည်နည်းနည်း ထည့်ပါ။ ပြီးရင် သကြားထည့်ပြီး ရောမွှေလို့ စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင်တော့ ပုံမှန်အတိုင်း သန့်စင်ပေးပါ။

ဒီလို ဆဲလ်သေတွေ ဖယ်ရှားပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် တစ်ခုခု ပြန်လိမ်းဖို့ မမေ့ပါနဲ့။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

THE RIGHT WAY TO EXFOLIATE YOUR SKIN IN THE WINTER https://www.bebeautiful.in/articles/way-to-exfoliate-your-skin-in-winter Accessed Date 25 November 2020

5 Ways to Exfoliate Naturally https://www.treehugger.com/ways-to-exfoliate-naturally-4864316 Accessed Date 25 November 2020

ယခုပုံစံ

07/02/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆောင်းရာသီနှင့် အရေပြားအလှအပ ထိန်းသိမ်းခြင်း

ဆောင်းရာသီမှာ လေဒီလှလှလေးဖြစ်စေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/02/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။