ဥပမာ
- Spina bifida occulta လို့ခေါ်တဲ့ ကျောရိုးမကြီး ဟနေတဲ့ ပြဿနာ
- Tethered cord syndrome လို့ ခေါ်တဲ့ ကျောရိုးအာရုံကြောကို တစ်ရှူးတစ်ခုခုက လာတွယ်နေလို့ အာရုံကြောထိခိုက်တာမျိုး
ဒါတွေက သိပ်အခြေအနေမဆိုးတဲ့အတွက် တော်ရုံဆို ကုသစရာမလိုပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ စစ်ဆေးမှုတွေတော့ လုပ်ရမှာပါ။
နတ်သမီးအမှတ် နဲ့ ပတ်သတ်တဲ့ ယုံတမ်းစကား
နတ်သမီး အမှတ်ရှိတဲ့ သူတွေက လိင်ကိစ္စမှာ အားသာချက်တွေ ရှိတယ်လို့ ဆိုကြပါတယ်။ ဥပမာ ဒီအမှတ်ရှိတဲ့ အမျိုးသမီးတွေက တင်ပဆုံပိုင်းကို သွေးလည်ပတ်မှုကောင်းလို့ မြန်မြန်ပြီးမြောက်ကြတယ်လို့ ဆိုကြပါတယ်။ တချို့ကလည်း အမျိုးသမီးတွေရဲ့ ဒီအချိုင့်လေးကို ဖိရုံနဲ့တင် ပြီးသွားတတ်ကြတယ်လို့ ဆိုပါတယ်။ ဒါတွေဟာ အရပ်ပြောစကားတွေပဲ ဖြစ်ပါတယ်။ ဒီအမှတ်က အရွတ်တွဲကြောင့် ပေါ်လာတာဖြစ်ပြီး သွေးလည်ပတ်မှုကို ဘာမှ မလုပ်ပေးနိုင်ပါဘူး။
တချို့ကလည်း ဒီအမှတ်ပါတဲ့ အမျိုးသမီးတွေက အမျိုးသားတွေက ပိုကြိုက်ကြတယ်တဲ့။ ဒါကလည်း တစ်ဦးဆီရဲ့ ရွေးချယ်မှု ဖြစ်ပြီး ယေဘုယျမဆန်ပါဘူး။
နောက်ပြီးပြောကြတာကတော့ ဒီအရွတ်ရှိတဲ့အတွက် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ တင်ပဆုံပိုင်း ငြိမ်ဖို့၊ ဝိတ်ငြိမ်ဖို့ ထိန်းပေးနိုင်ပါတယ်တဲ့။
ဒီတော့ ပြောရမယ်ဆိုရင် နတ်သမီးအမှတ်ဆိုတာ အရွတ်တွဲတစ်ခုသာဖြစ်ပြီး ကျန်းမာရေးအရဘာထူးခြားချက်မှ မရှိပါဘူး။ အန္တရာယ်လည်း မရှိပါဘူး။ တချို့တွေကတော့ ဒီအမှတ်ပါတဲ့ အမျိုးသမီးတွေကို မိန်းမချောတွေလို့ သတ်မှတ်ကြလေရဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။