ဒါပေမယ့် အရေးအကြီးဆုံး သိထားဖို့ကတော့ အိပ်ရာပေါ်မှာ ခုလို ကြာကြာဆက်ဆံနိုင်ပြီး ကယ်လိုရီတွေ ချေဖျက်နိုင်ဖို့ဆိုရင် ကိုယ့်မှာ အဲ့ဒီလောက် စွမ်းဆောင်နိုင်မယ့် ကြံ့ခိုင်သန်စွမ်းမှုမျိုးရှိထားဖို့တော့ လိုအပ်မယ်ဆိုတာပါပဲ။ ဒီလိုမဟုတ်ဘူးဆိုရင် သူငယ်ချင်းအချင်းချင်း နောက်ပြောင်နေကြစကားလို “တက်ထွက်ကြီး” ဖြစ်နေမှာပေါ့။
လိင်စိတ်ဆန္ဒပြင်းပြဖို့၊ ကျေနပ်မှုရဖို့၊ အချစ်စွမ်းဆောင်ရည် ကောင်းရဖို့ သွေးလည်ပတ်နှုန်းကောင်းရမယ်၊ နှလုံးခုန်နှုန်းကောင်းရမယ်၊ အသက်ရှူနှုန်းလည်း ကောင်းရမယ်၊ တင်ပါးဆုံရိုးနဲ့ ကြွက်သားတွေလည်း တောင့်တင်းသန်မာရမယ်။ ဒါတွေဖြစ်လာစေဖို့ဆိုရင် အရင်ဆုံး လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်ပါတယ်။
ကောင်းမွန်တဲ့ လိင်စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ဆိုရင် တစ်နေ့ကို ၃ ကြိမ်လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်ကို မိနစ် ၂၀-၃၀ ဝန်းကျင်လောက်ပေါ့။
ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ
ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ ကတော့ အောက်ပါအတိုင်းပါပဲ။
- Plank – ၂၀ စက္ကန့်
- Glute bridges – ၁၅ ကြိမ်
- Jump squats – ၁၀-၁၅ ကြိမ်
- 10 Kegels – ၅-၁၀ စက္ကန့်
- Pushups – ၁၀-၁၅ ကြိမ်
- Pigeon pose – ခြေထောက်တစ်ဖက်လျှင် ၁ မိနစ်စီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။