backup og meta

ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ အလွယ်ကူဆုံး အိမ်တွင်းကုထုံး (၅) ချက်

ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ အလွယ်ကူဆုံး အိမ်တွင်းကုထုံး (၅) ချက်

ဝက်ခြံ အမာရွတ်တွေက စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံး အရေပြားပြဿနာပါ။ ဒီအချက်ကို ဝက်ခြံပေါက်ပြီး အမာရွတ်တွေ အမည်းစက်တွေ ကျန်ခဲ့တဲ့သူတိုင်း လက်ခံကြမယ် ထင်ပါတယ်။

ဒါတွေက ပျောက်ရော ပျောက်ပါ့မလားဆိုတဲ့ အတွေးတွေလည်း ဝင်ခဲ့ဖူးမယ် ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံအမာရွတ်တွေက ပျောက်ပါတယ်။ အချိန် ပေးရတာပါ။

ဝက်ခြံ အမာရွတ်တွေက ဝက်ခြံတွေထက် ပျောက်ဖို့ အချိန်ပေးရတာပါ။ ဒီတစ်ခေါက်တော့ မျက်နှာလေးကို မှန်ထဲ ကြည့်လိုက်တိုင်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေမယ့် အိမ်မှာပဲ အလွယ်တကူ လုပ်ဆောင်လို့ ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

ဝက်ခြံ အမာရွတ်တွေ ပျောက်ဖို့ အချိန် ဘယ်လောက် ပေးရမလဲ ……..

ဝက်ခြံ အမာရွတ်တွေ ပျောက်ဖို့က အပေါ်မှာ ပြောခဲ့သလို ဝက်ခြံတွေထက် အချိန်ပိုပေးရပါတယ်။ ဝက်ခြံတွေက အလွန်ဆုံး ၂ ပတ်လောက်ဆို သက်သာသွားတတ်ပေမယ့် ဝက်ခြံ အမာရွတ်တွေကတော့ အနည်းဆုံး ၆ လလောက်ကြာမှ ပျောက်ကြတာပါ။

မျက်နှာကတော့ သွေးစီးဆင်းမှု အကောင်းဆုံး အစိတ်အပိုင်း တစ်ရပ်ဖြစ်တာကြောင့် အမာရွတ် ပျောက်တာက အခြား အစိတ်အပိုင်းတွေထက် မြန်ပါတယ်။ ဒါတောင် အချိန်ကို လနဲ့ချီပြီး စောင့်ရတာပါ။

ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ အလွယ်ကူဆုံး အိမ်တွင်းကုထုံး (၅) ချက်

ဝက်ခြံ အမာရွတ်တွေ သက်သာစေဖို့ လုပ်ဆောင်ပေးနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလေးတွေကို သေသေချာချာလေးနဲ့ မှန်မှန်လေး လုပ်ပေးမယ်ဆိုရင် ဝက်ခြံ အမာရွတ်တွေက သိသိသာသာ သက်သာလာမှာပါ။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က အသားအရေကို အစိုဓာတ် ထိန်းပေးသလို အနာကျက်စေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အရောင်ကျစေပြီး နီးမြန်းတာကို သက်သာစေနိုင်ပါတယ်။

အရေပြားပေါ်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ခပ်ပါးပါးလှီးထားတဲ့ ရှားစောင်းလက်ပပ် ဂျယ်လီသားလေးနဲ့ သန့်စင်ထားတဲ့ အရေပြားပေါ်ကို ပွတ်ပေးပြီး ၁၅ မိနစ်လောက် ထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ရုံပါ။

အုန်းဆီ

အုန်းဆီ

အုန်းဆီက omega fatty acids ကြွယ်ဝသလို အရေပြား အတွင်းပိုင်းထိ စိမ့်ဝင်နိုင်ပြီး အသားအရေကို အစိုဓာတ် ထိန်းပေးပါတယ်။ အရေပြားကို glow စေဖို့လည်း ထောက်ကူပေးပါတယ်။

ဝက်ခြံ အမာရွတ်တွေပေါ်မှာ အုန်းဆီ လိမ်းပေးတာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အမာရွတ်တွေ ပါးလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို လန်းဆန်းနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

Baking Soda

Baking soda

Baking Sodaက ဝက်ခြံ အမာရွတ်တွေကို ဖယ်ရှားဖို့ အထောက်အကူ ဖြစ်လား ……. အဖြေကတော့ ဖြစ်ပါတယ်။ Baking Sodaက အရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အမာရွတ် တဝိုက်က အရေပြားတွေကို ထိခို်ကမှု မဖြစ်စေဘဲ အမာရွတ်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာပါ။

Baking Sodaကို ခပ်ပျစ်ပျစ်လေး ဖျော်ပြီး အမာရွတ်တွေပေါ်မှာ လိမ်းထားပေးရုံပါ။ တစ်မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ခပ်ဖွဖွလေး ဆေးကြောပေးပါ။

ပျားရည်

ပျားရည်

ပျားရည်က အရေပြားကို အစိုဓာတ် ထိန်းပေးသလို တစ်ရှူး အသစ်တွေ ဖြစ်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝ ပစ္စည်းတစ်မျိုးပါ။

သန့်စင်ထားတဲ့ အရေပြားပေါ်က အမာရွတ်ရှိတဲ့နေရာကို ပျားရည် ခပ်ပါးပါးလေး လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

သံပုရာသီး

သံပုရာသီး

အမာရွတ်ကင်းပြီး ကြည်လင်တဲ့ အရေပြားကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သံပုရာသီးက အရွေးချယ်သင့်ဆုံး သဘာဝ ပစ္စည်း တစ်မျိုးပါ။ အရေပြားအတွက် လိုအပ်တဲ့ အနာကျက်စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတဲ့ alpha-hydroxy acids (AHA) ပါဝင်နေတာကြောင့် အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။

သံပုရာသီးကို အကွင်းလိုက်လေး ပါးပါးလှီးပြီး အမာရွတ်တွေပေါ်မှာ ပွတ်လိမ်းပေးလို့ ရပါတယ်။ ၁၀ မိနစ်လောက်ထားပြီး ရေအေးအေးလေးနဲ့ သန့်စင်လိုက်ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းဖို့ မမေ့ပါနဲ့နော်။

ကဲ …… စိတ်ညစ်နေတဲ့ ဝက်ခြံအမာရွတ်တွေကို ဒီနည်းလမ်းလေးတွေ သုံးပြီး ဘိုင့်ဘိုင့်လို့ နှုတ်ဆက်လိုက်ရအောင်လား ……..

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How To Heal Acne Scars With 3 Natural Skincare Ingredients https://www.thegreenkiss.com/blogs/news/how-to-heal-acne-scars-by-using-these-3-skincare-ingredients Accessed Date 7 December 2021

10+ Home Remedies For Acne Scar Removal That Actually Work  https://www.livenobs.com/blogs/fresh/got-scars-add-these-10-natural-home-remedies-for-effective-scar-removal Accessed Date 7 December 2021

ယခုပုံစံ

28/12/2021

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံရဲ့ အသုံးဝင်ပုံက

ဝက်ခြံကြောင့်ကျန်ရစ်ခဲ့တဲ့ အမဲစက်တွေကိုဘယ်လိုဖယ်ရှားမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement