backup og meta

နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

    (၁) နှုတ်ခမ်းနီ အဆီကောင်းကောင်းဝယ်ဆိုးပါ။

    နှုတ်ခမ်းခြောက်၊နှုတ်ခမ်းကွဲရင် နှုတ်ခမ်းနီအဆီဆိုးရမှန်းတော့သိကြပါတယ်။ သို့သော်တချို့သောနှုတ်ခမ်းနီတွေမှာ

    • Menthol (ပရုတ်တစ်မျိုး)
    • Mint (ပူရှိန်း)
    • Camphor (ပရုတ်တစ်မျိုး)
    • Phenol ဒြပ်ပေါင်းတွေပါဝင်ပါတယ်။

    ပူရှိန်းဟာအေးမြမှုကိုပေးပေမဲ့ နှုတ်ခမ်းကို ပိုမိုခြောက်သွေ့ကွဲအက်စေပါတယ်။ အနံ့၊ အရသာတွေ ထည့်သွင်းထားတဲ့ နှုတ်ခမ်းဆိုးဆေးဟာ နှုတ်ခမ်းကိုပိုမိုခြောက်သွေ့စေတတ်ပါတယ်။ ကောင်းမွန်တဲ့ နှုတ်ခမ်းဆိုးဆေးကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။

    အောက်ပါပစ္စည်းများပါဝင်တဲ့ နှုတ်ခမ်းနီအဆီကိုရွေးချယ်ဝယ်ယူပါ။

  • Petroleum (ရေနံဆီ)
  • Lanolin (သစ်ဆီ)
  • Beeswax (ပျားဖယောင်း)
  • Ceramide (ဖယောင်းဆီတစ်မျိူး)
  • ဒီဒြပ်ပေါင်းတွေဟာ နှုတ်ခမ်းကိုအစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

    (၂) သဘာဝပစ္စည်းတွေသုံးပါ။

    • ရှားစောင်းလက်ပပ်။ ။ ရှားစောင်းလက်ပပ်ဟာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတာကြောင့်  နှုတ်ခမ်းမှာလိမ်းလိုက်ရုံနဲ့ ရေဓာတ်ကြွယ်ဝစေပြီးနူးညံ့စေပါတယ်။ ရောင်ရမ်းမှုကိုလည်း သက်သာစေပါတယ်။
    • အုန်းဆီ။ ။ အုန်းဆီလိမ်းခြင်းဖြင့်  ရေဓာတ်လည်းပြည့်ဝစေနိုင်သလို  နှုတ်ခမ်းသားလေးကို အိစက်နူးညံ့စေပါတယ်။
    • ပျားရည်။ ။ ပျားရည်ဟာ ရေဓာတ်ဖြည့်တင်းမှုအပေးနိုင်ဆုံး သဘာဝပစ္စည်းပါ။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ နဲ့ ပိုးသတ်နိုင်စွမ်း ပါဝင်တာကြောင့် ကွဲအက်နေတဲ့ နှုတ်ခမ်းကို ပိုးမွှားတွေ မဝင်အောင်အထူးကာကွယ်ပေးပါတယ်။
    • သခွားသီး။ ။ သခွားသီးကပ်ပေးခြင်းဖြင့်လည်း  ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်  ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။
    • လက်ဖက်စိမ်း။ ။လက်ဖက်စိမ်းကိုနူးညံ့တဲ့ ပိတ်စနဲ့ ထုပ်ကာရေနွေးစိမ်ပြီးနှုတ်ခမ်းကို ညင်သာစွာပွတ်တိုက်ပေးပါ။ ခြောက်သွေ့နေတဲ့ ဆဲလ်သေတွေကွာကျကာ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

    (၃) ချေးချွတ်ပါ။

    အက်ကွဲနေတဲ့ နှုတ်ခမ်းတွေဟာ ဆဲလ်သေတွေနဲ့ ကာကွယ်နေတာကြောင့် နှုတ်ခမ်းနီအဆီ ဆိုးလိုက်တဲ့ အခါအတွင်းအလွှာကိုမရောက်ဘဲ လိုအပ်တဲ့ပြုပြင်မှုမရနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဆဲလ်သေတွေကိုခွာချဖို့ Scrub ပြုလုပ်ဖို့လိုပါတယ်။ သကြားနဲ့ မုန့်ဖုတ်ဆိုဒါပါဝင်တဲ့ Lip Scrub မျိုးရွေးချယ်ဝယ်ယူပါ။

    (၄) ရေများများသောက်ပေးပါ

    ရေဓာတ်မပြည့်ဝခြင်းဟာ နှုတ်ခမ်းအက်ကွဲခြင်းဖြစ်စေတဲ့ အဓိကတရားခံပါ။ ရေသောက်ခြင်း အလေ့အထကိုမွေးမြူသင့်ပါတယ်။ တစ်နေ့ကိုရေ (၂) လီတာမှ (၃) လီတာ အထိသောက်သုံးခြင်းဖြင့် ရေဓာတ်ခမ်းခြောက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။

    နှုတ်ခမ်းခြောက်ခြင်းအပြင် အောက်ပါလက္ခဏာတွေကြောင့်လည်း သင့်ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်နေပြီဆိုတာသိနိုင်ပါတယ်။

    • အလွန်အမင်းရေဆာခြင်း
    • ပါးစပ်၊ အာခေါင်ခြောက်သွေ့ခြင်း
    • ခေါင်းကိုက်ခြင်း
    • မူးဝေခြင်း
    • ချွေးထွက်များခြင်း
    • အော့အန်ခြင်း

    (၅) ပူနွေးတဲ့ လေခံယူပါ။

    အေးချမ်းလွန်းတဲ့ဆောင်းရာသီ မှာ နှုတ်ခမ်းတွေ အသားအရေတွေအခြောက်သွေ့ဆုံးပါ။ အဲလ်ကွန်းခန်းထဲ အနေများရင်လည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲလ်ကွန်းခန်းထဲအချိန်ပြည့်မနေဘဲ ပြတင်းပေါက်ဖွင့်ကာပူနွေးစိုစွတ်တဲ့ လေခံပေးပါ။ ဆောင်းရာသီမှာလည်း Heater(အပူပေးကိရိယာ)၊ Humidifier(စိုထိုင်းမှုထိန်းစက်) တွေ အသုံးပြုနိုင်ပါတယ်။

    (၆) ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

    ဆေးလိပ်ငွေ့ဟာ နှုတ်ခမ်းသားလေးတွေကို ထိခိုက်ခြောက်သွေ့စေတာမို့ ကွဲအက်သည်အထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်ဆေးလိပ်သောက်ခြင်းဟာ ပါးစပ်အနာ၊ သွားဖုံးရောင်ရမ်းနာကျင်ခြင်းတွေ အပြင် ခံတွင်းကင်ဆာကိုလည်းဖြစ်စေနိုင်တာမို့ အထူးရှောင်ရှားသင့်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ပါ။ ပိုလှတဲ့ နှုတ်ခမ်းတွေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲနော်။

    (၇) နှုတ်ခမ်းကို လျှာနဲ့ သပ်ခြင်းမှရှောင်ကြဉ်ပါ။

    နှုတ်ခမ်းခြောက်တဲ့အခါ အစိုဓာတ်ရလိုရငြား နှုတ်ခမ်းကို လျှာနဲ့သပ်ကာ တံတွေးစွတ်တတ်ကြ ပါတယ်။ ခဏတာ စိုစွတ်သွားပေမယ့်လည်း တံတွေးဟာ အငွေ့ပျံသွားတဲ့ အခါ နှုတ်ခမ်းပေါ်က အစိုဓာတ်ကိုဆွဲယူသွားတာမို့ ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းကို တံတွေးမစွတ်မိပါစေနဲ့။

    ရေးသားသူ- ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement