ကွန်ဒုံးအသုံးပြုမှုကြောင့် မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိမှုကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ကွန်ဒုံးက မျိုးဥတွေနဲ့ သုက်ကောင်တွေကို မထိတွေ့နိုင်အောင်တားဆီးပေးပြီး လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးတာပါ။ ကွန်ဒုံးအသုံးပြုမှုက အကောင်းဆုံးသော သားဆက်ခြားနည်းတစ်ခုလို့ဆိုရပါမယ်။
အားသာချက်တွေကဘာတွေများလဲ
ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း ဖြစ်တဲ့ ကွန်ဒုံးရဲ့ အများနဲ့မတူတဲ့ အားသာချက်တွေကဘာတွေများလဲလို့ စိတ်ဝင်စားနေပြီလား။
- ဟော်မုန်းမပါဝင်တာကြောင့် ရာသီစက်ဝန်းကိုမထိခိုက်စေနိုင်ဘူး
သန္ဓေတားသောက်ဆေးတွေ၊ တချို့ သားအိမ်တွင်းထည့်ပစ္စည်းတွေလိုမျိုး ဟော်မုန်းပါဝင်မှုမရှိတာကြောင့် ရာသီစက်ဝန်းကိုထိခိုက်တာမျိုးဖြစ်မှာကို စိုးရိမ်စရာမလိုပါဘူး။
- လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ သားဆက်ခြားနည်းတစ်ခုပါ
အခြားသားဆက်ခြားနည်းလမ်းတွေထက် သာလွန်နေတဲ့အချက်တစ်ခုပါ။ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးအသုံးပြုတာက မမျိုးဥတွေကို သုက်ကောင်တွေနဲ့ မထိတွေ့အောင်တားပေးပြီး သားဆက်ခြားပေးတဲ့အပြင် လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။