ဆံပင်ဖြူတာက အလှပျက်စေတယ်တဲ့အရာလား။ တစ်ခါတလေတာ့ဟုတ်ပါတယ်။ အထူးသဖြင့် အရွယ်မတိုင်ခင်ဆံပင်ဖြူရင်ပေါ့။ အရွယ်ရလာရင်ဆံပင်ဖြူမယ်ဆိုပေမယ့် အရွယ်မရောက်ခင်ဆံပင်ဖြူတာကတော်တော်လေးတော့ စိတ်ညစ်စေတဲ့အရာနော်။ ဆံပင်လေးများခပ်တင်းတင်းလေးစည်းလိုက်ရင် ဆံပင်ဖြူတွေက အတိုင်းသားပေါ်လာတော့တာပါပဲ။ ဒီပြဿနာကို စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးဖတ်ရင်း အတူတူဖြေရှင်းရအောင်လား။ အသက်
အရွယ်အလိုက်ဆံပင်ဖြူနိုင်ခြေ
လူမျိုးစုတွေအလိုက်ဆံပင်ဖြူနိုင်ခြေက ကွာခြားမှုရှိနေပါတယ်။ ပျမ်းမျှပြောပြရမယ်ဆိုရင်
- အာဖရိကန်လူမျိုးတွေက အသက် ၄၀ နောက်ပိုင်းလောက်မှ ဆံပင်စဖြူတတ်ကြပါတယ်။
- အမေရိကန်လူမျိုးတွေလည်း အသက် ၄၀နောက်ပိုင်းလောက်မှ စပြီး ဆံပင်ဖြူတတ်ကြပါတယ်။
- အာရှနွယ်ဖွားတွေကတော့ အသက် ၃၀လောက်ရောက်လာပြီဆိုရင် ဆံပင်စဖြူတတ်ကြပါတယ်။
ဆံပင်ဖြူတာအပေါ်မှာ သက်ရောက်နေသေးတဲ့နောက်တစ်ချက်ကအသားအရောင်ပါ။ အသားဖြူတဲ့သူတွေက အသားညိုတဲ့သူတွေ အသားမဲတဲ့သူတွေ ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။အသားဖြူတဲ့သူတွေဟာ အသက် ၃၀လောက်ရောက်လာရင်ကို ဆံပင်စဖြူလာပါတော့တယ်။
ဆံပင်ဖြူတာကို ကာကွယ်နိုင်လား……
ကာကွယ်နိုင်တယ်၊ လို့ပဲဆိုရပါမယ်။နေ့စဉ်နေထိုင်စားသောက်မှုပုံစံနဲ့ အလေ့အထတွေက ဆံပင်ဖြူနိုင်ခြေအပေါ်မှာ အများကြီးသက်ရောက်နေပါတယ်။
- အာဟာရမပြည့်ဝတဲ့ စားသောက်မှုကြောင့် ဗီတာမင်ချို့တဲ့တာ
- စိတ်ဖိစီးမှုများတာကြောင့်
- Oxidative Stressတွေကြောင့်
- ဆံပင်ဆိုးဆေးတွေကြောင့်
- ဆံသားအတွက်သုံးတဲ့ပစ္စည်းတွေမှာပါတဲ့ ဓါတုပစ္စည်းတွေကြောင့်
- သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့်
- မျိုးဗီဇကြောင့်
- ဆေးလိပ်သောက်တာကြောင့်
- နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုကြောင့် ဆံပင်တွေဖြူရတာပါ။
ဘယ်လိုကာကွယ်မလဲ……..
ဆံပင်မဖြူစေဖို့ဆိုရင်
- ဗီတာမင်ချို့တဲ့မှုမဖြစ်စေဖို့ အာဟာရပြည့်ဝအောင်စားမယ်
- နေရောင်ထဲထွက်ရင် ဆံသားတွေကို ကာကွယ်မယ်
- ဆေးလိပ်ဖြတ်မယ်
- ဆံသားအတွက်သဘာဝပစ္စည်းတွေကို သုံးမယ်
- ဆံပင်ဆေးခဏခဏဆိုးတာကိုရှောင်မယ်။
ဆံပင်ဖြူတာကို ရပ်တန့်ပေးနိုင်မယ့် အိမ်တွင်းကုထုံးတွေက ဘာတွေများလဲ……..
ဆံပင်ဖြူတာကို ရပ်တန့်ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကတော့
အုန်းဆီ -ခေါင်းမလျှော်ခင်တစ်ရက်မှာ ဆံသားကို အုန်းဆီလိမ်းလို့ ဦးရေပြားကို နှိပ်နယ်ပေးပါ။နောက်တစ်နေ့မနက်မှာခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်နှစ်ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။
ချင်း (ဂျင်း) -နေ့တိုင်း ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားထဲမှာ ချင်း (ဂျင်း) အရွယ်တော်တစ်ပြားလောက်ထည့်စိမ်လို့ ပုံမှန်စားပေးပါ။ ချင်း (ဂျင်း) ကိုနုတ်နုတ်စဉ်းထားရင် ပိုအဆင်ပြေပါတယ်။
ဇီးဖြူသီး -နေ့တိုင်း ဇီးဖြူသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်လေးတစ်ခွက်စာလောက်သောက်ပေးပါ။ ဒါမှမဟုတ် အုန်းဆီလေးထဲမှာ ဇီးဖြူသီးထည့်စိမ်ထားတဲ့ ဆီကို ဦးရေပြားမှာ လိမ်းပြီးနှိပ်နယ်ပေးပါ။
နှမ်းနက်စေ့ – တစ်ပတ်ကို ၃ ကြိမ်လောက် နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ စားသုံးပေးတာက ဆံပင်ဖြူတာကို သက်သာစေနိုင်ပါတယ်။
ကြက်သွန်နီ – ကြက်သွန်နီကို ကြိတ်ပြီးရလာတဲ့အရည်ကို ဆံသားမှာလိမ်းပေးပြီး ခဏလောက်ထားလို့ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်လော် ပုံမှန်လုပ်ပေးပါ။
မုန်လာဥနီဖျော်ရည် -နေ့တိုင်း မုန်လာဥနီဖျော်ရည်တစ်ခွက်သောက်သုံးတာက ဆံပင်ဖြူတာကို သိသိသာသာသက်သာစေမှာပါ။
ပျဉ်းတော်သိမ်းရွက် – ပျဉ်းတော်သိမ်းရွက်ကို ဒိန်ချဉ်နဲ့ရောလို့ခေါင်းမလျှော်ခင်ပေါင်းတင်လိုက်ပါ။ တစ်ပတ်ကို ပုံမှန် ၃ ကြိမ်လောက်လုပ်ပေးရင် ဆံပင်ဖြူတာကို သိသိသာသာရပ်တန့်စေနိုင်မှာပါ။
ဒါတွေစားပါ
ဆံပင်ဖြူတာကို ရပ်တန့်နိုင်စေဖို့ ဒါတွေစားပေးလို့ရပါတယ်။
- မုန်လာဥနီ
- ဂေါ်ဖီထုပ်
- ကန်စွန်းဥ
- ကိုက်လန်
- ပန်းဂေါ်ဖီစိမ်း
- အယ်လ်မွန်စေ့
- ဇီးဖြူသီး
- ချင်း (ဂျင်း)
- နှမ်းနက်စေ့
- ပျားရည်
- ငါး
- သံလွင်ဆီ
- လက်ဖက်စိမ်းရေနွေးကြမ်းတို့ကို စားသုံးပေးပါ။
ဆံပင်ဖြူတွေကြောင့် စိတ်ညစ်ခံမနေနဲ့တော့နော်။ အနှစ်သက်ဆုံးနည်းလမ်းတစ်ခုကိုရွေးပြီး ရပ်တန့်လိုက်ရအောင်လား…………………..
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]