ဆံပင်ကျွတ်လို့၊ ဆံပင်ပါးနေလို့၊ ဆံပင် ပျက်စီးနေလို့၊ ဆံပင်အဖျားနှစ်ခွ သုံးခွတွေဖြစ်နေလို့ သက်သာစေမယ့် ဆေးစွမ်းကောင်းတွေရှာနေကြတာနေရာတိုင်းမှာတွေ့နေရပါတယ်နော်။ ဒီခေါင်းလျှော်ရည်ကောင်းတယ်ဆို ဝယ်သုံးလိုက်၊ ဟိုဆေးလေးကကောင်းတယ်ဆိုပြီး ဝယ်လိမ်းလိုက်နဲ့နည်းတွေလည်းစုံနေရောပေါ့။ ဒါပေမယ့်အခုပြောပြမယ့်နည်းလေးတွေက အကုန်အကျလည်းသက်သာတယ်၊ဘေးဖြစ်စေမယ့်အရာလည်းတစ်ခုမှမပါဘူး၊ အာနိသင်လည်းထိရောက်တယ်။ လွယ်တာမှလည်း လွယ်လွယ်လွယ်နဲ့တောင်မြည်နေဦးမယ်။
ကိုယ်တွေ စားနေကျ အစားအသောက်တစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ကိုပဲ ပင်တိုင်ထားပြီး ကြိုက်တဲ့နည်းနဲ့ပေါင်းတင်ကြည့်ရုံပဲ။ ဒိန်ချဉ်က အစာခြေစနစ်အတွက်ကောင်းတယ်၊ အာဟာရဓာတ်တွေပါလို့ အသားအရေအတွက်ပါကောင်းတယ်၊ အခုဆံပင်အတွက်ဆိုလည်း အားဖြည့်ပေးမယ့်ဆေးစွမ်းကောင်းတစ်လက်ဖြစ်နေပြန်ပါတယ်။ ဆံပင်အတွက် ဘာတွေကောင်းလဲဆိုတော့ –
- ဦးရေပြားမှာ မှိုပိုးသန့်စင်စေတဲ့အာနိသင်ကြောင့်ဗောက်ပျောက်စေတယ်
- ဆံသားကို အစိုဓာတ်ကြာကြာထိန်းပေးနိုင်တယ်
- ဦးရေပြားကျန်းမာရေးကို အားဖြည့်ပေးပြီး ဆံပင်အမြစ်အိတ်မှာ ပိတ်ဆို့ခြင်းကိုသက်သာစေတယ် (ရလဒ်အနေနဲ့ ဆံပင်ကျွတ်သက်သာစေတယ်)
- အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ဦးရေပြားရဲ့ pH အဆင့်ကို ထိန်းပေးတယ်
- အေးမြစေတဲ့အာနိသင်ရှိလို့ ဦးရေပြားမှာပြဿနာရှိနေရင်တောင် သက်သာစေတယ်
ဆံသားအတွက် ဒိန်ချဉ်ကို ဘယ်လိုအသုံးချမလဲ
ကဲ ဆံသားကို ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် အားဆေးလေးတွေ ဘယ်လိုဖော်စပ်မလဲ။ ဆက်ကြည့်ရအောင် –
ကြက်ဥနဲ့ ဒိန်ချဉ်
- ပန်းကန်လုံးထဲကို ကြက်ဥတစ်လုံးကိုထည့်ခေါက်ပါ။
- ဒိန်ချဉ် စားပွဲတင်ဇွန်းနှစ်ဇွန်းထည့်ပြီး ပျစ်နှစ်လာအောင်မွှေခေါက်ပါ။
- ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀လောက်ထားပါ။ (ဆံပင်အားလုံးကို လိမ်းနိုင်ရင်ကောင်းပါတယ်)
- ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ချလိုက်ရုံပဲ။
- ဒီနည်းကို တစ်ပတ်နှစ်ကြိမ်လုပ်လို့ရပါတယ်။
ငှက်ပျောသီးနဲ့ ဒိန်ချဉ်
- ပန်းကန်လုံးထဲကို ငှက်ပျောသီးမှည့်တစ်ခြမ်းကိုထည့်ချေပါ။
- ချေတာညက်သွားပြီဆိုရင် ဒိန်ချဉ် တစ်ဇွန်း၊ ပျားရည်သုံးဇွန်း၊သံပရာရည်တစ်ဇွန်းထည့်ပါ။ ဆက်မွှေပါ။
- ဆံသားအရင်းထိ စိမ့်ဝင်အောင်လိမ်းပြီး မိနစ် ၂၀-၃၀လောက်ထားပါ။
- ပြီးမှ ပုံမှန်အတိုင်းခေါင်းလျှော်ပါ။
သံလွင်ဆီနဲ့ ဒိန်ချဉ်
- ပန်းကန်လုံးထဲမှာ သံလွင်ဆီနဲ့ဒိန်ချဉ်တစ်ဇွန်းစီကိုထည့်မွှေပါ။
- မတ်ခွက်တစ်လုံးထဲမှာ သံပရာရည်တစ်ဇွန်းနဲ့ရေနှစ်ခွက်ကိုရောထားပါ။
- ခေါင်းလျှော်ရည်နဲ့ပုံမှန်အတိုင်းခေါင်းလျှော်ပြီး ဆံပင်ကိုရေညှစ်ထားပါ။
- ဒိန်ချဉ်အရောအနှစ်ကို ဆံသားမှာလိမ်းပြီး မိနစ် ၂၀ ထားပါ။
- ကြက်သီးနွေးရေလေးနဲ့ဆေးကြောပါ။
- နောက်ဆုံးမှ ခုနက သံပရာရည်အရောကိုလောင်းချပါ။
- ဒါလည်း တစ်ပတ်နှစ်ကြိမ်လုပ်လို့ရတယ်။
ပျားရည်နဲ့ ဒိန်ချဉ်
[embed-health-tool-bmi]