backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ

အရေပြားပြဿနာက အရွယ်သုံးပါးလုံး ရှောင်လွဲလို့ မရတဲ့ ပြဿနာပါ။ ဒါပေမယ့် အချို့ အရေပြားပြဿနာတွေက လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အခုတစ်ခေါက်ကတော့ မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာလေးတွေအကြောင်း ပြောပြပေးချင်ပါ။

ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ

မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက

  • ပြတ်ရှဒဏ်ရာ
  • ကုတ်ခြစ်ဒဏ်ရာ
  • အနာစိမ်း
  • ပိုးကောင်ကိုက်တာ
  • နို့ပွေး
  • ဝဲ
  • နှင်းခူ
  • ရေကျောက်
  • အင်ပျဉ်
  • ကြွက်နို့
  • အသားအရေခြောက်သွေ့ခြင်း

အရေပြားပြဿနာ ဖြစ်တဲ့အခါ ဘာဖြစ်တာလဲ ဆိုတာကိုသေချာသိမှ ကုသမှုလုပ်ဖို့လည်း ပိုမိုလွယ်ကူမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအရေပြားမှာဖြစ်တဲ့လက္ခဏာလေးတွေက ဘယ်အရေပြားပြဿနာလည်းဆိုတာ သေသေချာချာ သိနိုင်ဖို့  ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ က ဘာတွေလဲ ဆိုတာကို ဆက်ကြည့်လိုက်ကြမယ်နော်။

ပွေး

ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ဆဲလ်သေတွေ၊ ဆံသားတွေနဲ့ လက်သည်းခြေသည်းတစ်ရှုးတွေမှာ ရှင်သန်နေတဲ့ မှိုပိုးတွေကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ စဖြစ်ခါစမှာ အရေပြားမှာ နီရဲပြီး အဖတ်လေးတွေ လန်နေတာကို တွေ့ရနိုင်ပါတယ်။

အဲ့သည့်ကနေမှတဆင့် ယားယံတဲ့အနီရောင် အဝိုင်းလေး ဖြစ်လာမှာ ဖြစ်ပါတယ်။ ပွေးက အရေပြားချင်း ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ တိရစ္ဆာန်တွေနဲ့ ထိတွေ့မှုကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ တဘက်တွေနဲ့ အခြားပစ္စည်းတွေ အတူတူသုံးတာ ကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

ရေကျောက် (Chickenpox)

ယနေ့ခေတ်မှာတော့ ရေကျောက်က ကာကွယ်ဆေး ရှိနေပြီဖြစ်တာကြောင့် ကလေးတွေမှာ သိပ်တော့ မဖြစ်တော့ပါဘူး။ ရေကျောက်က တော်တော်လေးကို ကူးစက်လွယ်တဲ့ အရေပြားပြဿနာ တစ်မျိုးပါ။ ခန္ဓာကိုယ်အနှံ့မှာ အနီရောင် အစက်အပြောက်လေးတွေ ဖြစ်တာပါ။ ယားလည်းယားပါတယ်။

အနာတွေက ရည်ကြည်ဖုလေးတွေ ဖြစ်ပြီးနောက်ပိုင်းမှာ ပေါက်ထွက်သွားပါလိမ့်မယ်။ ပြီးရင်တော့ အရေပြားပေါ်မှာ အသားမာ တက်သလိုမျိုး ဖြစ်ကျန်နေတတ်ပါတယ်။ ရေကျောက်ကတော်တော်လေးကိုပြင်းထန်တာမျိုးဖြစ်နိုင်တာကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက ရေကျောက်ကာကွယ်ဆေးထိုးပေးထားတာအကောင်းဆုံးဖြစ်မှာပါ။

ကြွက်နို့ (Warts)

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အရေပြားပြဿနာတစ်ခုပါ။ အန္တရာယ်မရှိသလို နာကျင်တာမျိုးလည်းမရှိပါဘူး။ ကြွက်နို့က တစ်ယောက်ဆီကနေတစ်ယောက်ဆီကိုအလွယ်တကူကူးစက်နိုင်ပါတယ်။

ဗိုင်းရပ်စ်ရှိနေသူ ကိုင်တွယ်ထိတွေ့ထားတဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့မိတာကနေတဆင့်လည်းကူးစက်နိုင်ပါတယ်။ လက်ချောင်းတွေနဲ့ လက်တွေမှာအဖြစ်များပါတယ်။

ကြွက်နို့တွေ မပြန့်အောင် ကြွက်နို့ကို ကြွက်နို့ကပ်ဖို့ ထုတ်ထားတဲ့ ပလာစတာနဲ့ ကပ်ထားပေးပါ။ အချို့ ကြွက်နို့တွေက သူ့အလိုလို ကြွေကျသွားတတ်ပါတယ်။

နှင်းခူ (Eczema)

နှင်းခူ ဖြစ်နေတဲ့ ကလေးငယ်တွေမှာ အရေပြားဓါတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်လိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာကိုတော့သေသေချာချာ မသိရပါဘူး။

တုံ့ပြန်လွယ်တဲ့ကိုယ်ခံအားစနစ်ပိုင်ရှင်ကလေးငယ်တွေမှာ နှင်းခူဖြစ်လွယ်ပါတယ်။ ကလေးအရေပြားမှာခြောက်သွေ့ယားယံပြီး အနီရောင် အဖုအပိမ့်ထွက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

အင်ပျဉ် (Hives)

အရေပြားယားယံမှုကနေစဖြစ်တာပါ။aspirin နဲ့penicillin လိုမျိုးဆေးတွေက အင်ပျဉ်တွေကိုသက်သာစေနိုင်ပါတယ်။ အစားအသောက်တွေကြောင့်လည်း အရေပြားမှာ အင်ပျဉ်တွေဖြစ်နိုင်ပါတယ်။ အရေပြားမှာအစင်းရာတွေထင်တာက အင်ပျဉ်ရဲ့ အစပျိုးလက္ခဏာပါ။ အင်ပျဉ်ကပြင်းထန်တဲ့ရောဂါတွေရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ အသက်ရှုရခက်တာ၊ မျက်နှာမှာရောင်ရမ်းတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဝဲ

ဝဲက Sarcoptes scabiei ပိုးကြောင့်ဖြစ်ရတဲ့ အရေပြားပြဿနာ တစ်ခုပါ။ မကုသဘဲ ထားမယ်ဆိုရင် အဆိုပါ ပိုးမွှားတွေက အရေပြားပေါ်မှာ လအတော်ကြာရှင်သန်နေနိုင်ပါတယ်။ အရေပြားပေါ်မှာ ယားယံမှုတွေဖြစ်စေပြီး အနီရောင်အဖုအပိမ့်တွေ ဖြစ်စေတာ ဖြစ်ပါတယ်။

အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မှု ကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ ပိုးကူးခံထားရတဲ့ အဝတ်တွေ၊ အိပ်ရာခင်းတွေနဲ့ ထိတွေ့မိ တာကြောင့်လည်း ဝဲကူးစက်နိုင်ပါတယ်။ ညစ်ပေတဲ့အရာတွေနဲ့ ဆော့မိတာကြောင့်လည်း အရေပြားမှာ ဝဲဖြစ်နိုင်ပါတယ်။

သေးခံလောင်ခြင်း (Diaper Rash)

သေးခံလောင်တာကလည်း ကလေး တော်တော်များများ ဖြစ်တတ်တဲ့ အရေပြားပြဿနာ တစ်ခုပါ။ သေးခံလောင်တာကို တစ်ခါတလေမှာ အရေပြားမှာ မှိုပိုးကူးစက်တာကြောင့် ဖြစ်တဲ့ အရေပြားပြဿနာလို့ မှားယွင်းယူဆတာမျိုးလည်း ရှိပါတယ်။

သေးခံဝတ်ထားတဲ့နေရာမှာ အရေပြား ရောင်ရမ်းနေတာမျိုး တွေ့ရနိုင်ပါတယ်။ ကလေးကို ညစ်ပေနေတဲ့ သေးခံ အကြာကြီး ဝတ်ထားပေးမိတာကြောင့် သေးခံလောင်တာ ဖြစ်ရတာပါ။

ဘယ်လို ကာကွယ်ပေးမလဲ

အရေပြားမှာ ဖြစ်နိုင်တဲ့ ရောဂါတွေ များပေမယ့် အရေပြားကို ထိန်းသိမ်းပေးတဲ့ နည်းလမ်းကတော့ သိပ်အများကြီး မရှိပါဘူး။

  • အရေပြားကို ဆပ်ပြာပျော့ပျော့လေးနဲ့ သန့်စင်ပါ
  • ခြောက်သွေ့ သန့်စင်အောင် ထားပါ
  • အစိုဓာတ် ထိန်းပေးပါ
  • လေဝင်လေထွက် ကောင်းအောင် ဂရုစိုက်ပါ
  • အသားအရေကို ထိန်းသိမ်းပေးမယ့် အဆီ တစ်မျိုးမျိုး ဒါမှမဟုတ် လိုးရှင်း လိမ်းပေးလို့ ရပါတယ်
  • မှိုပိုးနဲ့ ဘက်တီးရီးယားတွေကြောင့် ထိခိုက်နာမျိုး ဖြစ်မယ်ဆိုရင် antibiotics တစ်ခုခု လိမ်းပေးပါ
  • အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝမျှတအောင် ကျွေးပေးပါ။

အခုလောက်ဆို သားသားမီးမီးတွေ အရေပြားမှာ တစ်ခုခု ထူးခြားနေတာမျိုး ဖြစ်ရင် ဖေဖေမေမေတို့ အနေနဲ့ ဘာဖြစ်နေတာလဲ ဆိုတာကို ဆုံးဖြတ်ဖို့ လွယ်သွားလောက်မယ် ထင်ပါတယ်။ ကလေးများ အားလုံး အနာရောဂါ ကင်းကြပါစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement