အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ ….. Inhibited Sexual Desire (ISD) ဆိုတာ လိင်စိတ်ဆန္ဒကို အောက်ဆုံးအခြေအနေထိ လျော့နည်းသွားစေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ Low Libido – လိင်စိတ်ဆန္ဒလျော့နည်းလာခြင်းနဲ့ Asexual Orientation – မွေးကတည်းက လိင်မှုကိစ္စကို စိတ်မပါဝင်စားခြင်း၊ လိင်စိတ်တိမ်းညွတ်မှုမရှိခြင်းနဲ့ လက္ခဏာချင်းဆင်တူပေမယ့် အနည်းငယ်ကွဲပြားမှုတွေတော့ ရှိနိုင်ပါတယ်။
အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ
အရင်တုန်းကလောက် ချစ်တင်းနှောဖို့ စိတ်မပါတော့တာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
အခြေအနေနဲ့ ဝေဒနာရှင်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။
- ကိုယ့်အိမ်ထောင်ဖက်အပေါ်မှာတော့ လိင်စိတ်မဖြစ်ပေါ်ဘဲ တခြားသူတွေနဲ့သာ လိင်ဆက်ဆံလိုစိတ် ပြင်းပြတာ
- ဘယ်သူ့အပေါ်ကိုမှ လိင်စိတ်ဆန္ဒ ဖြစ်ပေါ်ခြင်းမရှိတာ
- အိမ်ထောင်ကျကာစမှာ မကြာခဏချစ်တင်းနှောတတ်ပြီး နောက်ပိုင်းမှာ အသားတောင်အထိမခံချင်တော့အထိ ဖြစ်တာ
- အိမ်ထောင်ဖက်နှစ်ဦးမှာ တစ်ဦးက လိင်မှုကိစ္စဘက်ကို အလွန်အမင်းအားသန်ပြီး ကျန်တဲ့တစ်ယောက်က ချစ်သူလိုအင်ကို နည်းနည်းမှ ဖြည့်ပေးဖို့ စိတ်မပါဝင်စားတာ အစရှိသဖြင့် ပုံစံအမျိုးမျိုး ရှိနိုင်ပါတယ်။
ဘယ်လိုအချိန်တွေမှာ လိင်ဆက်ဆံချင်စိတ် နည်းသွားနိုင်လဲ။
လိင်ဆက်ဆံချင်စိတ်ကို နည်းသွားစေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။
လင်မယား၊ ချစ်သူတွေကြားမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ကုသမှုမခံယူဘူးဆိုရင်တော့ အချစ်ရေးနဲ့ လူမှုရေးကိစ္စတွေမှာ မလိုလားအပ်တဲ့ ပြဿနာတွေက အမြဲလိုလို ဖြစ်နေမှာပါ။ တစ်ခါတလေမှာ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်မှုတွေ၊ စိတ်နဲ့ခန္ဓာ ပြဿနာတွေဖြစ်တဲ့
ISD ကို ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ တစ်ခုတည်းကြောင့် မဟုတ်ဘဲ အကြောင်းရင်းတွေ အများကြီး စုပုံလာတဲ့အခါ ဝေဒနာရှင်အတွက် လိင်ပိုင်းဆိုင်ရာ အဟန့်အတားများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်မှာ ဒီလိုပြဿနာရှိနေပြီလို့ သံသယရှိတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
၁။ အရင်ဆုံး ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ရှိ၊ မရှိကို သွေးစစ်ကြည့်မှာပါ။
၂။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကိုယ်ထဲမှာရှိတဲ့ ကျားဟော်မုန်း (လိင်စိတ်ဆန္ဒကို အဓိကဖြစ်စေတဲ့ ဟော်မုန်း) ပမာဏကို စစ်ဆေးမှာဖြစ်ပါတယ်။
၃။ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ပန်းသေပန်းညှိုး၊ လိင်တံမထောင်မတ်နိုင်ခြင်း၊ လိင်ဆက်ဆံစဉ်နာကျင်ခြင်း၊ မိန်းမကိုယ် ကျဉ်းမြောင်းနေခြင်း ရှိ၊ မရှိကို ဆရာဝန်အနေနဲ့ မေးမြန်းစစ်ဆေးသွားမှာပါ။
၄။ ရောဂါဖြစ်စေတဲ့ တရားခံအကြောင်းရင်းပေါ်မူတည်ပြီး ကျန်းမာရေးကုသမှုခံယူသင့်လား၊ လိင်အကြံပေးပညာရှင် သို့မဟုတ် စိတ်ရောဂါကုထုံးပညာရှင်နဲ့ ဆွေးနွေးဖို့ လိုအပ်လားဆိုတာကို အကြံပေးသွားမှာဖြစ်ပါတယ်။
၅။ အဓိက စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ လူနာရှင်၊ သူ့ရဲ့အိမ်ထောင်ဖက်နဲ့ တစ်ဦးချင်းစီ ဆွေးနွေးတိုင်ပင်ပြီး ဖြစ်နေတဲ့ ပြဿနာအကြောင်းနဲ့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ စိတ်ကုထုံးကို စတင်မှာဖြစ်ပါတယ်။ အဓိက စိတ်ကြောင့်ဖြစ်တာဆိုရင် စိတ်ကုထုံးနဲ့ ကုသမှုပေးမှာပါ။
၆။ ဟော်မုန်းနည်းတဲ့ ပြဿနာဆိုရင်တော့ အမျိုးသမီးတွေဆိုရင် ကျားဟော်မုန်း၊ မဟော်မုန်း ၂မျိုးလုံးကို လိုအပ်သလောက် အစားထိုးထည့်သွင်းပေးမှာဖြစ်ပြီး အမျိုးသားဆိုရင်တော့ ကျားဟော်မုန်းအစားထိုးကုသမှုခံယူဖို့ လိုအပ်ပါတယ်။
၇။ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံဖြစ်စေဖို့ တစ်နေ့တာ ဘာတွေလုပ်သင့်လဲ၊ ဘယ်လိုပြုမူပြောဆိုနေထိုင်သင့်လဲ၊ လိင်စိတ်ဆန္ဒမြှင့်တင်ပေးဖို့ စားပေးသင့်တဲ့ အစားအစာတွေ၊ စိတ်ရော ခန္ဓာပါ ကျန်းမာစေမယ့် ဆောင်ရန် ရှောင်ရန်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
အချိန်သေချာ ပေးပြီးတော့ ကုသမှုခံယူဖို့လိုပါတယ်။ ဒါပေမယ့် လုံးဝမပျောက်နိုင်တာတော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ပြဿနာကြောင့် အိမ်ထောင်ရေးမှာရော၊ ကိုယ်ချစ်ရတဲ့သူကိုပါ ကိုယ့်ဘဝထဲက ထွက်ခွာမသွားစေဖို့ စောစောသိလေ ကုသမှုအမြန်ဆုံး ခံယူတာတော့ အကောင်းဆုံးပဲ ဖြစ်မှာပါ