backup og meta

ကွန်ဒုံးတွေ မှာ အရသာပါနေတာ ဘာကြောင့်လဲ။

ငယ်ငယ်က စဉ်းစားဖူးတာရှိတယ်။ ကွန်ဒုံးတွေ က လိင်ဆက်ဆံရုံပဲ မဟုတ်လား။ ပြီးရင်လည်း လွှင့်ပစ်မှာပဲဟာကို။ ဘာကိစ္စ အရသာတွေနဲ့ ထုတ်နေရတာလဲလို့ပေါ့။ နောက်ပိုင်း ကွန်ဒုံးကြောငြာတွေကြည့်၊ စာတွေဖတ်ကြည့်တဲ့အခါကျမှ ‘အော် ဒါကြောင့်ကိုး’ လို့ သိသွားတာပါ။ စားလို့မရတဲ့ ကွန်ဒုံးတွေကို ဘာကြောင့် အရသာတွေ ထည့်ထားရတာလဲဆိုတာ အတူတူလေ့လာကြည့်ရအောင်။

အရသာပါဝင်တဲ့ ကွန်ဒုံးတွေ

ကွန်ဒုံးကို လက်ရှိအချိန်မှာ အရသာ မျိုးစုံနဲ့ ထုတ်ထားတာများ မသိရင် ကွန်ဒုံးတန်းက ပီကေတန်းနဲ့ မှားစရာပါ။ သစ်သီးအရသာတွေ ဖြစ်တဲ့ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီးကစလို့ ဗနီလာ၊ hot coffee၊ ချောကလက် စသဖြင့် အစားစား ထုတ်လာကြပါတယ်။ (ဘယ်တော့များ မာလာရှမ်းကောတို့၊ ပီဇာတို့ ထုတ်မလဲတို့ စောင့်ကြည့်ရအောင်)

စျေးကွက်လိုအပ်ချက်အရ ကာစတန်မာတွေနဲ့ တောင်းဆိုချက်နဲ့အညီ အပြိုင်အဆိုင် ထုတ်လုပ်လာကြတာကလည်း စိတ်ဝင်စားစရာပါပဲ။

ကွန်ဒုံးတွေမှာ အရသာ ပါဝင်တဲ့ အကြောင်းရင်း

  • စိတ်လှုပ်ရှားစရာကောင်းတဲ့ ဆက်ဆံမှုမျိုး ရစေလို့

အနံ့တွေ၊ အရသာတွေက လူရဲ့ စိတ်ကို နိုးကြွစေပါတယ်။ အထူးသဖြင့် ကိုယ်နှစ်သက်တဲ့ အနံ့လေးတွေ၊ အရသာလေးတွေ ရလိုက်ရင် စိတ်ဝင်စားမှု ပိုကောင်းလာပါတယ်။ ဒီအချက်ကို သုံးပြီး အရသာတွေ ထည့်ထားတာပါ။ သာမန်အတိုင်း နေလိုက်တာထက်စာရင် ပိုပြီး အထူးအဆန်းလေး ဖြစ်သွားတဲ့အခါကျတော့ စိတ်လှုပ်ရှားစရာ ဆက်ဆံမှု တစ်ခု ဖြစ်သွားပါတယ်။

  • အနံ့အရသာ ပိုကောင်းချင်လို့

ကွန်ဒုံးကိုတော့ ဘယ်သူမှ မစားဘူးလေနော်။ ဒါပေမယ့် ပါးစပ်နဲ့ ဆက်ဆံတဲ့ အတွဲတွေကျတော့ ဒီlatex ရော်ဘာနံ့ကြီးက ဖီးလ်အောက်စေပါတယ်။ ဒါ့အပြင် တချို့ အမျိုးသားတွေက သုက်နံ့ပြင်းတတ်ပါတယ်။ ဒါက အတူနေတဲ့အခါ အနှောင့်အယှက်ဖြစ်စေပါတယ်။ အနံ့အရသာ ပါတဲ့အခါကျတော့ ဒီလိုကိစ္စတွေကို သတိမပြုမိတော့ဘဲ ပိုပြီး အဆင်ပြေပြေ နေနိုင်ပါတယ်။

  • ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ ရောဂါကူးနှုန်းကို လျှော့ချနိုင်စေဖို့

အကာအကွယ်မပါဘဲ ပါးစပ်နဲ့ ဆက်ဆံတာကလည်း လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ကွန်ဒုံးလေးခံပြီး ဆက်ဆံတာက ဒါကို လျှော့ချပေးနိုင်ပါတယ်။ ဒီထက်ပိုပြီး စိတ်ချချင်ရင်တော့ အမျိုးသမီးကပါ dental damဆိုတာကို သုံးပေးနိုင်ပါတယ်။

အရသာပါတဲ့ ကွန်ဒုံးတွေ သုံးရင် သတိထားသင့်တဲ့ အချက်

အရသာပါတဲ့ ကွန်ဒုံးတော်တော်များများက latexနဲ့ လုပ်ထားတာ များပါတယ်။ ဒါကြောင့် latexနဲ့ ဓာတ်မတည့်သူတွေက မဝယ်ခင်မှာ ဘာနဲ့ လုပ်ထားလဲဆိုတာကို သေချာစစ်ဖို့ လိုပါတယ်။

နောက်တစ်ချက်က အရသာပါတဲ့ ကွန်ဒုံးတွေက ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ သုံးဖို့ ထုတ်ထားတာ ဖြစ်ပါတယ်။

ကွန်ဒုံးမှာ “မိန်းမကိုယ်နဲ့ စအိုမှာပါ အသုံးပြုနိုင်သည်’ လို့ မပါရင် ပါးစပ်နဲ့ ဆက်ဆံဖို့ အတွက်ပဲ သုံးပါ။ တခြားနေရာအတွက်ဆို အနံ့အရသာမပါတာ ပြောင်းသုံးပါ။ အနံ့အရသာပါဖို့ဆိုရင် သကြားဓာတ် ထည့်သွင်းရပါတယ်။ ဒီသကြားဓာတ်က ရေရှည်မှာ မိန်းမကိုယ်မှိုစွဲတာကို ဖြစ်စေနိုင်လို့ပါ။

ဒီလောက်ဆိုရင် စားလို့မရတဲ့ ကွန်ဒုံးမှာ ဘာကြောင့် အနံ့အရသာတွေ ပါနေရလဲဆိုတာ သိလောက်ပါပြီ။ ကွန်ဒုံးရဲ့ အနံ့အရသာက အဖော်စိတ်ကျေနပ်ဖို့ ဖြစ်တဲ့အတွက် သူနှစ်သက်တာကို ဦးစားပေးဝယ်ဖို့ လိုပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://manmatters.com/blog/why-condoms-are-flavoured/

https://timesofindia.indiatimes.com/life-style/health-fitness/health-news/what-exactly-is-the-purpose-of-flavoured-condom-we-tell-you/photostory/74335533.cms?picid=74335534

https://www.healthshots.com/intimate-health/sexual-health/everything-you-need-to-know-about-using-flavoured-condoms-for-intercourse/

ယခုပုံစံ

01/03/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် …

ကွန်ဒုံးလည်းသုံးမယ်၊ စိတ်ကျေနပ်မှုကိုလည်း တစ်ပြားမှမလျှော့နိုင်ပါဘူး ဆိုတဲ့ အမျိုးသားတွေအတွက်


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 01/03/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement