သင့်ကလေးရှိနေတဲ့ သားအိမ်ရယ်၊ ရေမြွှာရေရယ်၊ ရေမြွှာအိတ်တွေရယ်က သင့်ကလေးကို အကောင်းဆုံး ကာကွယ်ပေးထားတာဖြစ်လို့ အတူနေမိတာလောက်နဲ့တော့ ကလေးကို မထိခိုက်စေပါဘူး။
Q -ကိုယ်ဝန်က လိင်ကိစ္စစိတ်ဝင်စားမှု အပေါ် သက်ရောက်မှုရှိလား။ ။
ဒါကတော့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီနိုင်ပါဘူး။ လေ့လာချက်တွေအရ ကိုယ်ဝန် ဒုတိယ ၃လ မှာ အမျိုးသမီးတစ်ယောက်ရဲ့ လိင်ကိစ္စစိတ်ဝင်စားမှု မြင့်နေတတ်တယ်လို့ ဆိုပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ဝန်သက် ဒုတိယ ၃လမှာ အတူနေဖို့ ကိစ္စကို စိတ်ဝင်စားမှု မြင့်တက်နေရခြင်းဖြစ်ပါတယ်။
ကိုယ်ဝန်သက် ပထမ ၃ လမှာတော့ ကိုယ်ဝန်ကြောင့်ရတဲ့ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ သက်တောင့်သက်တာ မရှိမှုတို့ကြောင့် လိင်ကိစ္စမှာ စိတ်ဝင်စားမှုနည်းနေတတ်ပါတယ်။
ကိုယ့်ဝန်သက် တတိယ ၃ လ မီးဖွားခါနီးမှာ ကြီးလာတဲ့ ဗိုက်ကြောင့် သက်တောင့်သက်တာ မရှိတဲ့အပြင် ခါးတွေလည်း ကိုက်တတ်တာကြော့င် လိင်ကိစ္စကို စိတ်မဝင်စားနိုင်ကြတော့ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။