backup og meta

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား ….. လိင်ဆက်ဆံနေချိန်မှာတော့ ဘာကိုမှ မတွေးဘဲ ဖြစ်ချင်သလို ဖြစ်လိုက်ပေမယ့် ဆန္ဒပြီးမြောက်သွားချိန်မှာ ပုံမှန်အသိစိတ်ဝင်လာပြီး သန့်ရှင်းရေးလုပ်ဖို့ကို အရမ်းတာဆူတတ်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ အသန့် အရမ်းကြိုက်တဲ့သူတွေပေါ့။

တကယ်တော့ ဆက်ဆံပြီးတဲ့အချိန်လေးမှာ အလျင်အမြန်ထပြီး သန့်ရှင်းရေးလုပ်တာမျိုးထက် အိပ်ရာလေးမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ပွန်းတသီးနေတာ၊ အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုံ့တာမျိုး လုပ်ပေးနိုင်ရင် နှစ်ဦးကြား သံယောဇဉ် ပိုတိုးစေနိုင်တယ်နော်။

ဒီတော့ ဘယ်လိုအခြေအနေမှာ သန့်ရှင်းရေးအမြန်လုပ်သင့်လဲ၊ ဘာတွေကို ဦးစားပေးမလဲ၊ လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုသင့်၊ မလိုသင့်နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား ဒါလေးကို အရင်ဖတ်ကြည့်လိုက်နော်။

၁။ မိန်းမကိုယ်ကို အမြန်သန့်ရှင်းရေးလုပ်ဖို့ မလိုပါဘူး။

ဥပမာ အမျိုးသားက အထဲမှာ သုက်ရည်လွှတ်လိုက်တယ်ဆိုပါတော့၊ ကိုယ်ဝန်ရသွားမှာ၊ ရောဂါပိုးကူးသွားမှာ အစရှိတဲ့အကြောင်းပြချက်တွေနဲ့ ရေချိုးခန်းကို အလျင်အမြန်သွားပြီး ဆေးကြောတတ်ကြပါတယ်။ တကယ်တော့ အထဲမှာသုက်လွှတ်ပြီးသွားဆိုရင် အမြန်ပြေးပြီး သန့်ရှင်းရေးလုပ်လို့လည်း ဘာမှမထူးတော့ပါဘူး။

စိတ်ကလောကြီးနေတာနဲ့ အထဲထိ လက်နဲ့နှိုက်ချွတ်ဆေးကြောနေရင် ပွန်းပဲ့ထိခိုက်မိပြီး ပိုးဝင်တာ၊ သုက်ပိုးက အထဲကိုဝင်ဖို့ ပိုလွယ်သွားနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေးလုပ်ဖို့ မလောပါနဲ့။ မိန်းမကိုယ်ကိုလည်း ဆပ်ပြာတွေ၊ စပရေးတွေနဲ့ သန့်စင်တာမျိုး မလုပ်ပါနဲ့။

၂။ ဆီးအမြန်သွားစရာလည်း မလိုပါဘူး။

ရေချိုးရမှာကို အချိန်ကုန်လို့၊ အလုပ်ရှုပ်တယ်လို့ ထင်ကြတဲ့သူတွေအတွက် နောက်ထပ်သန့်ရှင်းရေးလုပ်လို့ရမယ့် နည်းလမ်းက ဆီးသွားတာပဲလို့ ထင်တတ်ကြပါတယ်။ ဆီးနဲ့အတူ မိန်းမကိုယ်ထဲမှာရှိနေတဲ့ အညစ်အကြေးတွေ အပြင်ထွက်သွားကောင်း ထွက်သွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ပေါ့။ တကယ်တော့ ဒီလိုလုပ်လို့ ထိရောက်သွားတဲ့ အကျိုးရလဒ်မျိုး မရှိနိုင်ပါဘူး။

ဆီးသွားမယ်ဆိုရင်လည်း အိပ်ရာပေါ်မှာ ချစ်တဲ့သူနဲ့အတူ နေပြီးမှ ထသွားပါ။ ချက်ချင်းထသွားတာမျိုးတော့ မလုပ်ပါနဲ့။ ဆက်ဆံအပြီး နာရီဝက်အတွင်း ဆီးသွားတယ်ဆိုရင်တော့ သင့်ရဲ့ ဆီးလမ်းကြောင်းမှာ ဘာပြဿနာမှ မရှိနိုင်ပါဘူး။

၃။ စအိုဖြင့် လိင်ဆက်ဆံတာကတော့ ချွင်းချက်ပါ။

မိန်းမကိုယ်နဲ့ မဟုတ်ဘဲ စအိုဖြင့် ထိုးသွင်းဆက်ဆံတာဆိုရင်တော့ အမျိုးသားရော၊ အမျိုးသမီးပါ အမြန်သန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။ မိန်းမကိုယ်ထက် ပိုနူးညံ့ပြီး ကျပ်လွန်းတဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့်ရော၊ အညစ်အကြေးပေါင်းစုံ ထွက်လာတဲ့နေရာဖြစ်တာမို့ လိင်ဆက်ဆံပြီးတာနဲ့ အမျိုးသားဆိုရင် လိင်တံပတ်ပတ်လည်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့လိုပါတယ်။

ဆက်ဆံခံရသူမှာလည်း သွေးတွေ၊ အညစ်အကြေးတွေ ပေကျံနေနိုင်တာမို့ ရေတစ်ခေါက် အမြန်ချိုးလိုက်တာတော့ အကောင်းဆုံးပါပဲ။ စအိုပတ်လည် ယားယံတာ၊ နာကျင်ကိုက်ခဲတာ သက်သာစေဖို့ ရေနွေးနဲ့ချိုးပေးပါ။

၄။ လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့အရုပ်တွေကို သန့်ရှင်းဖို့ မမေ့ပါနဲ့။

ကိုယ့်ရဲ့ လိင်စိတ်က ဆက်ဆံနေစဉ် ဒီလိုအရုပ်မျိုးတွေ အသုံးပြုတာ၊ နှိုးဆွရတာကြိုက်တယ်ဆိုရင် သန့်ရှင်းရေးလုပ်တဲ့အချိန် ဒီအရုပ်တွေကိုပါ ဆေးကြောပေးဖို့ လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ကိုယ်တွင်းကထွက်တဲ့အရည်တွေက အရုပ်မှာပေသွားပြီး ကြာလာရင် ဘက်တီးရီးယားပိုးတွေ ပွားဖို့ ပိုလွယ်နိုင်တာကြောင့်ပါ။ ဒါကြောင့် ထိုးသွင်းဆက်ဆံရာမှာ အသုံးပြုတဲ့အရုပ်မှန်သမျှ ဆပ်ပြာနဲ့ ရေနွေးဖြင့် သေချာဆေးကြောသင့်ပါတယ်။

သန့်ရှင်းရလွယ်ကူအောင် ဒါတွေကို ကြိုပြင်ဆင်ထားပါ။

၁။ အိပ်ရာပေါ်မှာ မျက်နှာသုတ်ပဝါအကြီးတစ်ထည် ဖြန့်ထားပါ။

၂။ အညစ်အကြေးနဲ့ အနံ့အသက်တွေကို ထပြီးဆေးကြောဖို့မလိုအောင် Wet Tissue ဆောင်ထားပါ။

၃။ ရေတစ်ခွက်ကို အနားမှာဆောင်ထားပါ။ လိင်ဆက်ဆံခြင်းမပြုခင်နဲ့ ပြီးသွားတဲ့အချိန်မှာ သောက်ပေးပါ။ မလိုအပ်ဘဲနဲ့ အများကြီးမသောက်ပါနဲ့။

၄။ ကိုယ်နံ့၊ ချွေးနံ့တွေ ရှိတယ်လို့ ခံစားရရင် ချိုင်းလိမ်းဆီ၊ သို့မဟုတ် ကိုယ်ဖျန်းစပရေး ဆောင်ထားပါ။

၅။ လိင်အင်္ဂါကို ရေမွှေးဆွတ်တာတော့ မလုပ်ပါနဲ့။

၆။ လိင်ဆက်ဆံခြင်းမပြုခင် ရေချိုးထားပါ။ လိင်အင်္ဂါတွေကို သေချာရေနဲ့ ပြောင်စင်အောင် ဆေးကြောထားပါ။

၇။ ခံတွင်းအနံ့ကြောင့် စိတ်မလုံသလိုဖြစ်နေရင် ခံတွင်းသန့်စင်ဆေးရည်သုံးပါ။ သွားမတိုက်ပါနဲ့။

သန့်ရှင်းရေးလုပ်တယ်ဆိုတာလည်း အခြေအနေပေါ်မှာ မူတည်ပါတယ်။ ပေကျံတာမျိုးမရှိဖို့ ကြိုတင်ကာကွယ်ထားမယ်ဆိုရင် ဆန္ဒပြီးမြောက်သွားရင်တောင် သန့်ရှင်းရေးအမြန် ပြေးလုပ်စရာမလိုဘဲ ကိုယ်ချစ်တဲ့သူနဲ့ ကြင်ကြင်နာနာ စကားပြောရင်း နွေးနွေးထွေးထွေးနေလို့ ရတာပေါ့။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/healthy-sex/clean-up-after-sex (July 9, 2019)

 

ယခုပုံစံ

29/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားတွေ အချိန်မတန်ခင်သုက်လွှတ်ခြင်း ကို ဘာကြောင့်ခံစားရတာလဲ

စုံတွဲတွေအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ဘယ်နှစ်ကြိမ် ပြုလုပ်သင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement